blind date မှာ ဒေါ်လာ ၃၀၀၀ နီးပါး အကြွေးတင်တဲ့ အမျိုးသမီး

blind date မှာ ဒေါ်လာ ၃၀၀၀ နီးပါး အကြွေးတင်တဲ့ အမျိုးသမီး ွStatic

တရုတ်နိုင်ငံ၊ ကျီကျန်းပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် တစိမ်းတစ်ဦးနှင့် ချိန်းဆိုပြီး ညစာစားတဲ့ blind date မှာ စားထားသောက်ထားတာတွေအတွက် ဆိုင်ကို ယွမ် နှစ်သောင်း  (အမေရိကန်ဒေါ်လာ ၃၀၀၀ နီးပါး)

 

ငွေရှင်းပေးရမယ့်အဖြစ်နဲ့ ကြုံံခဲ့ရတယ်လို့ တရုတ်သတင်းမီဒီယာ Sohu မှာ သတင်းဖော်ပြခဲ့ပါတယ်။

 

သူတို့ ချိန်းတွေ့ပြီး ညစာအတူစားကြတာ ဘာလို့ အဲဒီလောက်အထိ အကုန်အကျ များရတာလဲ။ သူချိန်းတွေ့တဲ့ အမျိုးသားက ဘာလို့ ငွေရှင်း မပေးတာလဲ။

 

ချိန်းတွေတဲ့ အမျိုးသားက အသက် ၂၉ နှစ်ရှိသူ ချန်ဖြစ်ပြီး ညစာအတူစားကြတာအတွက် ကုန်ကျစရိတ်ကို သူ ကျခံမယ်လို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ချန်က သူချိန်းဆိုထားတဲ့ အမျိုးသမီးကို စားသောက်ဆိုင်မှာ ဆုံကြတဲ့အခါ  အမျိုးသမီးက ချိန်းဆိုထားတဲ့ စားသောက်ဆိုင်ကို တစ်ယောက်တည်း မသွားဘဲ ဆွေမျိုးတစ်သိုက်ကိုပါ အတူခေါ်လာတာ စုစုပေါင်း ၂၃ ယောက် ရှိပါတယ်။

ညစာကို ဆိုင်မှာ အတူစားလိုက်ကြတာ ဘေရှင်းတဲ့အခါ ယွမ် နှစ်သောင်းနီးပါး ဖြစ်တာ သိရတယ်။ 

ချန် တုန်လှုပ်သွားတယ်။ ဖုန်းကို အသာပိတ်ပြီး ဆိုင်ကနေ လစ်ထွက်ခဲ့တယ်။ ဒီတော့ အမျိုးသမီးနဲ့ သူ့အမျိုးသမီးတွေပဲ ဆိုင်မှာ ကျန်ခဲ့ပြီး ကျသင့်ငွေကို ရှင်းပေးဖို့ အမျိုးသမီးမှာ တာဝန် ရှိသွားတယ်။

 

သူတို့ကို blind date ချိန်းပေးတဲ့ အောင်သွယ်တော်က ခေါ်ယူတွေ့ဆုံပြီး တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးကြတဲ့အခ ချိန်က သူတို့ ညစာ အတူစားကြစဉ်က အခန်းနှစ်ခန်းခွဲပြီး စားခဲ့ကြတယ်။ သူ စားတဲ့ အခန်းအတွက် ကျသင့်ငွေ ယွမ် ၄၃၉၈ ကို သူ ရှင်းပေးမယ်လို့ သဘောတူတယ်။ သူစားတဲ့ အခန်းထဲမှာ စားပွဲနှစ်လုံးစာ ထိုင်စားကြတာကို သူ ရှင်းပေးလိုက်တာ ဖြစ်ပါတယ်။ 

 

 

 

By Myanmar Wedding Guide

Ref: Mothership.sg

 
Read times Last modified on Wednesday, 28 October 2020 10:00
Rate this item
(0 votes)