သတို့သားကသစ်စိမ်းချိုးထားရစ်ခဲ့လို့ တိုက်ပေါ်က ခုန်ချဖို့ကြိုးစားခဲ့တဲ့ သတို့သမီး

သတို့သားကသစ်စိမ်းချိုးထားရစ်ခဲ့လို့ တိုက်ပေါ်က ခုန်ချဖို့ကြိုးစားခဲ့တဲ့ သတို့သမီး Google

မိန်းကလေးများရဲ့ ဘဝမှာ အကြီးကျယ်ဆုံးအိမ်မက်တစ်ခုကတော့ နောက်ဆုံးမှာ သူတို့ချစ်ရတဲ့ ယောင်္ကျားလေးနဲ့ မင်္ဂဆောင်ဖို့ပဲဖြစ်ပါတယ်။

 

မိန်းကလေး အများစုက သူတို့တစ်သက်တာလက်တွဲရမဲ့ လက်တွဲဖော်နဲ့ လွယ်ကူစွာ တွေ့ကြပြီး အောင်မြင်စွာလက်ထပ်သွားနိုင်ကြပေမဲ့ မိန်းမ အနည်းငယ်ကတော့ သူတို့အတွက် မှန်ကန်တဲ့ လူကို မရှာတွေ့နိုင်ဘဲ နောက်ဆုံးမှာ အသည်းသာကွဲသွားခဲ့ကြပါတယ်။

 

 

တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ပိုင်း ရှိ ဂျီလင်ပြည်နယ် ချမ်ချွန် မြို့ (Changchun)တွင်နေထိုင်တဲ့ မိန်းကလေးတစ်ယောက်ကလည်း သူမအတွက် မှန်ကန်တဲ့ လက်တွဲဖော်နဲ့ မတွေ့ခဲ့တဲ့ မိန်းမအနည်းငယ်ထဲက တစ်ယောက်ဖြစ်ပြီး မင်္ဂလာပွဲအလို ရက်အနည်းငယ်လိုမှ သူမရဲ့ သတို့သားလောင်းရဲ့ထားခြင်းကို ခံခဲ့ရပါတယ်။

 

သတင်းများရဲ့ အဆိုအရ ထိုမိန်းကလေးဟာ သူမရဲ့ သတို့သားလောင်းနဲ့ တွဲလာခဲ့တာဟာ ၄ နှစ်ကျော်လာခဲ့ပြီဖြစ်တယ်လို့ သိရပြီး သူမရဲ့ သတို့သားလောင်းက လက်ထပ်ရန် ရက် အနည်းငယ်အလိုကျမှာ သစ်စိမ်းချိုးချိုးပြီး ထားခဲ့တာဖြစ်တယ် လို့သိရပါတယ်။ထိုအခါမှာ အကြီးအကျယ် စိတ်ထိခိုက်သွားတဲ့ ထိုသတို့သမီးလောင်းဟာတိုက်ပေါ်က ခုန်ချပြီး မိမိကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။

 

 

ဒါပေမဲ့ သူမအတွက် ကံကောင်းသွားတဲ့ အချက်တစ်ခုကတော့ ထိုအချိန်မှာ ချမ်ချွန်မြို့ ရဲအရာရှိ ဖြစ်သူ ဂူဇောင်ဖန် (Guo Zhong Fan )က အခင်းဖြစ်ပွားရာနေရာမှာ ရောက်နေခဲ့ပြီး သူမကို ခုန်ချမဲ့ အဖြစ်အပျက်ကနေ ကယ်တင်နိုင်ခဲ့တယ် လို့သိရပါတယ်။ဒါအပြင် ဂူဆောင်ဖန် ထိုအမျိုးသမီးကို ကယ်တင်ဖို့ ပြင်ဆင်နေတုန်းမှာပဲရဲတပ်ဖွဲ့ဝင်များကလည်း အောက်မှာ လေပူဖောင်းအိတ်တစ်ခုကို ခုန်ချခဲ့ အနာတရ မဖြစ်အောင်လို့ ထားပေးခဲ့တယ် လို့သိရပါတယ်။

 

 

ဂူဆောင်ဖန် ဟာ ထိုအမျိုးသမီးကို တိုက်ပေါ်က ခုန်ချမဲ့ဆဲဆဲမှာပဲ လက်ကို ဖမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို လူရာပေါင်းများစွာလာရောက်ကြည့်ရှုခဲ့ကြတယ် လို့သိရပါတယ်။ဂူဆောင်ဖန် ဟာ မိမိကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုအမျိုးသမီးကတော့ ဘာဒဏ်ရာအနာတရမှ မရှိခဲ့ဖူးလို့ သိရပြီး နောက်ပိုင်းမှာ ချမ်ချွန် မြို့ဆေးရုံကြီးသို့ လူနာတင်ကားနဲ့ ခေါ်သွားခဲ့တယ်လို့သိရပါတယ်။

 

Ref : Viral For Real/Daily mail

Read times Last modified on Friday, 20 November 2020 10:06
Rate this item
(0 votes)