သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးဖြစ်ဖို့ အရေးကြီးဆုံးအချက်များ

သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးဖြစ်ဖို့ အရေးကြီးဆုံးအချက်များ google.com

အိမ်ထောင်သည်ဘဝရောက်သွားတဲ့အချိန်ထိ ချစ်သူတွေတုန်းကလို အချစ်တွေ အချိန်နဲ့အမျှတိုးပွားလာစေဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။

 ချစ်စကားဆိုတာက ဘယ်တော့မှ ရိုးအီမသွားနိုင်တဲ့ အားတိုးဆေးလေးပါ။

 

မင်္ဂလာလက်ထပ်ပွဲလေး ပြီးစီးလို့ နှစ်ယောက်တစ်အိပ်မက် ဖြစ်သွားတဲ့ အိမ်ထောင်သည်ဘဝရောက်သွားတဲ့အချိန်ထိ ချစ်သူတွေတုန်းကလို အချစ်တွေ အချိန်နဲ့အမျှတိုးပွားလာစေဖို့ အရေးကြီးဆုံးအချက်တွေကို ပြောပြပေးပါမယ်။ ချစ်သူဘဝတုန်းက လုပ်ခဲ့ဖူးတာတွေချည်းဆိုပေမယ့် အိမ်ထောင်ရေးအတွက်ကျ အရေးမကြီးဘူးထင်ပြီး မေ့လျော့နေတာလေးကို ပြန်အမှတ်ရအောင်လို့ပါ။

 

 

သူသာ အရေးအကြီးဆုံးဆိုတာ မမေ့ပါနဲ့

 

ချစ်သူတုန်းကထက် လက်ထပ်ပြီးတဲ့အချိန်မှာ အလုပ်တွေပိုတိုးလုပ်လာရပါတယ်။ ခါတိုင်းလို လူလွတ်မဟုတ်တော့တဲ့အချိန်မှာ အိမ်ထောင်မှုအလုပ်တွေက ပိုတိုးလာတာတော့ အမှန်ပါ။ အပြင်အလုပ်တွေဖြစ်တဲ့ ဝင်ငွေတိုးအောင်လည်း ပိုကြိုးစားလာရပါတယ်။ ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး အချိန်ပေးမှုက ပိုနည်းလာတတ်ပါတယ်။ သူ့ကို ပိုအချိန်ပေးဖို့ထက် သူ့ဖို့ဆိုတဲ့စိတ်နဲ့ ပိုတိုးအချိန်ပေးနေတာတွေ များနေတတ်ပါတယ်။ ဘယ်အရာက ပိုအရေးကြီးတယ်။ ပိုဦးစားပေးသင့်တယ်ဆိုတာကို မမေ့ပါနဲ့နော်။

 

 

ချစ်စကားလေးတွေ ပြောပေးပါ

 

ချစ်စကားဆိုတာက ဘယ်တော့မှ ရိုးအီမသွားနိုင်တဲ့ အားတိုးဆေးလေးပါ။ ချစ်သူတွေတုန်းကဆို ချစ်စကားလေးတွေက ဘယ်လောက်ပြောပြော ပြောလို့မဝတဲ့အရာတွေဆိုပေမယ့် လက်ထပ်ပြီးတဲ့အချိန်မှာတော့ ချစ်စကားဆိုတာထက် မီတာခ၊ အိမ်စရိတ်၊ အသုံးစရိတ်ဆိုတာတွေကိုပဲ ပိုအရေးပေး ပြောနေမိတတ်ပါတယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးအတွက် ချစ်သူဘဝတုန်းက စခဲ့တဲ့ကြည်နူးခြင်းတွေ ဆက်လက်ရှင်သန်နေနိုင်ဖို့ဆိုတာက ချစ်စကားလေးတွေကို မမေ့မလျော့ပြောပေးနေရုံနဲ့ လုံလောက်ပါတယ်။

 

 

အများကြီး မျှော်လင့်တာမျိုးထက် ရှိတဲ့အရာလေးတွေကိုပဲ ကျေနပ်ပါ

 

ရလေ လိုလေ အိုတစ္ဆေဆိုတဲ့စကားလေးအတိုင်းပါပဲ လူတွေရဲ့လောဘဆိုတာ အဆုံးမရှိဖြစ်နေတတ်တာကို လက်ခံပါနော်။ ကိုယ်က အများကြီးမျှော်လင့်ထားမိတယ်ဆိုရင် ပိုင်ဆိုင်ထားတဲ့အရာတွေကိုတောင် မမြင်နိုင်အောင် တန်ဖိုးမထားမိဘဲ ဖြစ်သွားတတ်ပါတယ်။ နည်းနည်းပဲ မျှော်လင့်ပါ။ အများကြီး ရရှိတယ်လို့ ခံစားလာရပါလိမ့်မယ်။ ချစ်သူတွေတုန်းကလို သူကိုယ့်ကို အာ့လောက် မချစ်တော့ဘူး အချစ်လျော့သွားတယ်လို့ မတွေးလိုက်ပါနဲ့။ တခြားအရာတွေကို ကြိုးစားနေရတဲ့အတွက်ဆိုပြီး နားလည်ပေးလိုက်ပါ။

 

ချစ်သူတွေ ဘဝကနေ လက်ထပ်ပွဲပြီးလို့ အိမ်ထောင်ဖက်ဖြစ်သွားရင်လည်း ချစ်သူတွေတုန်းကလို ဆက်လက် ကြည်နူးနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Tuesday, 11 December 2018 15:36
Rate this item
(1 Vote)