News & Tips

Tuesday, 28 July 2020 11:42

မင်္ဂလာဆောင်တုန်းကရိုက်ကူးခဲ့တဲ့မိသားစုပုံလေးကို မတင်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးဝမ်းနည်းစွာရင်ဖွင့်လာတဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကတော့မကြာသေးခင်ကမှချစ်သူနဲ့အတူ နှစ်ဖက်မိဘတွေရဲ့သဘောတူညီချက်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အိမ့်ချစ်ဟာမင်္ဂလာဆောင်တုန်းက ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တင်ပေးလေ့ရှိပါတယ်။
Monday, 27 July 2020 12:09

နှစ်(၆,၀၀၀)ကျော်ကြာမှ တစ်ခါကြွေတဲ့ ကြယ်အောက်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

ကြယ်တွေကြွေတဲ့အချိန်မှာ အဲဒီလိုကြယ်ကြွေတဲ့ မြင်ကွင်းကို ကိုယ့်ချစ်သူနဲ့ အတူတူထိုင်ပြီး ကြည့်ရတဲ့ ခံစားချက်ဟာ ဘာခံစားချက်နဲ့မှ လဲလို့ မရနိုင်ပါဘူး။ အဲဒီလိုထိုင်ကြည့်တာ အားမရလို့ လက်ထပ်ခွင့် တောင်းခဲ့တဲ့အခိုက်အတန့်ကတော့ နှစ်ယောက်လုံးရဲ့ဘဝမှာ မမေ့နိုင်တဲ့ ညတစ်ည ဖြစ်မှာ အကျိန်းအသေပါပဲ။
Sunday, 19 July 2020 03:52

၀န်ကြီးများရုံး (ယခင် အတွင်း၀န်များရုံး) တွင် Pre-wedding ဓာတ်ပုံရိုက်ရက် ၂ရက် သတ်မှတ်

ဒီဝါကျွတ်အမှီ (သို့) ဝါကျွတ်အပြီးတွင် ပျော်ရွှင်စွာ ပေါင်းဖက် ကြမည့်
Saturday, 18 July 2020 06:33

The Grace အဖွဲ့ဝင် Sunday ရဲ့ မင်္ဂလာအခမ်းအနား

ဓာတ်ပုံတွေ ဝေမျှကြတဲ့ Instagram ပေါ်မှာ CSJH The Grace အဖွဲ့ဝင် Sunday ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံတွေ တက်လာတယ်။
Wednesday, 08 July 2020 12:41

မင်္ဂလာမောင်မယ်လေးတွေအတွက် အတိတ်ကောင်း နမိတ်ကောင်းတွေကို ယူဆောင်လာမဲ့ နေ့အလိုက်သုံးသင့်တဲ့ ပန်းလေးတွေအကြောင်း။

သတို့သမီးလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲရဲ့ လှပတင့်တယ်မှုနဲ့ ခမ်းနားထည်ဝါမှုတွေအတွက် ပန်းအပြင်အဆင်လေးတွေက အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့ မင်္ဂလာပွဲ ပန်းအပြင်အဆင်မှာ ထည့်သွင်းအသုံးပြုတဲ့ ပန်းအမျိုးအစားတွေက အသင့်တော်ဆုံး အမျိုးအစားတွေဖြစ်ဖို့ အရေးကြီးပါတယ်။
Monday, 06 July 2020 17:15

တစ်ပတ်စာ သင့်ကံကြမ္မာ ဇူလိုင် (၆)ရက်နေ့ မှ (၁၂)ရက်နေ့ထိ

တစ်ပတ်စာ သင့်ကံကြမ္မာ ဇူလိုင် (၆)ရက်နေ့ မှ (၁၂)ရက်နေ့ထိ
Thursday, 02 July 2020 15:20

