News & Tips

Monday, 28 September 2020 15:26

ဗြိတိန်မှာ လက်ထပ်မင်္ဂလာပွဲ တက်ရောက်သူဉီးရေ ပြင်ဆင်ချက်ကြောင့် ကမောက်ကမဖြစ်

လက်ထပ်မင်္ဂလာပွဲဆိုတာ ဘဝမှာ ပျော်စရာအိပ်မက်တစ်ခု အကောင်အထည်ပေါ်တာ ဖြစ်ပေမဲ့လည်း ကိုဗစ် ကူးစက်ရောဂါက အိပ်မက်ဆိုးများအဖြစ်သို့ပြောင်းလဲပစ်လိုက်တယ်။
Monday, 28 September 2020 12:24

၂၀၂၀ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေ   အလုပ်သစ်ရမည်။ သို့မဟုတ် လုပ်ငန်းသစ်ပေါ်မည်။ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းများ ကောင်းမည်။ နိုင်ငံရေးလုပ်ငန်းမှာ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ကြုံတွေ့ရလိမ့်မည်။မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝင်ငွေကောင်းသလို ထွက်ငွေလည်းကောင်းမည်။ ဆွေမျိုးထဲမှာ နာရေးပေါ်မည်။ အိမ်သို့သေတ္တာတစ်လုံးရောက်ပါက ကံညံ့မည်။ နေအိမ်သို့ အလှူဖိတ်စာ (သို့မဟုတ်) မင်္ဂလာဆောင်ဖိတ်စာ ရောက်ပါက ‘၂’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးညံ့သည်။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။   ယတြာ။ ။ တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ ရေ ၂၉ ခွက် သပ္ပါယ်ပါ။   တနင်္လာနေ့   ပဲ၊ ပြောင်း၊ နှမ်း ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ကောင်းမည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး ပြောင်းရွှေ့ရမည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်းရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ အိမ်ဆောက်ရန်ပန္နရိုက်ရလိမ့်မည်။ နွားနက်တစ်ကောင်ကို မြင်ပါ က ‘၆’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ အလှူဒါန ပြုလုပ်ရလိမ့်မည်။ အနုပညာလုပ်ငန်းမှာ အနှောင့်အယှက်ပေါ်မည်။ ပညာရေးမှာ ကံကောင်းပါသည်။ ပညာရေးနှင့်ပတ်သက်သော ဆုလာဒ်များ ရရှိမည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်မည်။ အချစ် ရေးညံ့ပါသည်။ ချစ်သူ၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၆၊ ၇၊ ၀ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုဇွန်ဆီရောင် ဖြစ်ပါသည်။   ယတြာ။ ။ တနင်္လာနေ့ တနင်္လာထောင့်မှာ ဂန့်ဂေါ် ၂၂ ညွန့်လှူပါ။     အင်္ဂါနေ့   အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ မော်တော်ကားပွန်းမည်။ ပိန်မည်။ ပျက်မည်။ ရွှေအတွက် သောကရောက်မည်။ နိုင်ငံခြားသို့ အလုပ်ကိစ္စကြောင့် ခရီးထွက်ရမည်။ နိုင်ငံရေးလုပ်ပါက အရေးကြီးသောနိုင်ငံရေးဆောင်ရွက်မှုကြီးကို ပြုလုပ်မည်။ အမိ,အဖ တစ်ဦးဦး ကျန်းမာရေးညံ့မည်။ စာချုပ်စာတမ်းပြုလုပ်ရမည်။ ကြွေးကိစ္စစကားပြောရမည်။ အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ နေအိမ်သို့ ခေါင်းအုံး (သို့မဟုတ်) ဖက်ခေါင်းအုံး ရောက်ပါက ‘၂’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုနှေးကွေး နေပါသည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးသာယာပါသည်။ လက်ထပ်မင်္ဂလာပြုရန်အတွက် ရက်ရွေးရလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မဲနယ်ရောင် ဖြစ်ပါသည်။   ယတြာ။ ။ အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ နွားနို့ထမင်းကပ်လှူပါ။     ဗုဒ္ဓဟူးနေ့   ငွေအတွက် သောကရောက်ပြီးမှ အဆင်ပြေသွားမည်။ ဘုရားဖူးခရီးထွက်ရမည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ စပ်တူရှယ်ယာလုပ်ငန်းမှာ အောင်မြင်မည်။ ဆေးရုံသို့လူနာမေး (သို့မဟုတ်) လူနာပို့သွားရမည်။ လူမှုရေး လုပ်ငန်း၊ ပရဟိတလုပ်ငန်းများ ပေါ်မည်။ နေအိမ်သို့သေတ္တာတစ်လုံး ရောက်လာပါက ကံညံ့မည်။ ရွှေလုပ်ငန်းမှာ အရှုံးပေါ်မည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် အသည်းရောဂါရမည်။ အချစ်ရေးမှာ အူလည်လည်ဖြစ်နေသော အချိန်ဖြစ်ပါသည်။ အိမ်ထောင်ရေးမှာလည်း ကောင်းသလို၊ မကောင်းသလို ဖြစ်နေပါသည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။   ယတြာ။ ။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး ၄ လက်လှူပါ။     ကြာသပတေးနေ့ အနုပညာလုပ်ငန်းမှာ အဟန်အတားပေါ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ရေလုပ်ငန်းမှာ ရာသီဥတုဒဏ်ကြောင့် အပျက်အစီးနှင့် ဆုံးရှုံးမှုရှိမည်။ နိုင်ငံခြားငွေအတွက် သောကရောက်မည်။ နိုင်ငံရေးလုပ်ငန်းမှာ စိန်ခေါ်မှုများနှင့် ကြုံရမည်။ ရရန်ရှိသောငွေများ ဝင် မည်။ ဆိုင်နေရာ၊ ဆိုင်ခန်းအတွက် အဌား (သို့မဟုတ်) အရောင်းအဝယ် ဖြစ်မည်။ မော်တော်ဆိုင်ကယ်အတွက် သောကများမည်။ နေအိမ်သို့ ဖရဲသီးတစ်လုံးရောက်ပါက ‘၄’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ နိုင်ငံခြား ပညာတော်သင် ရွေးချယ်ခံရမည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ အဆင်မပြေဖြစ်နေသော အချစ်ရေးမှာ ပြန်ပြီး အဆင်ပြေသွားလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၄၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲဖြူရောင် ဖြစ်ပါသည်။   ယတြာ။ ။ ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ထောပတ်သီး ၅ လုံး ကပ်လှူပါ။   သောကြာနေ့ ရပ်ဝေးမှ (သို့မဟုတ်) နိုင်ငံခြားမှ ငွေရောက်မည်။ မြေ၊ ခြံ၊ အိမ်ဝိုင်း၊ လယ်မြေ၊ ယာမြေ တစ်မျိုးမျိုး အရောင်းအဝယ်ဖြစ်မည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။ အိမ်ဆောက်ရန်ပန္နက်ရိုက်ရမည်။ ဝန်ထမ်းဖြစ်ပါက လစာတိုး၊ ရာထူးတိုး သတင်းကြားရမည်။ လမ်းထဲမှာ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ ဆွေမျိုးညီအစ်ကို မောင်နှမတစ်ဦးဦးနှင့် ငွေကြေးကိစ္စကို အကြောင်းပြုပြီး စကားများရလိမ့်မည်။ ခြံထဲမြွေဝင် (သို့မဟုတ်) လမ်းပေါ်မြွေမြင် (သို့မဟုတ်) အိမ်ပေါ်မြွေတက်ခဲ့သော် ‘၅’ အစ ‘၇’ အဆုံး အစိုးရထီထိုး ပါ။ ပညာရေးရည်မှန်းချက် အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် မျက်စိရောဂါကုသရလိမ့်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပိတောက်ခြောက်ရောင် ဖြစ်ပါသည်။   ယတြာ။ ။ သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ သာကူ ကပ်လှူပါ။     စနေနေ့ ဈေးရောင်းဈေးဝယ် ကောင်းမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ နိုင်ငံခြားခရီးအတွက် လေယာဉ်လက်မှတ်ဝယ်ရလိမ့်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရမည်။ လယ်ယာမြေဆန္ဒပြပွဲ၊ စက်ရုံအလုပ်ရုံဆန္ဒပြပွဲ များမှာ ဦးဆောင်ရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲအနည်းငယ်ပေါ်မည်။ နေအိမ်သို့ စက်ဘီးတစ်စီးဝင်ပါက ‘၃’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် အူရောင်မည်။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အခြေအနေမကောင်းပါ။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။   ယတြာ။ ။ စနေနေ့ စနေထောင့်မှာ ထီးနီ ၉ လက်ကပ်လှူပါ။     Source: 1875
Friday, 25 September 2020 13:23

