News & Tips

Monday, 12 October 2020 16:21

၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေနေ့ မိသားစုအတွင်းသို့ ဝမ်းသာစရာသတင်းကောင်းရောက်မည်။ လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းပျက်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ကြွေးကိစ္စ စကားပြောရမည်။ ရွှေလုပ်ငန်း၊ ရွေအရောင်းအဝယ်လုပ်ငန်းများ အောင်မြင်မည်။ ဝန်ထမ်းဖြစ်ပါ က လုပ်ငန်းခွင်မှာ အတိုက်အခိုက်ပေါ်မည်။ အိမ်ဆောက်ရန်ပန္နရိုက်ရလိမ့်မည်။ သူတစ်ပါး၏ ကျန်းမာရေးကိစ္စ (သို့မဟုတ်) အမှုကိစ္စကို ကူညီရမည်။ နေအိမ်သို့ကပ်ကျေးတစ်လက်ရောက်လာပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် နားရောဂါအနည်းငယ်ဖြစ်မည်။ အချစ်ရေးမှာ အခြေအနေကောင်းပါသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။လကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။   ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ ခုကပ်လှူပါ။   တနင်္လာနေ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဆန်၊ စပါး ရောင်းဝယ်ရေးမှာ အဆင်မပြေပါ။ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ ရွှေပျောက်မည်။ သို့မဟုတ် ရွှေထွက်မည်။ တိုက်ခန်း၊ အိမ်ခန်းလျှောက်ထားပါက ရလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ် ပြောင်း (သို့မဟုတ်) အလုပ်နေရာပြောင်း ဖြစ်မည်။ အနုပညာလုပ်ငန်းမှာ ဝမ်းသာစရာသတင်းကြားရမည်။ အမိ,အဖ တစ်ဦးဦးကျန်းမာရေး ညံ့မည်။ နေအိမ်သို့ ထမင်းစား စားပွဲတစ်လုံးရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေ ကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ စန်းပွင့်နေပါသည်။ ချစ်သူမရှိပါက ချစ်သူသစ်တွေ့မည်။ အိမ်ထောာင်ရေးလည်း ကောင်းမွန်ပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။   ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ငွေထီး ၂ လက်လှူပါ။     အင်္ဂါနေ့ အလုပ်သစ်၊ လုပ်ငန်းသစ်ပေါ်မည်။ ဆိုင်သစ်ဖွင့်ရလိမ့်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက အလုပ်နေရာပြောင်းပြီး တိုးတက်မည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်းရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ မြေအရောင်းအဝယ်မှာ အထစ်အငေါ့ဖြစ် မည်။ တောင်ကုန်း၊ တောင်တန်းဘက်သွားရမည်။ စက်ပစ္စည်းဝင်မည်။ ဆွေမျိုးညီအစ်ကိုမောင်နှမတစ်ဦးဦးကြောင့် စိတ်ညစ်ရမည်။ အဝတ်အထည်သစ်ဝင်မည်။ နေအိမ်သို့ ဗီရိုတစ်လုံးရောက်ပါက ‘၇’ အစ ‘၈’ အဆုံးအစိုးရထီထိုးပါ။ ပညာရေးအတွက် သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ သွေးအေးမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်း များ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။   ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ ရေသက်စေ့သပ္ပါယ်ပါ။     ဗုဒ္ဓဟူးနေ့ နိုင်ငံခြားသို့အလုပ်ကိစ္စဖြင့် ခရီးထွက်ရမည်။ ရွှေထွက်မည်။ သို့မဟုတ်ပါက ရွှေပျောက်မည်။ ကျောက်မျက်ရတနာရောင်းဝယ် အနည်းငယ်ပြန်ကောင်းလာမည်။ နွားရှိပါက နွားသေမည်။ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ ကြီးမားသော စိန်ခေါ်မှုကြီးနှင့် ကြုံတွေ့ရလိမ့်မည်။ အိမ်နေရာ အရွှေ့အပြောင်းပေါ်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှ အကျိုးအမြတ်ခွဲဝေရမည်။ နေအိမ်သို့ ငါးခြောက်များ ရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းများ ရရှိမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးညံ့၏။ ချစ်သူလှည့်ဖြားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ကျန်းမာရေးကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။   ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ အုန်း ၁၄ ရွက် ကပ်လှူပါ။     ကြာသပတေးနေ့ ဈေးရောင်းကောင်းမည်။ ဝင်ငွေကောင်းမည်။ တယ်လီဖုန်းဝင်မည်။ မြေအရောင်းအဝယ် ဖြစ်မည်။ သို့မဟုတ် မြေအရောင်းအဝယ်အတွက် အကျိုးဆောင်ခရမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ဖိအားများမည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ် ရေးကောင်းမည်။ အမွေကိစ္စ စကားပြောရမည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ ပြဿနာအနည်းငယ် ဖြေရှင်းရမည်။ နေအိမ်နားမှာ ပျားစွဲပါက (သို့မဟုတ်) ပျားရည်ပုလင်းအိမ်သို့ ရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ စိန်ခေါ်မှုများ ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါရမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။   ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ဂန့်ဂေါ် ၉ ညွန့် ကပ်လှူပါ။   သောကြာနေ့ ဝင်ငွေကောင်းမည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးမှာ လူလိမ်ခံရမည်။ ဘုရားဆင်တုတော်၊ ဘုရားပုံတော်၊ မြင့်မြတ်သောပုံတော်များ ဝင်မည်။ တောင်ကုန်း၊ တောင်တန်း ဘက်သို့ ခရီးထွက်ရမည်။ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်းပေါ်မည်။ သူခိုးခိုးခံရတတ်သည်။ သိုးတစ်ကောင်ကို မြင်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး အစီအစဉ်သစ် ပြုလုပ်ရမည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထပ်မင်္ဂလာ စာချုပ်ချုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။   ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ ထောပတ်ထမင်း ကပ်လှူပါ။     စနေနေ့ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ငြီးငွေ့မှုများ ဖြစ်ပေါ်လိမ့်မည်။ အမှုရှိပါက အမှုနိုင်မည်။ စက်ပစ္စည်း အသစ်ဝင်မည်။ မော်တော်ဆိုင်ကယ် အသစ်ဝင်မည်။ မော်တော်ကားအရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။ နေအိမ်နားမှာ နာရေးပေါ်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းမှာ အကျိုးအမြတ်ရရှိမည်။ နေအိမ်ထဲမှာ လိပ်ပြာပျံဝဲနေပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ပြိုင်ဆိုင်မှုများကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးအနေဖြင့် သွေးတိုးခြင်း၊ သွေးပေါင်ကျခြင်း ဖြစ်မည်။ အချစ်ရေးမှာ ကံညံ့ပါသည်။ ချစ်သူနှင့် ပြတ်ဆဲလိမ့်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။   ယတြာ - စနေနေ့ စနေထောင့်မှာ ထီးနီ ၃ လက်ကပ်လှူပါ။       Source: 1875
Wednesday, 07 October 2020 17:24

