မချစ်ပဲ လက်မထပ်ချင်လို့ Sperm အလှူခံပြီး ကလေးယူလိုက်တဲ့ အမျိုးသမီး

မချစ်ပဲ လက်မထပ်ချင်လို့ Sperm အလှူခံပြီး ကလေးယူလိုက်တဲ့ အမျိုးသမီး Google

နာမည်ကြီး TV personality Sayuri က တော့ သူမရဲ့ ရင်သွေးလေးကို ဂျပန်မှာ နိုဝင်ဘာ ၄ ရက်နေ့က မွေးဖွားလိုက်ပါတယ်။

 

မွေးမယ်လို့ ခန့်မှန်းထားတဲ့ အချိန် ထက် ၁၀ ရက်လောက် စောမွေးခဲ့တာပါ။ သားလေး ဖြစ်ပြီး ကလေးရော မိခင် ပါ ကျန်းမာ ပါတယ်။ Sayuri ကလေးလေး မွေးတာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ အမြင်ကွဲလွဲမှုတွေ ငြင်းခုံမှုတွေ ဖြစ်နေပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဒီကလေးကို Sperm အလှူခံပြီး မွေးထားလို့ပဲဖြစ်ပါတယ်။ ပုံမှန် အနေအထားလို ယောက်ျား တစ်ယောက် နဲ့ လက် ထပ်ပြီး ရလာတဲ့ ကလေး မဟုတ်ပါဘူး။ ဒီအကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားပါတယ်။

 Sayuri Fujita gives birth to baby boy

 

Sayuri Fujita က တော့ ကိုရီးယားအခြေစိုက် ဂျပန် TV personality တစ်ယောက်ပါ။ Sperm အလှူခံပြီး ကလေးယူလိုက်ရတဲ့အကြောင်းအရင်းရှိပါတယ်။ သူမရဲ့ အသက်က ၄၁ နှစ်ရှိနေပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ဓမ္မတာ မမှန်လို့ ဆေးခန်း ကို သွားပြခဲ့ပါတယ်။ အဲ့ဒီမှာပဲ သူမရဲ့ သားအိမ်က ပုံမှန် မဟုတ်တဲ့ အနေအထားကြောင့် အခုလို ဖြစ်နေရတယ် ဆိုတာကို သိခဲ့ရတာပါ။ အသက်ကြီးလာရင်ဓမ္မတာ ပုံမှန် မဟုတ်တော့ပဲ သားအိမ်က အသက်ကြီး အားနည်း လာပြီး ကလေးယူဖို့ ခက်ခဲလာတဲ့ အနေအထားမျိုးပါ။ ဒါမျိုးက အမျိုးသမီး တော်တော် များများ ကြုံ ရတတ်ပါတယ်။ တစ်ချို့ကျတော့လည်း အသက် နဲ့ မဆိုင်ပဲ သား အိမ်မှာ အလုံး တွေ အကြိတ် တွေ တည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အနေ အထားမှာ ယောက်ျား မြန်မြန်ယူ ကလေး မွေး ရင် တော့ ပြဿနာ မရှိပေမယ့် အိမ်ထောင် မပြု ပဲ ဒီလို အ နေ အထားနဲ့ ကြာလာရင် ကလေး လုံး၀ မရ တော့ တာ မျိုး တွေ ဖြစ် နိုင်ပါတယ်။

 

 Netizen Buzz: TV personality Sayuri reveals she gave birth to a baby boy  with a donor from Japan

 

Sayuri Fujita ကိုတော့ ဆရာဝန်က ..သူမရဲ့ သားအိမ် အနေ အထားက သဘာ၀ အတိုင်း ကိုယ်ဝန်ဆောင်တာ ဒါမှမဟုတ် ဖန်ပြွန် သန္ဓေသား နဲ့ ကိုယ်ဆောင် ဖို့ တောင် ခက်ခဲ တယ်လို့ ပြောခဲ့ပါတယ်။ ဒီအတိုင်း ကြာကြာ ဆက်ထားရင် ခက်ခဲရုံ အဆင့်တင် မဟုတ်ပဲ ကလေး လုံး၀ မရ တော့ တာ မျိုး အထိ ဖြစ်နိုင်တယ်လို့ ဆရာဝန်က ပြောလာတဲ့ အချိန်မှာ Sayuri တစ်ယောက် အရမ်း စိတ်ဓါတ် ကျ သွား ခဲ့ပါတယ်။ ကလေး မွေးပြီး မိခင်တစ်ယောက် ဖြစ်ချင်တဲ့ သူမ အနေနဲ့ အဲ့ဒီ အချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ် ခဲ့ရပါ တယ်။ ကလေး မရနိုင်တော့တာ တစ်ခု တည်းနဲ့ လည်း ယောက်ျား တစ်ယောက်ကို လက်မထပ် ချင် တဲ့ သူမရဲ့ စိတ် ကြောင့် နောက် ဆုံးမှာတော့ Sperm အလှူခံပြီး ကလေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

Netizens support Sayuri's choice to be a single mother | allkpop

 

“ကျွန်မက အရင်တည်းက ကလေး အရမ်းလိုချင် ခဲ့တဲ့ လူလေ. အရင်ဆုံး စဉ်းစားမိတာက လက်ထပ် လိုက်ရ မလား ဆိုပြီး တွေး မိတယ်.ဒါပေမယ့်လည်း ကလေးလိုချင်တဲ့ အတွက် ကြောင့် တော့ ယောက်ျား တစ်ယောက် ကို အလောတကြီး လက်မ ထပ် နိုင်ဘူး. ကျွန်မ မချစ်တဲ့ ယောက်ျားကိုလည်း လက်မထပ် နိုင်ဘူး..ဒါကြောင့် လက်မထပ်ပဲ ကလေးယူ မယ့် နည်းကို ရွေးလိုက်တာပါ..” လို့ ပြော ခဲ့ပါတယ်။

 

Sperm လှူတဲ့ ဆေးရုံတွေ မှာ အလှူရှင် ရှာတော့ လည်း လက်မထပ် ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာ ကြောင့် ရှာ ရတာ ခက်ခဲ ခဲ့ပါတယ်။ဒါကြောင့် ဂျပန် ပြန်သွားပြီး ကိုယ်ဝန်ယူဖို့ ကိစ္စ ကို လုပ်ခဲ့ပါတယ်။ Sayuri ရဲ့ single mother အဖြစ် ရပ်တည် ချက် အပေါ် လေးစားချီးကျူးတာ တွေ ရှိသလို တစ်ချို့ ကလည်း ယောက်ျား ကောင်းတစ်ယောက်ကို ရှာယူ သင့် ကြောင်း နဲ့ အဖေ မရှိတဲ့ ကလေး အတွက် စိတ်မကောင်းဘူး ဆိုပြီး မှတ်ချက် ပေးခဲ့ ကြတာတွေ လည်း ရှိပါတယ်။

 

 

Ref: ShweMon

 

Read times Last modified on Saturday, 21 November 2020 18:01
Rate this item
(0 votes)