အရောင်တွေကပြောတဲ့ အဓိပ္ပါယ် အပိုင်း(၂)

ခုနောက်ပိုင်းမှာတော့ Wedding Dress ကို အရောင်မျိုးစုံနဲ့ လှသထက်လှအောင် ဝတ်ဆင်လာကြပါတယ်။     ဒါကြောင့် Wedding Guide ရဲ့ သတို့သမီးလေးတွေ မင်္ဂလာဝတ်စုံလေးတွေ ရွေးချယ်တဲ့ အခါ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်လေးတွေက ဘယ်လို အဓိပ္ပါယ်ရှိတယ်ဆိုတာကို သိနိုင်အောင် အရောင်လေးတွေရဲ့ အဓိပ္ပါယ်ကို မျှဝေပေးမှာဖြစ်ပါတယ်။   Gold     ရွှေရောင်ဝတ်စုံဟာ အခုနောက်ပိုင်း အသုံးများဆုံးအရောင်ဖြစ်ပါတယ်။ ရွှေရောင်ဟာဆိုရင် ဘယ်လို သားရောင်နဲ့ မအဆို တောက်ပ လိုက်ဖက်မှုရှိပြီး လူအများကြားထဲမှာ ပေါ်လွင်နေစေပါတယ်။ ရွှေရောင်ရဲ့ အဓိပ္ပါယ်လေးကတော့ ကြွယ်ဝမှု၊ ကြော့ရှင်းမှု၊ ပျော်ရွှင်မှု တို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။ သတို့သမီးလေးတွေအတွက် ဦးစားပေးရွေးချယ်သင့်တဲ့အရောင် ဆိုလဲ မမှားပါဘူးနော်။   Pink   ပန်းရောင်ဝတ်စုံဟာ မြန်မာလူမျိုးများအတွက် မင်္ဂလာအရောင်ဖြစ်ပါတယ်။ ပန်းရောင်ဟာဆိုရင် အသားဖြူသူများနဲ့ အသားလတ်သူများအတွက်ပို သင့်တော်တဲ့ အရောင်ပဲဖြစ်ပါတယ်။ ပန်းရောင်ရဲ့ အဓိပ္ပါယ်လေးကတော့ အပြစ်ကင်းစင်ခြင်း၊ လတ်ဆတ်မှု၊ စင်ကြယ်ခြင်း၊ ချစ်ခြင်း  တို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။   Blue     အပြာရောင်ဝတ်စုံဟာ မြန်မာနိုင်ငံမှာတော့ အသုံးနဲတယ်လို့ ပြောလို့ရတဲ့ အရောင်ဖြစ်ပါတယ်။  အပြာရောင်ဟာ ရေနှင့်ပင်လယ် ဆက်နွယ်နေတဲ့ အရောင်လို့ ပြောကြပါတယ်။ အပြာရောင်ရဲ့ အဓိပ္ပါယ်လေးကတော့ တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ရာသက်ပန်သစ္စာရှိမှု  တို့ကို ဖော်ပြပေးတဲ့ အရောင်လေးဖြစ်ပါတယ်။     By SD (Myanmar Wedding Guide)
Tuesday, 22 September 2020 10:43

လက်ထပ်ထိမ်းမြားသည့် စုံတွဲများ ဘဝထူထောင်ရေးအတွက် ကန်ဒေါ်လာ ၅၇၀၀ ခန့် ဂျပန်အစိုးရ ထောက်ပံ့မည်

