News & Tips

Thursday, 19 November 2020 16:06

ချစ်သူဟောင်းနဲ့ပြန်တွဲခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

ချစ်သူဟောင်းနဲ့ ပြန်တွဲလိုက် ပြီးရင် ပြန်ပြတ်လိုက် ဖြစ်နေတာက သင့်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ မစ်ဇူရီတက္ကသိုလ်က မိသားစုသိပ္ပံပညာ ပါမောက္ခ Kale Monk က ချစ်သူဟောင်းနဲ့ ပြန်တွဲခြင်းဟာ စိတ်ပင်ပန်းမှု၊ စိတ်ဒုက္ခ၊ စိတ်ကျဝေဒနာ စတဲ့ ကျန်းမာရေး ပြဿနာတွေရှိလာနိုင်တယ်လို့ ပြောဆိုထားပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့လမ်းခွဲရတာ ပြတ်လို့ အသည်းကွဲရတာဟာ ပုံမှန်အခြေအနေဖြစ်ပြီး အချိန်အားဖြင့် ယာယီသာခံစားရတာဖြစ်ပါတယ်။
Wednesday, 18 November 2020 17:51

လက်ထပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ အတွေးကို ထုတ်ဖော်ပြောပြခဲ့တဲ့ f(x) Krystal

Kpop girl group f(x) အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ Krystal က လပ်ထပ်ခြင်းနဲ့ပတ်သက်ပြီး သူမရဲ့ အတွေးတွေကို ခုလိုပဲ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားခဲ့တာပါ။
Wednesday, 18 November 2020 11:42

မိန်းကလေးတွေ သဘောကျတဲ့ ရိုးရှင်းပြီး Romantic ဆန်တဲ့ လက်ထပ်ခွင့်တောင်းနည်းများ

ကိုယ့်ချစ်သူယောကျာ်းလေးက လက်ထပ်ခွင့်တောင်းတဲ့ အချိန်ဟာ လက်ထပ်ခွင့် အတောင်းခံရတဲ့ မိန်းကလေးအတွက်ကော၊ လက်ထပ်ခွင့်တောင်းတဲ့ ချစ်သူယောကျာ်းလေးအတွက်ပါ နှစ်ခါ ပြန်မရနိုင်တဲ့ အချိန်မျိုးပါ။ အဲဒီအချိန်မှာ နှစ်ယောက်စလုံး ခံစားရမယ့် ခံစားချက်ဟာ ဘဝမှာ သေတဲ့အချိန်အထိဘယ်သောအခါမှ မေ့ပစ်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ လက်ထပ်ခွင့်အတောင်းခံရမယ့် သတို့သမီးလောင်းလေး တွေအတွက်ကော၊ လက်ထပ်ခွင့်တောင်းမယ့် သတို့သားလောင်း တွေအတွက်ပါ အဆင်ပြေဆုံးဖြစ်စေမယ့် လက်ထပ်ခွင့်တောင်းနည်း တွေကို ပြောပြပေးချင်ပါတယ်။ ၁။ ချစ်သူမိန်းကလေးရဲ့ မိသားစုတွေရှိတဲ့အချိန်     တစ်ကယ်လို့ ကိုယ့်ရဲ့ ချစ်သူမိန်းကလေးဟာ မိသားစုဝင်တွေနဲ့ အမြဲလိုလို ဆုံးဖြတ်ချက်တစ်ခုခုချတိုင်း တိုင်ပင်နှီးနှောတတ်တဲ့ မိန်းကလေးတစ်ယောက် ဆိုရင်တော့ သူမနဲ့ သူမမိသားစုဝင်တွေ အတူတူရှိနေတဲ့ အချိန်မျိုးမှာ ရုတ်တရက် အံ့သြသင့်သွားအောင် လက်ထပ်ခွင့်တောင်းခံသင့်ပါတယ်။ သူမရဲ့ မိသားစုဝင်တွေနဲ့ အတူတူရှိနေတဲ့အချိန်ဆိုရင် နောက်မတွန့်ပဲ သင့်ကိုချက်ချင်း အဖြေပြန်ပေးနိုင်မယ့်အပြင် သင့်ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံဖို့ ရာခိုင်းနှုန်းပိုများပါတယ်။   ၂။ နှစ်ယောက်တည်း ခရီးအတူတူသွားနေတဲ့အချိန်   ဒါကတော့ တော်တော်လေးကို cool ဖြစ်မယ့် လက်ထပ်ခွင့်တောင်ခံမှုပုံစံတစ်ခုပါ။ ညနေခင်း အချိန်လေး၊ နောက်ခံမြင်ကွင်းက အဆုံးမရှိတဲ့ တောင်တန်းကြီး ဒါမှမဟုတ် အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီး၊ လေနုအေးအေးလေးတွေ တိုက်ခတ်နေတဲ့အချိန်မျိုး၊ ဒီလောက်ကောင်းတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ ချစ်သူရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်မယ်ဆိုရင် စဉ်စားလိုက်တာနဲ့ အတွေးနဲ့တင် စိတ်ရော၊ ကိုယ်ပါ နွေးထွေးသွားစေနိုင်တဲ့ ခံစားမှုမျိုးပါ။   ၃။ စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေတဲ့အချိန်     ဒီလိုလက်ထပ်ခွင့်တောင်းခံတာကတော့ ချစ်သူစုံတွဲ တော်တော်များများ လုပ်လေ့ လုပ်ထရှိတတ်ပါတယ်။ နှစ်ယောက်အတူ ညစာစားပြီးလို့ စကားစမြည်ပြောနေရင်း ရုတ်တရက် ချစ်သူကောင်လေးက ဒူးထောက်ထိုင်ချလိုက်ပြီး စကားလေးတွေ ပြောပြီး လက်ထပ်ခွင့်တောင်းရတာ တော်တော်အရသာရှိပါတယ်။   ၄။ အိမ်မှာ အတူတူရှိနေတဲ့အချိန်   ဒါကတော့ နှစ်ယောက်စလုံးဟာ အေးအေးဆေးဆေး သက်သက်သာသာဖြစ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်ရင် အိမ်မှာ ၂ ယောက်အတူတူ ရှိနေတဲ့အချိန် လက်ထပ်ခွင့်တောင်းတာ အကောင်းဆုံးပါပဲ။ ဒီဟာကလည်း အေးအေးဆေးဆေး နေတတ်တဲ့ အတွဲတွေအတွက်တော့ တော်တော်လေး သက်တောင့်သက်သာဖြစ်စေတဲ့ လက်ထက်ခွင့်တောင်းတဲ့ အချိန်တစ်ခုပါပဲ။   Ref: Aunty May
Tuesday, 17 November 2020 14:24

