မင်္ဂလာပွဲအတွက် ငွေတွေ အပိုမကုန်အောင် စီစဉ်နိုင်ဖို့

မင်္ဂလာပွဲအတွက် ငွေတွေ အပိုမကုန်အောင် စီစဉ်နိုင်ဖို့ google

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲ စီစဉ်တာဟာ စိတ်ရော ကိုယ်ပါ ပင်ပန်းရပါတယ်။ စီစဉ်စရာတွေကလည်း များတာကိုး။

ဒါပေမယ့် မင်္ဂလာပွဲ စီစဉ်နေရင်း ငွေမော၊ လူမော မဖြစ်ဖို့လိုပါတယ်။ ဒါမှ မင်္ဂလာပွဲလေးပြီးရင် စိတ်မညစ်ရမှာပါ။ ဒီတော့ မင်္ဂလာပွဲအတွက် ပိုက်ဆံ အပိုမကုန်အောင် စီစဉ်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

 

ဧည့်သည်တွေ တော်တော်များများက သတို့သမီးလေးရဲ့ ဝတ်စုံနဲ့ မိတ်ကပ်ကို အဓိကထားပြီး ကြည့်ဖြစ်ကြမှာပါ။ ဒီတော့ သတို့သမီးလေးတို့အနေနဲ့ လက်သည်းခြေသည်းတွေကို ငွေတွေ အများကြီး သုံးပြီး အလှဆင်တာမျိုး မလုပ်ပါနဲ့။ သတို့သမီးလေး ပြင်ဆင်ပြီဆိုတာနဲ့ သတို့သမီးအရံ၊ ပန်းကြဲတွေကို ဆင်တူ လုပ်ဆောင်ပေးတာမျိုး ရှိပါတယ်။ ဒါက ငွေကို ချုံ့နိုင်သမျှ ချုံ့ပြီး စီစဉ်နေတဲ့ စုံတွဲလေးတွေအတွက်တော့ ငွေဖြုန်းသလို ဖြစ်နေမှာပါ။ ပွဲထွက်တဲ့အချိန်မှာ လက်သည်းကို သတိမထားမိပါဘူးနော်။ နောက်တစ်ခုကတော့ ဖိနပ်ပါ။ သတို့သား၊ သတို့သမီး၊ နှစ်ဖက်မိဘနဲ့ အရံ၊ ပန်းကြဲတွေအတွက်ပါ စီစဉ်ပေးရတာမို့ စုစုပေါင်း ဖိနပ်က (၁၀) ရံ အထက်ပါပဲ။ ဒီတော့ ငွေကို ချုံ့ချင်တယ်ဆိုရင် ဖိနပ်ကို အကောင်းစားတွေချည်း မဝယ်ပါနဲ့။ တော်ရုံသင့်ရုံ ကျောက်ကပ်တာမျိုးလေး လုပ်ပါ။ ဖိနပ်ကို ဧည့်သည်တိုင်း သတိမထားမိပါဘူးနော်။

 

ခုနောက်ပိုင်းမှာ မင်္ဂလာပွဲတွေကို ပန်းတွေနဲ့ ခမ်းခမ်းနားနား ပြင်ဆင်လေ့ ရှိပါတယ်။ ငွေကုန်ကြေးကျ သက်သာချင်တယ်ဆိုရင်တော့ ပန်းအပြင်အဆင်ကို သတိထားရပါမယ်။ ပန်းအပြင်အဆင်ကို အစစ်တွေချည်းပဲ ငွေဆယ်နဲ့ချီပြီး ကုန်ကျခံလိုက်တာနဲ့ လူကုန်ငွေပန်း ဖြစ်စေမှာပါ။ လှပပြီး သင့်တော်တဲ့ ပန်းအပြင်အဆင်လေးပဲ သုံးပါ။

 

မင်္ဂလာပွဲအတွက် စီစဉ်စရာတိုင်းကတော့ ငွေကုန်ကြေးကျ များတာတွေချည်းပါပဲ။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးနဲ့ ငွေသက်သာအောင် လုပ်ရမှာပါ။ ဖိတ်စာကို အကောင်းစားချည်း ရိုက်တာမျိုး မလုပ်ပါနဲ့။ ဖိတ်စာက ဧည့်သည်တွေအတွက် အကြောင်းအရာကိုပဲ ကြည့်ကြမှာပါ။ ပြန်ကမ်းကတော့ ဧည့်သည်တွေကို ပေးရမှာဖြစ်တဲ့အတွက် သူတို့အတွက် အသုံးတည့်တဲ့ပစ္စည်းဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ငွေကို ဖိတ်စာထက် ပြန်ကမ်းမှာ သုံးပါနော်။

 

မင်္ဂလာပွဲမှာ ငွေမော လူမော မဖြစ်ရလေအောင် ဘယ်လိုအရာတွေကို ငွေလျှော့သုံးရမလဲဆိုတာ သတိထားမိမှာပါနော်။

Credit;Marry

Read times Last modified on Wednesday, 23 January 2019 10:03
Rate this item
(1 Vote)