Love Story Wedding Fair 2017 (Melia Hotel)

Love Story Wedding Fair 2017 (Melia Hotel)

မင်္ဂလာလက်ထပ် ၀တ်စုံဖက်ရှင်ပြပွဲကို လာမယ့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့နှင့် (၆) ရက်နေ့တွေမှာ

ရန်ကုန်မြို့ရှိ MELIA Hotel တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

 

MELIA Hotel တွင် လက်ထပ်မင်္ဂလာပွဲ ကျင်းပကြမယ့် စုံတွဲတွေအတွက်လည်း Lucky Draw အစီအစဉ်တွေ ပါဝင်ကြောင်းကို ဇူလိုင်လ (၂၆) ရက်နေ့က ကျင်းပခဲ့တဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲမှာ MELIA Hotel ရဲ့ General Manager Céline Guyomarch က ပြောကြားခဲ့ပါတယ်။

 

မင်္ဂလာလက်ထပ် ၀တ်စုံဖက်ရှင်ပြပွဲကို SWEET & SMART Fashion Collections မှ SIGNATURE (wedding & events planning) နဲ့ MELIA Hotel တို့က ပူးပေါင်း တင်ဆက်တဲ့ LOVE STORY WEDDING FAIR 2017 ပွဲတွင် မြန်မာထိုင်မသိမ်း၊ မြန်မာပွဲတက်ဝတ်စုံ၊ ကုတ်၊ အနောက်တိုင်း ၀တ်စုံ၊ Wedding Gown များကို နိုင်ငံတကာ အဆင့်မီ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Designer Minn Thet Saen ရဲ့ 2018 စိတ်ကူးသစ် idea သစ်တွေနဲ့ပြသမယ့်ပွဲဖြစ်ကြောင်းသိရပါတယ်။


ပြပွဲတွင် ပြသမယ့် Gala fashion Show ကို 6.8.2017 ရက်နေ့ ညနေ 5:30 မှ 8:30 ထိ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Myint Tun Oဝ (Gems & Jewellery) လက်ဝတ်ရတနာများနှင့် အတူ Empress (Lace & Fabric Gallery ) မှ ပိုးထည်များနဲ့ ပြသမှာဖြစ်ကြောင်း သိရပါတယ်။

 

မိတ်ကပ်ကို မိတ်ကပ်ဒီဇင်ဘာနှင်းရဲ့ မြန်မာဆံထုံးပုံစံသစ်များ၊ မိတ်ကပ်မေဦးမောင်ရဲ့ အနောက်တိုင်းဆံထုံး ပုံစံသစ်များကိုလည်း ပူးပေါင်းပြီး ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ပန်းအပြင်အဆင်ကို မာမီကျော် (မလေးရှား)မှ အကောင်းဆုံးနဲ့ အခမ်းနားဆုံး ပုံဖော်ဖန်တီးမှာဖြစ်ပြီး Naing Naing Tun (Exposure photo Studio ) မှလည်း Sweet & Smart ရဲ့ Show Movies များကို ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။

 

လာရောက်ကြည့်ရှုသည့်မင်္ဂလာစုံတွဲများကို idea အသစ်၊ ဖန်တီးမှုအသစ်၊ စိတ်ကူးသစ်တွေနဲ့ သတို့သား သတို့သမီးတွေကို ရင်ခုန်မှုအသစ်တွေပေးပြီး fashions နဲ့ design ကို စိတ်ဝင်စားသူများနှင့် designer များ စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူများ အတွက်လည်း pattern အသစ် အတွေးသစ်တွေ ပြထားတာမို့ စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

 

မင်္ဂလာပွဲတွင် ဝတ်စုံတစ်ခုထဲ ကောင်းလို့မပြီးပြည့်စုံပါဘူး။ ပန်း၊ မိတ်ကပ်၊ ဝတ်စုံ၊ လက်ဝတ်ရတနာ၊ ပိုးထည်၊ အားလုံးပြည့်စုံမှ ပွဲတစ်ပွဲကို ပိုပြီးပြည့်စုံမှာ မင်္ဂလာမောင်နှံများ သွားရောက်လေ့လာသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(1 Vote)