MEMORY! ရုပ်ရှင်ပွဲတော်မှ မျိုးဆက်သစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူများအတွက် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ကူညီပံ့ပိုးပေးမည်။

ယခုနှစ်တွင် MEMORY! ပွဲတော်အနေဖြင့် ကျန်းမာရေး အကျပ်အတည်းများကြောင့် MEMORY နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော လူအများ စုဝေး၍ ရုပ်ရှင်များ ပြသခြင်းကို ကျင်းပပြုလုပ် နိုင်တော့မည် မဟုတ်ဘဲ အခြေအနေပေါ် မူတည်၍ ၂ဝ၂၁ ခုနှစ်တွင်သာ ပြန်လည်ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။
Tuesday, 03 November 2020 14:15

ကိုဗစ်ကြောင့် မင်္ဂလာပွဲ ရွှေ့ဆိုင်းလိုက်ရတဲ့ ဆယ်လီများ အနုပညာရှင်များ

ကိုဗစ်ကြောင့် (၂ဝ၂ဝ)ထဲမှာ မင်္ဂလာ ပွဲ စီစဉ်ထားသူ တစ်ချို့ အခက်ကြုံ ခဲ့ရပါတယ်။မျှော်လင့်မထားတဲ့ ကပ်ရောဂါ ဆိုး ကြောင့် မင်္ဂလာ ပွဲ ရွှေ့ဆိုင်းခဲ့ရတဲ့ ဆယ်လီတွေ အကြောင်းကို Glamour မှာ အခုလို ဖော်ပြထားပါတယ်။
Monday, 02 November 2020 10:45

၂၀၂၀ခုနှစ် ၊ နိုဝင်ဘာလအတွက် ၇ရက်သား၊ သမီး ကံကြမ္မာ

Wedding Guide ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ၂၀၂၀ခုနှစ် ၊ နိုဝင်ဘာလအတွက် ၇ရက်သား၊ သမီး ဗေဒင် မျှဝေပေးလိုက်ပါတယ်နော်။
Sunday, 01 November 2020 12:59

ပထမဆုံးအကြိမ် လိင်တူစုံတွဲတွေကိုပါ လက်ထပ်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ် စစ်မှုထမ်းတွေရဲ့ စုပေါင်းမင်္ဂလာပွဲကြီး

ထိုင်ဝမ် စစ်မှုထမ်းတွေရဲ့ စုပေါင်းမင်္ဂလာပွဲကြီးမှာ လိင်တူစုံတွဲတွေကို ပထမဆုံးအကြိမ် မင်္ဂလာပွဲ အတူပါဝင် ဆင်နွှဲခွင့် ပြုလိုက်ပါတယ်။
Tuesday, 27 October 2020 17:34

blind date မှာ ဒေါ်လာ ၃၀၀၀ နီးပါး အကြွေးတင်တဲ့ အမျိုးသမီး

တရုတ်နိုင်ငံ၊ ကျီကျန်းပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် တစိမ်းတစ်ဦးနှင့် ချိန်းဆိုပြီး ညစာစားတဲ့ blind date မှာ စားထားသောက်ထားတာတွေအတွက် ဆိုင်ကို ယွမ် နှစ်သောင်း  (အမေရိကန်ဒေါ်လာ ၃၀၀၀ နီးပါး)
Saturday, 24 October 2020 07:50

လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့် ဥပဒေ ပြဌာန်းရေး ပုပ်ရဟန်းမင်းကြီး တောင်းဆို

လိင်တူချင်းလက်ထပ်ထိမ်းမြားသူတွေအတွက် တန်းတူညီမျှအခွင့်အရေးပေးထားတဲ့ (civil union laws) ဥပဒေ တစ်ရပ်ပြဌာန်း ပေး ဖို့