လုပ်ခလစာများကို အောက်တိုဘာလ (၈) ရက်နေ့ (မနက်ဖြန်) မှစ၍ သွားရောက်ထုတ်ယူရန် ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်မပြုထားသော လုပ်ငန်းများသည် လုပ်ခလစာပေးရာတွင် Payroll Processing QR Pass ကို အောက်တိုဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့များတွင်
Tuesday, 06 October 2020 11:48

၂၀၂၀ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေ  ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ နိုင်ငံခြားမှ ငွေရောက်မည်။ သို့မဟုတ်ပါက နိုင်ငံခြားငွေဝင်မည်။ ဆိုင်ကယ်အသစ်ဝင်မည်။ ဘုရားဆင်းတုတော်၊ ဘုရားပုံတော်၊ မြင့်မြတ်သောပုံတော်များ နေအိမ်သို့ ကြွမြန်းလာမည်။ ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ မိတ်ဆွေ၊ သူငယ်ချင်းတစ်ဦး၏ ကျန်းမာရေးကို ကူညီရမည်။ နေအိမ်သို့ နာနတ်သီးတစ်လုံး (သို့မဟုတ်) အများရောက်ပါက ‘၄’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးမှာ အခြေအနေ မကောင်းပါ။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်စကားအပြောအဆိုကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင့် ဖြစ်ပါသည်။ ယတြာ။ ။ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းထမင်း ကပ်လှူပါ။   တနင်္လာနေ့ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ပြဿနာအနည်းငယ် ဖြေရှင်းရမည်။ အောင်မြင်မည်။ အိမ်ဆောက်ရမည်။ အိမ်ဆောက်ရန် ပန္နက်ရိုက်ရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ ကောင်းမွန်မည်။ နိုင်ငံရေးလုပ်ပါက ထိပ်တိုက်ရင်ဆိုင်မှုများကို ကျော်ဖြတ်ရလိမ့်မည်။ မြေ၊ လယ်ယာမြေ၊ အိမ်ဝိုင်း အရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုး ရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးတွန်းအားလိုနေပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်း ရောဂါရမည်။ အချစ်ရေးမှာ ကံကောင်းနေပါသည်။ ချစ်သူထဲမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။ ယတြာ။ ။ တနင်္လာနေ့ တနင်္လာထောင့်မှာ တံခွန်ဖြူ ၂ လက်နှင့် ဂန့်ဂေါ် ၇ ညွန့် ကပ်လှူပါ။   အင်္ဂါနေ့ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး ပြောင်းရွှေ့ရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းသစ်ပေါ်မည်။ မော်တော်ကားမှု အနည်းငယ် ဖြစ်မည်။ ဝင်ငွေကောင်းမည်။ နိုင်ငံခြားနှင့် ဆက်သွယ်သောလုပ်ငန်းများ ကောင်းမည်။ မွေးမြူရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။ နေအိမ်သို့ သေတ္တာရောက်ပါက ကံညံ့မည်။ နေအိမ်ခြံဝန်းထဲသို့ လိပ်တစ်ကောင်ဝင်လာပါက (သို့မဟုတ်) လိပ်တစ်ကောင်ကို မြင်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက် ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ ကြားလူကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရမည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။ ယတြာ။ ။ အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဆီထမင်းကပ်လှူပါ။   ဗုဒ္ဓဟူးနေ့ အလုပ်နေရာပြောင်း (သို့မဟုတ်) အလုပ်ပြောင်းရလိမ့်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ကောင်းမည်။ ဈေးရောင်းဈေးဝယ် ကောင်းမည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ အနုပညာလုပ်ငန်းနှင့် ပတ်သက်ပြီး