မင်္ဂလာပွဲနေ့တွင် လုပ်ဆောင်ရမည့်အချက်များ

မင်္ဂလာပွဲနေ့တွင် လုပ်ဆောင်ရမည့်အချက်များ google.com

ပျော်ရွှင်စရာမင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ဆိုတာ အစောကြီးထဲကပြင်ဆင်ထားသင့်ပါတယ်။

အဲ့လိုပြင်ဆင်ရာမှာလည်းစီစဉ်စရာတွေက အရမ်းကိုများနေတော့ မေ့တာတွေ၊ မှားတာတွေ မဖြစ်ရလေအောင် ကြိုတင်လုပ်ဆောင်ရမယ့်အချက်တွေကို ပြောပြပေးပါမယ်နော်။

 

မင်္ဂလာပွဲနေ့တွင် ဝိုင်းကူညီမည့်လူများကိုရှာထားရန်

မင်္ဂလာပွဲနေ့မှာ လက်ဖွဲ့စာရင်းပြုစုဖို့အတွက် ရင်းနှီးတဲ့ဆွေမျိုး (သို့) မိတ်ဆွေ၊ မိန်းကလေးများသာမက ယောက်ျားလေးကူညီနိုင်မယ့်သူကိုလည်း ရှာထားဖို့လိုအပ်ပါတယ်။ တချို့မင်္ဂလာလက်ဖွဲ့များတဲ့အခါမှာ မိန်းကလေးများက မ,မနိုင်ဘဲ ဖြစ်တတ်တာကြောင့် ယောက်ျားလေးကူညီမည့်သူများကိုလည်း ရှာထားသင့်ပါတယ်။

 

မင်္ဂလာလက်ဖွဲ့ပစ္စည်းထားရန်နေရာကို ကြိုတင်ပြောထားရန်

မင်္ဂလာပွဲအပြီး လက်ဖွဲ့ပစ္စည်းများထားဖို့အတွက်နေရာကို ကူညီမယ့်သူများကို ကြိုတင်ပြီးတော့ ပြောထားသင့်ပါတယ်။

 

မင်္ဂလာပွဲနေ့တွင်ယူသွားမယ့်ပစ္စည်းစာရင်းပြုစုထားရန်

မင်္ဂလာပွဲနေ့ရောက်တဲ့အခါ စိတ်လှုပ်ရှားမှုများဖြစ်တတ်တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ညကတည်းက မင်္ဂလာပွဲနေ့မှာ ဝတ်ဆင်မယ့် မင်္ဂလာဝတ်စုံများကို တစ်စုတစ်စည်းတည်း စုစည်းထားသင့်ပါတယ်။

 

ဧည့်သည်တော်များအားသင့်တော်မယ့်နေရာချထားပေးရန်

ဂုဏ်သရေရှိလူကြီးမင်းများအား အထူးစီစဉ်ထားသော စားပွဲဝိုင်းတွင် နေရာချထားပေးရန်နှင့် အသက်ကြီးသောဧည့်သည်များကိုလည်း ဖျော်ဖြေရေးအနီးတွင် နေရာမချထားရန်တို့ဖြစ်ပါတယ်။

 

မင်္ဂလာမောင်နှံဧည့်ပရိသတ်များအားနှုတ်ဆက်ရန်

ကြွရောက်ချီးမြှင့်ပေးကြသည့် ဧည့်သည်တော်များအား မင်္ဂလာမောင်နှံမှ တစ်ဝိုင်းချင်းစီကိုသွားရောက်ပြီးတော့ နှုတ်ဆက်ရန်နှင့် မင်္ဂလာပွဲပြီးခါနီးအချိန် ဂိတ်ဝမှာလည်း နှုတ်ဆက်စကားပြောသင့်ပါတယ်နော်။

 

ညစာစားပွဲတွင်သူငယ်ချင်းများနဲ့အရက်အရမ်းမသောက်ရန်

မင်္ဂလာပွဲနေ့အကြောင်းအမှတ်ရနေစေဖို့အတွက် ညစာစားပွဲမှာ မိတ်ဆွေအပေါင်းအဖော်များနှင့် အရက်အရမ်းမသောက်သင့်ပါဘူးနော်။

 

Myanmar Wedding Guide

Read times Last modified on Friday, 29 March 2019 17:24
Rate this item
(1 Vote)