ဗြိတိန်မှာ လက်ထပ်မင်္ဂလာပွဲ တက်ရောက်သူဉီးရေ ပြင်ဆင်ချက်ကြောင့် ကမောက်ကမဖြစ်

ဗြိတိန်မှာ လက်ထပ်မင်္ဂလာပွဲ တက်ရောက်သူဉီးရေ ပြင်ဆင်ချက်ကြောင့် ကမောက်ကမဖြစ်

လက်ထပ်မင်္ဂလာပွဲဆိုတာ ဘဝမှာ ပျော်စရာအိပ်မက်တစ်ခု အကောင်အထည်ပေါ်တာ ဖြစ်ပေမဲ့လည်း ကိုဗစ် ကူးစက်ရောဂါက အိပ်မက်ဆိုးများအဖြစ်သို့ပြောင်းလဲပစ်လိုက်တယ်။

 

နိုင်ငံအသီးသီးမှာ လူစုလူဝေး ဖြစ်စေတဲ့ လက်ထပ်မင်္ဂလာပွဲတွေကို မကျင်ပဖို့ တားမြစ်ထားကြသည်။ ဒါပေမဲ့လည်း ဘဝတစ်သက်တာမှာ အရမ်းအရေးကြီးတဲ့ ပွဲ ဖြစ်တာကြောင့် တင်းကျပ်တာတွေကို ဖြေလျော့ပြီး လက်ထပ်မင်္ဂလာပွဲတွေကို တက်ရောက်သူဦးရေ အကန့်အသတ်ဖြင့်  ကျင်းပဖို့ လိုက်လျောပေးကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံမှ အာဏာပိုင်‌တွေက မင်္ဂလာပွဲတွေကို လူ ၃၀ ဦးအထိ တက်ရောက်ခွင့်ပေးပြီး ကျင်းပဖို့ ခွင့်ပြုထားခဲ့တယ်။ အခုအခါ ဗြိတိန်မှာ ကိုဗစ်ကူးစက်ရောဂါ လှိုင်းတစ်ခု ပြန်ထလာတာမို့ ၂၀၂၀ စက်တင်ဘာလ ၂၆ ရက်နေ့မှာ

ပြင်ဆင်သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်တာမှာ လူ ၁၅ ဦးအထိသာ စုဝေးခွင့် ပေးထားပါတယ်။ ခြောက်ကပ်ကပ် ဆန်နေမယ့် မင်္ဂလာပွဲမျိုးကိုပဲ ကျင်းပလို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။

 

နောက်ထပ်အခက်တစ်ခုက လူရေတွက်ပုံ ဖြစ်ပါတယ်။ အများဆုံး ၁၅ ယောက်ဆိုတာမှာ သတို့သား သတို့သမီးကိုပါ ထည့်တွက်တယ်။ ကျွေးမွေးဧည့်ခံဖို့ လူခေါ်ထားရင်လည်း ထည့်တွက်တယ်ဆိုတော့ ဖိတ်ကြားခွင့်ရတဲ့ ဧည့်သည် အရေအတွက်က  ၁၀ ယောက်အောက်မှာ ဖြစ်နေတော့မယ်။ 

 

နောက်ထပ် အခက်တစ်ခုက အရင်ပြဌာန်းချက်မှာ အများဆုံး လူ ၃၀ ဦးအထိဖြင့် လက်ထပ်မင်္ဂလာပွဲကို ကျင်းပနိုင်တယ်လို့ ဆိုထားလို့ လူ ၃၀ စာအတွက် ပွဲကျင်းပဖို့ booking တွေ လုပ်ထားကြတယ်။ အခု လူအရေအတွက် ခွင့်ပြုချက်ကို ခေါက်ချိုး လျှော့ချလိုက်တော့ မှာထားတာတွေ အပို ဖြစ်ကုန်တယ်။ တချို့ဆိုရင် ပွဲကို ဖျက်သိမ်းလိုက်ဖို့ ဆုံးဖြတ်ကြတော့ ကြိုတင် စရံသတ်ထားတဲ့ငွေ ဆုံးရှုံးကုန်တယ်။ တချို့ကတော့ လုပ်ငန်းတွေနဲ့  စရံသတ်ထားတာတွေကို ညှိနှိုင်းပြီး သာသာယာယာ ပြန်ဖြစ်တဲ့အချိန်ကျမှ ကျင်းပမယ်ဆိုပြီး မင်္ဂလာပွဲ ကျင်းပမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းကြတယ်။

 

နည်းလမ်းတစ်ခုက အာမခံ ကုမ္ပဏီတွေက လက်ထပ်မင်္ဂလာပွဲအတွက် အာမခံ တစ်မျိုး စီစဉ်ပေးလာကြတာ ဖြစ်ပါတယ်။ အခုလို ပွဲပျက်ခဲ့ရင် သတ်မှတ်ထားတဲ့ အာမခံလျော်ကြေးပမာဏကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

 

 

Source: mirror.co.uk

Read times
Rate this item
(0 votes)