သတင်းကောင်းဝင်မည်။ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ မသွားရ။ မော်တော်ဆိုင်ကယ် အရောင်းအဝယ် ဖြစ်မည်။ သူတစ်ပါးကိစ္စ အာမခံသောကြောင့် စိတ်ညစ်ရမည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများကို ကျော်လွှားရလိမ့်မည်။ ကျန်းမာရေးအနေဖြင့် သွေးပေါင်ကျခြင်း၊ သွေးတိုးခြင်းတစ်မျိုးမျိုးဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကန့်လန့်တိုက်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အခြေအနေမကောင်းပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။ ယတြာ။ ။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ယတ်ဖြူ ၄ လက်ကပ်လှူပါ။   ကြာသပတေးနေ့ ငွေအတွက် သောကရောက်မည်။ သို့သော် အဆင်ပြေသွားမည်။ စိုက်ပျိုးရေးသုံးစက်ပစ္စည်းဝင်မည်။ တယ်လီဖုန်းပျောက်မည်။ စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။ နိုင်ငံခြားခရီးရှိသည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး စာမေးပွဲ ဖြေရမည်။ မြေအရောင်းအဝယ်အတွက် စာချုပ်ချုပ်ရမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရာမှာ အခက်အခဲပေါ်မည်။ ကြွေးကိစ္စအတွက် စကားပြောရမည်။ နေအိမ်သို့ ဖရဲသီးရောက်ပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကြိုးစားမှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးမှာ သာယာပါသည်။ အိမ်ထောင်ရေးလည်း သင့်မြတ်ပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၅ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲရောင် ဖြစ်ပါသည်။ ယတြာ။ ။ ကြာသပတေးနေ့တွင် နေအိမ်ဘုရားစင်မှာ ထောပတ်ထမင်း ကပ်လှူပါ။   သောကြာနေ့ တိုက်ခန်း၊ အိမ်ခန်း လျှောက်ထားပါက တိုက်ခန်း၊ အိမ်ခန်းရမည်။ လယ်ယာလုပ်ငန်းကောင်းမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ လယ်ယာလုပ်ငန်းကောင်းမည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ မနာလိုသူပေါ်မည်။ အကြောင်းမဲ့တိုက်ခိုက်သူပေါ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ရလိမ့်မည်။ လူလိမ်ခံရတတ်သည်။ သူခိုးခိုးခံရတတ်သည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ နေအိမ်သို့ အရက်ပုလင်း၊ ဘီယာပုလင်း ရောက်ပါက ကံညံ့မည်။ နေအိမ်သို့ ခြုံစောင်တစ်ထည်ရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူဟောင်းနှင့် ပြန်တွေ့မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။ ယတြာ။ ။ သောကြာနေ့ သောကြာထောင့်မှာ သပြေညွန့်သက်စေ့လှူပါ။ စနေနေ့ နိုင်ငံခြားခရီးအတွက် နိုင်ငံကူးလက်မှတ် ရရှိလိမ့်မည်။ အလုပ်အတွက် အင်တာဗျူးဝင်ရလိမ့်မည်။ လုပ်ငန်းသစ်လုပ်ခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းများ ပြုလုပ်ရလိမ့်မည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ အလှူဒါနပြုလုပ်ရမည်။ ရွှေဝင်မည်။ ငွေအနည်းငယ်အလဟဿဖြစ်မည်။ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး အမှုဖြစ်မည်။ နေအိမ်သို့ ပန်းသီးများ ရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ အထင်လွဲမှားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။ ယတြာ။ ။ စနေနေ့ စနေထောင့်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် လှူပါ။       Source: 1875
Monday, 05 October 2020 12:57