ဂျပန်နိုင်ငံအစိုးရက လာမည့်ဧပြီလမှစပြီး လက်ထပ် ထိမ်းမြားသည့်စုံတွဲများအား ဘဝအသစ်တည်ထောင်ရာ တွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်သည့်အနေဖြင့် ယန်း ခြောက်သိန်း (အမေရိကန်ဒေါ်လာ ၅၇၀၀) ခန့်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Monday, 21 September 2020 16:46

၂၀၂၀ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေနေ့ သားသမီးများ   ဝင်ငွေကောင်းမည်။ ရရန်ရှိသောငွေများအတွက် သတင်းကောင်းကြားရမည်။ လယ်ယာမြေလုပ်ငန်းများ ကောင်းမွန်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ် ဖြစ်မည်။ ဆိုင်ကယ်အသစ်ဝင်မည်။ ဈေးရောင်းဈေးဝယ် ကောင်မည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ မေးခဲ့သော် ကောင်း၏။ ဝန်ထမ်းဖြစ်ပါက ရာထူတိုး၊ လစာတိုး သတင်းကြားရမည်။ နေအိမ်သို့ မျက်နှာသုတ်ပုဝါတစ်ထည် ရောက်လာပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှု မရှိပါ။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါရမည်။ အချစ်ရေးညံ့သည်။ ချစ်သူဟောင်းက ဒုက္ခပေးမည်။ အိမ်ထောင်ရေးလည်း အခြေအနေမကောင်းပါ။ ကံကောင်းသောဂဏန်းများမှာ ၇၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အုန်းခွံရောင် ဖြစ်ပါသည်။   ယတြာ - တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ ဆွမ်း ၃ ပွဲ၊ သကြားဖြူးပြီး ကပ်လှူပါ။     တနင်္လာနေ့ သားသမီးများ   မြေအရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ ငွေအတွက် အနည်းငယ် သောကရောက်မည်။ဆွေမျိုးထဲမှာ နာရေးသတင်းကြားရမည်။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကောင်းမည်။ လယ်ယာမြေသုံး စက်ပစ္စည်း ဝင်မည်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်သမား၊ ဝန်ထမ်း ဖြစ်ပါက ရပိုင်ခွင့်များအတွက် ဆန္ဒဖော်ထုတ်ရလိမ့်မည်။ နိုင်ငံရေး လှုပ်ရှားမှုကြီးကို ဦးဆောင်ရလိမ့်မည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်လည်း ဈေးကောင်းရမည်။ နေအိမ်သို့ ပန်ကာ (သို့မဟုတ်) ယတ်တောင်တစ်ချောင်း ရောက်လာပါက ‘၃’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းများ ရရှိမည်။ ကျန်းမာရေးအနေဖြင့် မျက်စိရောဂါကုသရလိမ့်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူ၏ နားလည်ခွင့်လွှတ်မှုကြောင့် စိတ်ချမ်းသာမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။   ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ခရေ ၂၄ ညွန့်ကပ်လှူပါ။   အင်္ဂါနေ့ သားသမီးများ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ဖိအားများမည်။ဆိုင်သစ်ဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းသစ်များ စတင်လုပ်ခြင်း ပြုလုပ်ပါက အောင်မြင်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှ သတင်းကောင်းကြားရမည်။လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းအတွက် ခရီးထွက်ရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။ဆွေမျိုးများနှင့် အလှူအတွက် အစီအစဉ် ပြုလုပ်ရလိမ့်မည်။ နေအိမ်သို့ ကုလားထိုင်တစ်လုံး (သို့မဟုတ်) ကုလားထိုင်အများရောက်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် အိပ်မပျော်သော ရောဂါရမည်။ အချစ်ရေးမှာ ချစ်သူ၏ စိမ်းကားမှုကို ခံရမည်။ အိမ်ထောင်ရေးလည်း ညံ့ပါသည်။ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပိတောက်ခြောက်ရောင် ဖြစ်ပါသည်။   ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ စပါယ် ၃ ကုံးကပ်လှူပါ။     ဗုဒ္ဓဟူးနေ့ သားသမီးများ ငွေအတွက် စိတ်ညစ်ရလိမ့်မည်။ ဆန်၊ စပါး ရောင်းဝယ်ကောင်းမည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ မြေအရောင်းအဝယ်အတွက် စရံငွေ အပေးအယူ ပြုလုပ်ရလိမ့်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရလိမ့်မည်။ အနုပညာလုပ်ငန်းအတွက် သတင်းကောင်းကြားရမည်။ အလှူဒါန ပြုလုပ်ရလိမ့်မည်။ နေအိမ်အနီးအနားမှာ ပျားစွဲမည် သို့မဟုတ်ပါက နေအိမ်သို့ ပျားရည်ရောက်မည်။ ထိုသို့ဖြစ်ပါက ‘၄’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ စန်းပွင့်နေပါသည်။ ချစ်သူမရှိပါက ချစ်သူရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ချောကလက်ရောင် ဖြစ် ပါသည်။   ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရေသက်စေ့ ကပ်လှူပါ။   ကြာသပတေးနေ့ သားသမီးများ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။ နိုင်ငံခြားမှ သတင်းကောင်းကြားရမည်။ လယ်ယာလုပ်ငန်းများအတွက် အကူအညီရမည်။ အဖွဲ့အစည်း (သို့မဟုတ်) ဘဏ်မှာ ချေးငွေတင်ထားပါက ရ လိမ့်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ စိတ်ညစ်စရာ ပေါ်မည်။ မိသားစုနှင့်ပတ်သက်သော စီးပွားရေးအောင်မြင်မည်။ လ္ဘက်စို၊ လ္ဘက်ခြောက်များ လက်ဆောင်ရောက်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ကျန်းမာရေးအနေဖြင့် ခါးနာ၊ ခါးကိုက် ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မဲနယ်ပြာရောင် ဖြစ်ပါသည်။   ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ထောပတ်သီး ၅ လုံး ကပ်လှူပါ။   သောကြာနေ့ သားသမီးများ ငွေအတွက် သောကရောက်ပြီး အဆင်ပြေသွားလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး၊ လစာတိုး သတင်းကြားရမည်။ နေအိမ်အနီးအနားမှာ နာရေးပေါ်မည်။ ပေါ်ပါက ဖိနပ်ဟောင်းတစ်ရံစွန့်ပစ်ပါ။ နိုင်ငံရေးလှုပ်ရှားမှုများမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်။ ဆွေမျိုးတစ်ဦး၏ အမှုကိစ္စကို ကူညီရမည်။ စက်ပစ္စည်းအတွက် ငွေကုန်မည်။ မော်တော်ကားမှု အနည်းငယ် ဖြစ်မည်။ အမိ,အဖ တစ်ဦးဦး ကျန်းမာရေး ညံ့မည်။ ကြက် ၂ ကောင်ခွပ်နေသည်ကို မြင်ပါက ‘၂’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်ရောဂါရမည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် စိတ်သဘောကွဲလွဲမည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျေးဥရောင် ဖြစ်ပါသည်။   ယတြာ - သောကြာနေ့ သောကြာထောင့်မှာ ရွှေထီး ၄ လက် ကပ်လှူပါ။   စနေနေ့ သားသမီးများ အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ဝင်ငွေကောင်းမည်။ လယ်ယာမြေ အရောင်းအဝယ်ဖြစ်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေရမည်။ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး သောကရောက်မည်။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ ဘုရားဆင်းတုတော်တစ်ဆူ ကြွမည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ နေအိမ်သို့ ကစွန်းဥများရောက်လာပါက ‘၅’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုမရှိပါ။ ကျန်းမာရေးအနေဖြင့် အသည်းရောဂါဖြစ်မည်။ အချစ်ရေး သာယာပါသည်။ အိမ်ထောင်ရေးလည်း အခြေအနေကောင်းပါသည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဒေါင်းမြီးစိမ်းရောင် ဖြစ်ပါသည်။   ယတြာ - စနေနေ့ စနေထောင့်မှာ ထီးဖြူ ၅ လက်ကပ်လှူပါ။     Source: MinTheinKha
Friday, 18 September 2020 11:28

Lee Min-jung နှင့် Lee Byun Hun တို့ကို ကြည့်ပြီး အိမ်ထောင်ပြုချင်စိတ် ပေါက်တယ်လို့ Lee Sang Yeob ဖွင့်ဟဝန်ခံ