မိန်းကလေးများအတွက် စေ့စပ်အပြီး Relationship ထိန်းသိမ်းနည်းများ

Relationship ခိုင်မြဲအောင်ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာ Sharing လုပ်ပေးသွားပေးပါမယ်။ ဘော်ဒါတွေနဲ့အပြင်ထွက်တာကိုထွက်ပါစေ --------------------------------------------------- ယောကျ်ားဆိုသည်မှာ အပေါင်းအသင်းမက်ပါတယ်။ ဒါကြောင့်မို့ လွတ်လပ်ခွင့်လေးတော့ပေးလိုက်ပါ မခင်လေးရယ်။ သူအဲ့လိုထွက်ချိန်မှာ ဖုန်းခဏခဏမဆက်ပါနဲ့။ တစ်ခေါက်လောက် Video Call ခေါ်ပြောလိုက်ပါ။ ဒီလောက်ဆို စိတ်ချရပါပြီ။ အလုပ်နဲ့ပတ်သတ်ပြီးတော့သဝန်မတိုပါနဲ့ ------------------------------------------------ လုပ်ငန်းခွင်ဆိုတာကသိတဲ့အတိုင်း ယောကျ်ား ၊ မိန်းမ မရွေး ပတ်သတ်နေရတာပါ။ ကိုယ့်ကြောင့်နဲ့ ကိုယ့်ချစ်သူကိုလုပ်ငန်းခွင်မှာ မထိခိုက်စေပါနဲ့။ တစ်ခါတစ်ရံ သင်နဲ့ရှိတဲ့အချိန် အလုပ်ကိစ္စနဲ့ မိန်းကလေးတစ်ယောက်ကဖုန်းဆက်တဲ့အခါ Speaker ဖွင့်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့။ သူ့ကိုလဲစော်ကားရာရောက်သလို အလုပ်နဲ့ပတ်သတ်တာတွေမို့ သူ့Privacy ကို ထိခိုက်စေပါတယ်။ သင့်ချစ်သူကို ဂိမ်းဆော့တတ်ရင် ပေးဆော့ပါ -------------------------------------------------- ဂိမ်းနဲ့ငါနဲ့ ဘာကိုရွေးမလဲတွေ မလုပ်ပါနဲ့။ ဂိမ်းစွဲတာက ဘိန်းစွဲတာထက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ သူ့ကို ကိုယ့်အတွက်အချိန်ပေးဖို့လဲ ပြောပြပါ။ သူသာတကယ်ချစ်ရင် ဂိမ်းချည်းပဲဆော့မနေပဲ သင့်ကို အချိန်ပေးပါလိမ့်မယ်။ အမှတ်တရနေ့တွေမှာ လျှောက်သွားတာမျိုးလုပ်ပေးပါ --------------------------------------------------------------- ဓာတ်ပုံတွေရိုက်ပါ။ ကိုယ်တတ်နိုင်သလောက် လက်ဆောင်လေးတွေပေးပါ။ ဒီဓာတ်ပုံတွေကို နောင်အချိန်တွေမှာ Throw Back အဖြစ် ပြန်တင်ပါ။ ဒါဟာ နှစ်ယောက်ကြားကို နွေးထွေးစေပါတယ်။ ရုပ်ရှင်အတူတူကြည့်တာမျိုး ၊ ညစာအတူတူစားတာမျိုးကလဲ အချစ်တွေကိုပိုတိုးပွားစေပါတယ်။ ဒါတွေကတော့အကြမ်းဖျင်း Relationship ထိန်းသိမ်းနည်းလေးတွေပါ။ အကြံပေးချင်တာကတော့ အရမ်းချစ်တာမျိုးထက် သံယောဇဉ်ကြီးအောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုရင် အချစ်ထက် သံယောဇဉ်ကြိုးကပိုခိုင်မြဲလို့ပါ။ ချစ်သူများအားလုံး ပျော်ရွှင်ကြပါစေနော်။   Ref : https://www.marry.com.mm/blog/how-to-control-your-relationship-after-engagement
Thursday, 25 June 2020 17:53

