Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ မင်္ဂလာဆောင်မယ့် ရက်အတိအကျ သတင်းထွက်ပေါ်လာ

Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ မင်္ဂလာဆောင်မယ့် ရက်အတိအကျ သတင်းထွက်ပေါ်လာ google

နာမည်ကျော် Justin Bieber နဲ့ Hailey Baldwin တို့ စုံတွဲလေးရဲ့ မင်္ဂလာရက်စွဲကတော့ အတွင်းလူတွေကတဆင့် ထွက်ရှိလို့ လာခဲ့ပါပြီ။

 

သူတို့နှစ်ယောက်က မိသားစုတွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကို သူတို့ မင်္ဂလာပွဲအတွက် အားအောင် လုပ်ထားဖို့၊တက်ရောက်ဖို့ မှာထားတယ်လို့ အတွင်းလူတွေက Page Six ကို ပြောပြခဲ့ပါတယ်တဲ့။ ဘယ်နေရာမှာ ပြုလုပ်မလဲဆိုတာတော့ အခုထိ မသိရသေးပါဘူး။

 

Wedding Party ကို ပြင်ဆင်နေပြီဖြစ်ပြီး ပွဲအတွက် Dancer တွေလည်း ကြိုတင်အကတိုက်နေကြပြီလို့ သိရပါတယ်။ Justin Bieber ရဲ့ DJ ဖြစ်တဲ့ Tay James က ဒီပွဲအတွက် ဖျော်ဖြေမယ်လို့လည်း ကြားထားပါတယ်။

 

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Justin Bieber နဲ့ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ Hailey Baldwin ဟာ ပြီးခဲ့တဲ့ စက်တင်ဘာတည်းက တရားဝင်လက်ထပ်ပြီးစီးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီကိစ္စကို Hailey က အစပထမပိုင်းတုန်းက ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အတည်ပြုပေးခဲ့ပြီး Instagram မှာတောင် Hailey Bieber လို့ ပြောင်းခဲ့ပါတယ်။

 

Justin Bieber ကတော့ Hailey ကို အမြဲတမ်း မိန်းမလို့ ရည်ညွှန်းပြောနေတော့တာပါပဲ။ဒီမင်္ဂလာပွဲရက်ထွက်ရှိမှုကိုတော့ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဘာမှ စကားမဟသေးဘဲ အတွင်းသတင်းအနေနဲ့ပဲ တည်ရှိသေးတာ ဖြစ်ပါတယ်။

 

 

Credit;Akhayar

Read times Last modified on Friday, 18 January 2019 13:27
Rate this item
(1 Vote)