ရုပ်ရှင်သရုပ်ဆောင် Lee Sang Yeob က မင်းသမီး Lee Min-jung နဲ့ မင်းသား Lee Byun Hun တို့စုံတွဲကို ကြည့်ပြီး အားကျမိတာကြောင့် သူလည်း လက်ထပ်ထိမ်းမြားလိုကြောင်း စက်တင်ဘာ ၁၄ ရက်နေ့တွင် စာနယ်ဇင်းများနှင့်တယ်လီဖုန်းဖြင့် အင်တာဗျူးလုပ်ခဲ့တာမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။ အင်တာဗျူးမှာ သူက 'Once Again' မှာ Lee Min-jung က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားလို့ အတူတကွ သရုပ်ဆောင်ဖြစ်ကြကြောင်း ပြောပြပါတယ်။ Lee Sang Yeob က“ Lee Min-jung ကို အရင်ကတည်းက ကျွန်တော်သိပြီးသားပါ။ ဒါကြောင့် သူမနဲ့အတူ အလုပ်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ သူ့ခင်ပွန်း Lee Byung Hun ကလည်း ကျွန်တော်တို့ရဲ့ဒရာမာကို စောင့်ကြည့်နေပြီး သူကအကြံဉာဏ်ကောင်းတွေ အများကြီးပေးခဲ့တယ်” လို့ ပြောပါတယ်။     မင်းသမီးက Lee Min-jung သည်မိသားစုကို ဦး စားပေးသူဖြစ်ကြောင်းလည်း သူက ပြောပြတယ်။ သူမရဲ့ သားကို ရိုက်ထားတဲ့ ဗီဒီယိုများကို အမြဲကြည့်နေပြီး သားရဲ့ ဓာတ်ပုံများကိုလည်း ရိုက်ကွင်းမှာ အချိန်ရတိုင်း ဖုန်းမှာ ဖွင့်ကြည့်လေ့ရှိတယ်လို့ Lee Min-jung က ပြောပြတယ်။သူက ဆက်ပြီးပြောပြတာမှာ “ ငါတို့အနားယူချိန်မှာ သူကို ကြည့်လိုက်ရင် ဖုန်းစခရင်ကို ကြည့်ရင်း ပြုံးနေတာကို တွေ့ရတယ်။ Lee Byun Hun က သားရဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ပြီး ပို့ပေးလိုက်တာကို ကြည့်ရင်း ပြုံးပျော်နေတာ "     သူက Lee Lee Min-jung ကို ကြည့်ပြီး မကြာမီ လက်ထပ်လိုက်ဖို့ ဆန္ဒဖြစ်မိတယ်လို့ ပြောပါတယ်။ Lee Min-jung နှင့် Lee Byun Hun တို့က ၂၁၀၃ ခုနှစ် ဩဂုတ်လမှ လက်ထပ်ခဲ့ကြတာဆိုတော့ အိမ်ထောင်သက်တမ်း ၇ နှစ်ကျော်ပါပြီ။ သားလေးကို ၂၀၁၅ ခုနှစ် မတ်လမှာ မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် ၅ နှစ်သား ရှိပါပြီ။ ရုပ်ရှင်လောကသားတွေအကြား အားကျစရာ ချမ်းမြေ့တဲ့ မိသားစုဘဝတစ်ခုကို ရရှိနေကြပါတယ်။     Source: news.sbs.co.kr
Monday, 14 September 2020 11:23