ယောက်ျားတစ်ယောက်က သင့်အပေါ်ချစ်လာပြီဆိုရင်

အချစ်ဆိုတဲ့ စကားလုံးလေးက ပြောရင်သာလွယ်တာ သူ့မှာ အရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ် သင့်အနေနဲ့ သင့်နဲ့ သင့်တော်တဲ့ လူတစ်ယောက်နဲ့ တွေ့မှသာ လျှင် အချစ်ကို သင်ကောင်းမွန်စွာ မြင်တွေ့လာမှာပါ။ သင့်ကိုသူဂရုစိုက်လိမ့်မယ် - ပထမဦးစွာ သင့်ကို ယောက်ျားတစ်ယောက်က တကယ်ချစ်ပြီဆို သင့်ကိုပဲ သူ့ရဲ့ အာရုံစူးစိုက်မှု့တွေအားလုံးကို သူပေးထားတယ်။သင်နဲ့ ပတ်သက်သမျှ ကိစ္စ ရပ်သေးသေးလေးတွေက အစ သူသိနေမယ်။သူက သင့်ကိုပဲ အာရုံစိုက်တာကိုး သူ့ဖုန်းကို သင်ရှိနေရင်ပစ်ထားနိုင်မယ် သူကြည့်နေတဲ့ အက်ရှင်ကားကြမ်းကြမ်းတွေကို သူကြည့်နေရင်းတောင် သင်က လှမ်းခေါ်ရင်သူလုပ်နေတဲ့ အရာကို ပစ်ထားခဲ့လိမ့်မယ်။   သင့်ကိုသူအလိုလိုက်လိမ့်မယ် - သင်က ပစ္စည်းလေးတစ်ခုခု လိုချင်တယ်ပြောထားတယ်ဆိုပါစို့ သူဝယ်ပေးနိုင်ရင် ချက်ချင်းဝယ်ပေးလိမ့်မယ် မဝယ်ပေးနိုင်လည်း မှတ်ထားပြီး သူဝယ်ပေးနိုင်တဲ့ အချိန်မှာ သင်မသိအောင် သူဝယ်ပြီးလာပေးတာမျိုးတွေလုပ်တတ်တယ်။   သင့်အကြောင်းသူအမြဲစဉ်းစားနေသင့်တယ် - သူအမြဲ သင့်ကို ချစ်စရာ အပြုအမှုလေးတွေလုပ်တတ်တယ် သင့်ကိုစိတ်ချမ်းသာအောင်ထားတတ်တယ်။သင်နဲ့ ဝေးကွာနေရင်တောင် သူက သင့်နဲ့ ပျော်ခဲ့ဖူတဲ့ အချိန်လေးတွေကို ပြန်လည်တွေးတော နေတတ်တယ် ။သင့်ကို သတိရကြောင်း စာလေးတွေသူ့သင့်ကို ဖတ်လိမ့်မယ်။   အဆိုပါအချက်လေးတွေနဲ့ ပြည့်စုံနေရင်တော့သင်သေချာပါပြီ သင့်ကို သူက အတော်လေး ချစ်နေလို့ပါပဲ။သင့်အနေနဲ့ပျော်လိုက်ပါတော့ အနည်းဆုံးတော့ သင့်ကိုသူစိတ်ထဲရှိနေပါပြီ။
Thursday, 25 June 2020 11:06

ဂျစ်ပစီ သတိုးသမီးလေးရဲ့ လော်လီကားနဲ့တင်ရတဲ့ မင်္ဂလာဝတ်စုံကြီး

အမျိုးသမီးတွေအတွက် မင်္ဂလာဆောင်ဆိုတာ တစ်သက်မှာ တစ်ခါဆောင်ရတဲ့ အခိုက်အတန့်လေးပါ ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံ စိန့်လူးဝစ်မှ သတိုးသမီးလေးက သူ့ရဲ့ မင်္ဂလာဝတ်စုံကြီးကို သူမ အိမ်မက်ထဲကအတိုင်း အဖြူရောင် ဖားဖား ဂါဝန်ကြီးကို ဝတ်စဉ်ခဲ့ပါတယ် ထိုဂျစ်စီဂါဝန်ကြီးက ကြီးလွန်းသဖြင့် ၅၃ ပေ လော်လီကားနဲ့ တောင်သယ်ဆောင်ခဲ့ရပါတယ်တဲ့။