မွန်လူမျိုးတို့၏အာဝါဟ၊ ဝိဝါဟ လက်ထပ်ထိမ်းမြားခြင်း

ယခုခေတ်တွင် လက်ထပ်ထိမ်းမြားရာတွင် မွန် နှင့် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံမှာ အလွန်တူသည်ဟု ထင်ရသော်လည်း အချို့နေရာဒေသများတွင် မတူကွဲပြားခြားနားသည်ကို ယခုတိုင် တွေ့ရှိနိုင်ပါသည်။
Friday, 02 October 2020 14:24

လက်မထပ်ရတဲ့ အကြောင်းအရင်းတွေ ထုတ်ပြောပြလာခဲ့တဲ့ Coffee Prince စုံတွဲ

Coffee Prince ဒါမှမဟုတ် ဒီမှာ ကော်ဖီချစ်သူဆိုပြီး အားလုံးသိထားကြတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။
Thursday, 01 October 2020 14:38

၂၀၂၀ခုနှစ် ၊ အောက်တိုဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

Wedding Guide ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ၂၀၂၀ခုနှစ် ၊ အောက်တိုဘာလအတွက် ၇ရက်သား၊ သမီး ဗေဒင် မျှဝေပေးလိုက်ပါတယ်နော်။
Wednesday, 30 September 2020 15:31

မြိတ်ရိုးရာမင်္ဂလာပွဲအကြောင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် ရိုးရာမင်္ဂလာပွဲ ဆင်ယင်ကျင်းပရာ၌ လက်ထပ်ထိမ်းမြားသည်ဆိုခြင်းထက် အိမ်တက်သည်ဟု ခေါ်ကြသည်။
Wednesday, 30 September 2020 09:33

၂၈.၉.၂၀၂၀နေ့လည် (၁၂း၃၀)အချိန်ခန့်၌ဟင်္သာတ မြို့မှာနေထီးဆောင်းနေတဲ့ပုံ

မြန်မာတွေရဲ့ ယူဆချက်တခုဖြစ်တဲ့ အတိတ်နိမိတ်တွေက ရှေးပဝေသဏီထဲက ရှိခဲ့ကြတာပါ အခုလို နေထီးဆောင်းခြင်း၊ လခမောက်ဆောင်းခြင်း၊ ဥက္ကာပျံကျခြင်း၊ တော်လဲခြင်း စတဲ့ အတိတ်နိမိတ်၊ ဘဝေါ စတဲ့ အယူတွေကို ကော်လူလေ့ရှိကြပါတယ်။
Tuesday, 29 September 2020 12:18

မတ်စ်ကိုယ်စီဖြင့် ကျင်းပရတဲ့ လက်ထပ်မင်္ဂလာပွဲ

စီစဉ်ထားပြီး ဖြစ်တဲ့ လက်ထပ်မင်္ဂလာပွဲ ကျင်းမယ့်ရက် မတိုင်ခင် တစ်ရက်အလိုမှာ အသက် ၂၄ နှစ်ရှိ သတို့သမီး အဲလာ နေထိုင်တဲ့ ဝေလနယ်မှာ မတ်စ်မတတ်ဘဲ အပြင်မထွက်ရလို့ စတင်ပြဌာန်းလိုက်တဲ့ အတွက် မင်္ဂလာပွဲကို မတ်စ်တပ်ပြီး ကျင်းပခဲ့ကြရပါတယ်။