၂၀၂၀ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

တနင်္ဂနွေ   အလုပ်အတွက် အင်တာဗျူးဝင်ရမည်။ အောင်မြင်မည်။ ဝင်ငွေကောင်းမည်။ လယ်ယာသုံးစက်ပစ္စည်းဝင်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ စိတ်ညစ်ရမည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။ အမှုအတွက် သတင်းကောင်းကြားရမည်။ ရေလုပ်ငန်း နှင့် ရေထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကောင်းမည်။ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ နားရေးပေါ်ပါက ဖိနပ်ဟောင်းတစ်ရံစွန့်ပစ်ပါ။ နေအိမ်ပေါ်သို့လည်းကောင်း၊ နေအိမ်ခြံဝန်းထံသို့လည်းကောင်း လိပ်တစ်ကောင်ဝင်ပါက ‘၂’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထပ်မင်္ဂလာပြုရကိန်းရှိသည်။   ကံကောင်းသောဂဏန်းများမှာ ၂၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။   ယတြာ။ ။ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ အုန်းထမင်း ကပ်လှူပါ။     တနင်္လာ   အိမ်ပြင်၊ အိမ်ဆောက်ကိန်းရှိသည်။ မော်တော်ကား အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံခြားမှ သတင်းကောင်းရောက်မည်။ နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး အကျိုးအမြတ်ရမည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ မော်တော်အတွက် ငွေကုန်မည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ရောင်းကုန်ဝယ် ကောင်းမည်။ လုပ်ငန်းသစ်ပေါ်မည်။ သို့မဟုတ်ပါက ဆိုင်သစ်ဖွင့်ရမည်။ နိုင်ငံရေးလုပ်ပါက အတိုက်အခံများ၏ ထိုးနှက်မှုကို အကြီးအကျယ်ခံရလိမ့်မည်။ နေအိမ်သို့ ဘူးသီးတစ်လုံးရောက်လာပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျီးပေါင်း ရောဂါရမည်။ အချစ်ရေးမှာ ချစ်သူ၏ စွန့်ခွာသွားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း ပေါက်ကွဲလုနီးပါး အခြေအနေမျိုး ဖြစ်ပါသည်။   ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကျောက်စိမ်းရောင် ဖြစ်ပါသည်။   ယတြာ။ ။ တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ သက်သက်လွတ် ကြာဇံကြော် ကပ်လှူပါ။     အင်္ဂါ လယ်ယာမြေ (သို့မဟုတ်) အိမ်ဝိုင်း အရောင်းအဝယ် ဖြစ်မည်။ ရွှေဝင်မည်။ ဝင်ငွေကောင်းမည်။ နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ၎င်းစပ်တူရှယ်ယာလုပ်ငန်းမှာ ပြဿနာအနည်းငယ် ဖြေရှင်းရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ စာချုပ်စာတမ်းတစ်ခုပြုလုပ်ရမည်။ သော့ပျောက်မည်။ အိမ်အနီးအနားမှာ နာရေးပေါ်မည်။ နေအိမ်သို့ အပ်ချုပ်စက်တစ်လုံးရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ နိုင်ငံခြားပညာတော်သင်ရွေးချယ်ခံရသော သတင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူနှင့်အတူ အလှူပေါ်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။   ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မရမ်းစေ့ရောင် ဖြစ်ပါသည်။   ယတြာ။ ။ အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ ခု ကပ်လှူပါ။     ဗုဒ္ဓဟူး   အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်း (သို့မဟုတ်) လုပ်ငန်းနေရာပြောင်း ဖြစ်မည်။ ဆေးရုံသို့ လူနာပို့၊ လူနာမေးသွားရမည်။ ရပ်ဝေးမှ ငွေရောက်မည်။ သို့မဟုတ် ရပ်ဝေးသို့ ငွေပို့ရလိမ့်မည်။ နေအိမ်သို့ သေတ္တာတစ်လုံးရောက်ပါက ကံညံ့မည်။ နိုင်ငံရေးလုပ်ပါက နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်မည်။ သူခိုးခိုးခံရတတ်ပါသည်။ သတိထားပါ။ နေအိမ်သို့ မြေအိုး (သို့မဟုတ်) စဉ့်မြေအိုး တစ်လုံးရောက်ပါက ‘၇’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေမကောင်းပါ။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးညံ့ပါသည်။ ချစ်သူ၏ အထင်မှားမှုကို ခံရမည်။ အိမ်ထောင်ရေးမှာလည်း သာယာမှုမရှိပါ။   ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကာကီရောင် ဖြစ်ပါသည်။   ယတြာ။ ။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ကံကော် ၉ ညွန့်၊ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့် ကပ်လှူပါ။     ကြာသပတေး   တိုက်ခန်း၊ အိမ်ခန်း လျှောက်ထားပါက သတင်းကောင်းရမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ အခက်အခဲပေါ်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုး စာမေးပွဲ ဖြေရမည်။ အောင်မြင်မည်။ ဆိုင်ကယ်အတွက် သောကများမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဆွေမျိုးအကြီးအကဲတစ်ဦးထံမှ အကူအညီရမည်။ နေအိမ်မှာ ပိုးဟပ်များပျံဝဲနေပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ တိုးတက်မှုရှိပါသည်။ ကျန်းမာရေးအနေဖြင့်ခါးနာမည်။ အချစ်ရေးမှာ ကံညံပါသည်။ ချစ်သူနှစ်ဦးကြားမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း မကောင်းပါ။   ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။   ယတြာ။ ။ ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ရွှေထီး ၄ လက်ကပ်လှူပါ။   သောကြာ မော်တော်ပြင်ရမည်။ မြေအရောင်းအဝယ်အတွက် စရံငွေအပေးအယူ စာချုပ်ချုပ်ဆိုရလိမ့်မည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ရောင်းကုန်ဝယ် ကောင်းမည်။ ကြွေးပြန်ဆပ်နိုင်မည်။ ကုသိုလ်ကောင်းမှု ပြုလုပ်ရမည်။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်းမှာ ထူးထူးခြားခြား ကောင်းမွန်မည်။ မြွေတွေ့ပါက (သို့မဟုတ်) မြွေကိုအိမ်မက်ထဲမှာ မြင်မက်ပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးမှာ သာယာပါသည်။ ချစ်သူနှင့်အတူ မင်္ဂလာခန်းဝင်ပစ္စည်းများ အတူသွားဝယ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။   ကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုလဲရောင် ဖြစ်ပါသည်။   ယတြာ။ ။ သောကြာနေ့ သောကြာထောင့်မှာ ဆွမ်းပေါ်မှာ သကြားတင်ပြီး ကပ်လှူပါ။     စနေ   နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ အိမ်နေရာ အရွှေ့အပြောင်း ပေါ်မည်။ အဝတ်အထည်သစ်ဝင်မည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ စပ်တူရှယ်ယာလုပ်ငန်းပေါ်မည်။ တင်ဒါ၊ ပါမစ် အပြိုင်အဆိုင်ကိစ္စမှာ ညစ်ပတ်ခံရမည်။ တယ်လီဖုန်းပျောက်မည်။ ရွှေလုပ်ငန်းမှာ အကျိုးအမြတ်ရမည်။ နိုင်ငံခြားငွေအတွက် သောကရောက်မည်။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ ပညာရေးမှာ ကြိုးစားမှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် အာရုံကြောအားနည်းသည့် ရောဂါအနည်းငယ်ဖြစ်မည်။ အချစ်ရေးမှာ ချစ်သူ၏ ကတိမတည်မှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆူပူမှုကိုခံရမည်။   ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။   ယတြာ။ ။ စနေနေ့တွင် နေအိမ်ဘုရားစင်မှာ မြေဇာ ၉ ညွန့်၊ အုန်း ၉ ညွန့်၊ ရွက်လှ ၉ ညွန့် လှူပါ။     Credit: mintheinkha
Thursday, 10 September 2020 15:14

သင့်ကို နှလုံးရပ်သွားအောင်လုပ်မယ့် Arkansas စုံတွဲ မင်္ဂလာဆောင်ဓာတ်ပုံများ

Arkansas လို့ခေါ်တဲ့ စုံနှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေက သင့်အတွက် ရင်သပ်ရှုမောစရာ ကောင်းမှာတော့ အသေအချာပါဘဲ။
Wednesday, 09 September 2020 14:18

Yulhee နဲ့ Minhwan တို့ရဲ့ အမှတ်တရ နေ့ရက်များ

အသက်ငယ်ငယ်ရွယ်ရွယ် အောင်မြင်နေတဲ့ idol တစ်ဦးအဖြစ် ရပ်တည်နေတုန်း အိမ်ထောင်ပြုခဲ့တာကြောင့် ဝေဖန်မှုတွေခံခဲ့ရပါတယ်။