နှင်းဆီပန်းအရောင်တွေရဲ့ အဓိပ္ပါယ်

နှင်းဆီပန်းအရောင်တွေရဲ့ အဓိပ္ပါယ် google

ချစ်သူများနေ့မှာ ချစ်သူလေးကို Surprise လုပ်ဖို့ စဉ်းစားနေပြီလား၊

ဘယ်လို Surprise ပဲလုပ်လုပ် နှင်းဆီပန်းလေးကတော့ မပါမဖြစ်ပဲမလား။ ဒီတော့ ကိုယ်ပေးမယ့် နှင်းဆီပန်းလေးတွေရဲ့ အရောင်က ဘယ်လို အဓိပ္ပါယ်ဆောင်သလဲဆိုတာ သိထားဖို့လိုပါတယ်။ ဒါမှပေးမယ့်သူရော လက်ခံမယ့်သူရော ပိုပြီးတော့ ပျော်ရွှင်ရမှာပါ။

 

နှင်းဆီနီ

red roses min

စုံတွဲ အများစုကတော့ ချစ်သူများနေ့မှာ နှင်းဆီနီနီ ပန်းစည်းပေးလေ့ရှိကြပါတယ်။ နှင်းဆီနီကတော့ အချစ်ရဲ့သင်္ကေတတစ်ခုဖြစ်ပြီး ပြီးပြည့်စုံမှုနဲ့အလှအပကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ကိုချစ်ပါ၊ အရမ်းချစ်တယ်လို့လည်း အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် စုံတွဲ အများစုက နှင်းဆီနီပေးကြတာပါ။ နှင်းဆီကို အရမ်းနက်မှောင်တဲ့ဘက် ရောက်တာမျိုးတော့မပေးမိဖို့သတိပြုနော်။ ဒါကဝမ်းနည်းခြင်းဆိုတဲ့ အဓိပ္ပါယ်ဆောင်တာကြောင့်ပါ။

 

ပန်းရောင်နှင်းဆီ

pink roses min

ပန်းရောင်ကတော့ မိန်းကလေး တော်တော်များများကြိုက်လေ့ရှိကြပါတယ်။ ပန်းရောင်နှင်းဆီပန်းရဲ့ အဓိပ္ပါယ်ကတော့ ချစ်ပေးတာအတွက်ကျေးဇူးပါ၊ အရမ်းတန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒီတော့ စုံတွဲလေးတို့ ပန်းရောင် နှင်းဆီပန်းလည်း ပေးလို့ရတယ်နော်။

 

နှင်းဆီအဖြူ

white roses min

နှင်းဆီအဖြူ ပေးမယ်ဆိုရင် ဖြူစင်ခြင်းဆိုတဲ့မေတ္တာတရားကို ခံစားရမှာ ဖြစ်ပြီး ဘဝတစ်ခုအစပြုခြင်းလို့တောင်တင်စားကြပါတယ်။ ဒါကြောင့် မင်္ဂလာပွဲတွေဆိုရင် သတို့သမီးလေးတော်တော်များများက နှင်းဆီဖြူလက်ကိုင်ပန်းလေးတွေ ကိုင်ဆောင်ကြတာပါ။ ချစ်သူများနေ့မှာပေးမယ့်နှင်းဆီဖြူလေးကတော့ “မင်းအကြောင်းပဲ အမြဲတွေးမိနေတယ်” လို့ အဓိပ္ပါယ်ရပါတယ်။

 

အဝါရောင်နှင်းဆီ

yellow roses min

နှင်းဆီအဝါရောင်ကတော့ တည်ငြိမ်မှုနဲ့ ပျော်ရွှင်မှုကို ဖော်ဆောင်ပါတယ်။ စုံတွဲလေးတို့ ဘဝတစ်လျှောက်လုံး လက်တွဲပြီးတော့ ပျော်ရွှင်မှုရရှိကြမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီအဓိပ္ပါယ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ချစ်သူများနေ့မှာ ပေးလိုက်လို့ရပါတယ်နော်။

ချစ်သူများနေ့ဆိုတာ ချစ်သူအချင်းချင်း၊ ချစ်တဲ့သူ အချင်းချင်း ပေးကြတာမို့ ချစ်ခြင်းသဘော သက်ရောက်တဲ့နှင်းဆီပန်းနဲ့ ချောကကလက်ကတော့ မပါမဖြစ်ပါပဲ။ ဒီတော့ နှင်းဆီပန်း အရောင်တွေရဲ့ အဓိပ္ပါယ်ကိုသိထားတာ အကောင်းဆုံးပါပဲ။

 

Source : Marry

Read times Last modified on Wednesday, 13 February 2019 13:58
Rate this item
(1 Vote)