သင့်ကို နှလုံးရပ်သွားအောင်လုပ်မယ့် Arkansas စုံတွဲ မင်္ဂလာဆောင်ဓာတ်ပုံများ

သင့်ကို နှလုံးရပ်သွားအောင်လုပ်မယ့် Arkansas စုံတွဲ မင်္ဂလာဆောင်ဓာတ်ပုံများ

Arkansas လို့ခေါ်တဲ့ စုံနှစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေက သင့်အတွက် ရင်သပ်ရှုမောစရာ ကောင်းမှာတော့ အသေအချာပါဘဲ။

 

ဘာလို့လည်းဆိုတော့ သူတို့ စုံတွဲက မင်္ဂလာဆောင်ဓာတ်ပုံကို ချောက်ကမ်းပါးစွန်းမှာ ရိုက်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါကို တစ်ချို့သောသူတွေ အစွန်းရောက်တယ်လို့ ပြောကြပေးမယ့် သင့်အနေနဲ့ကရော ဘယ်လိုမြင်ပါသလဲ။

 

Arkansas လို့ခေါ်တဲ့ စုံတွဲမှာ Ryan အသက် 30 နှင့် Skye Myers အသက် 28 တို့က သူတို့ရဲ့ မင်္ဂလာဆောင်ကို ယခုလို ပြုလုပ်ချင်းက ကိုရိုနာဗိုင်းစ် ကို လျှော့ချဖို့အတွက် အကောင်းဆုံး နည်းလမ်းအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သာမန် မင်္ဂလာဆောင်ရက်တွေလိုဘဲ ရင်ခုန်စိတ်လှုပ်ရှားအောင်ဖြစ်ဖို့အတွက် ယခုလို့ ချောက်နက်ကြီးတွေကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ fox news သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရပါတယ်။

 

 

 

"မင်္ဂလာဆောင်ကို ပွဲကြီးကြီး တစ်ခုလုပ်ချင်တယ်။ ဒါပေမယ့်အချိန် သိပ်မရလို့ အမြန်စီစဉ်လိုက်ရတယ်။ Skye က သူနာပြုကျောင်းကို ပြန်တတ်ရတော့မှာ ဖြစ်လို့ ယခုလို စွန့်စာပြီး ပြုလုပ်လိုက်တာလို့ " ကတိုးသမီးဖြစ်သူ Skye ပြောပြချက်အရသိရပါတယ်။
ဒါအပြင် " ဒါက တခြားနဲ့မတူဘဲ တခြားမင်္ဂလာဆောင်တွေထက် ထူးခြားပြီး အမှတ်ရစရာ ဖြစ်နေမှာ သေချာတယ်လို့ " ဆက်ပြီး ပြောကြားခဲ့ပါတယ်။

 

 

သူတို့နှစ်ယောက်စလုံးရဲ့ မင်္ဂလာဆောင် ဓာတ်ပုံတစ်ခုကတော့ သင့်ကို နှလုံးရောဂါ ရသွားစေနိုင်ပါတယ်။ ဒါကတော့ အမျိုးသမီးဖြစ်သူက ချောက်ကမ်းပါးဘက်ရဲ့ အစွန်းလေးမှာ ရှိနေပြီး အမျိုးသားဖြစ်သူက ထိပ်စွန်းမှာ​ ရပ်နေတာဖြစ်ပါတယ်။ ဓာတ်ပုံဆရာ Mason Gardner ရိုက်လိုက်တဲ့ ဓာတ်ပုံဟာဆိုရင် Skye က တောင်ထိပ်စွန်းကို နောက်ပြန်လှည့်ပြီး အောက်ကိုကြည့် သကဲ့သို့ဖြစ်သွားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ပုံကောင်းတစ်ခုထွက်လာခဲ့ပါတယ်။ Skye ကတော့ သူမရဲ့ လုံခြုံရေးအတွက် ဂါဝန်အောက်ကနေ ခါးကို ကြိုးနဲ့ ချည်းနှောင်ထားခဲ့ပါတယ်။

 

 

ဒါကို ဓာတ်ပုံဆရာဖြစ်သူက ပုံကောင်းတစ်ပုံ ရရှိအောင် ရိုက်နိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံကို သတိုးသမီးနှင့်သတိုးသားတို့က အလွန်ဘဲ နှစ်သက်သွားခဲ့ပါတယ်။ ဒီဓာတ်ပုံကို ဓာတ်ပုံဆရာက သူရဲ့ ဆိုရှယ်မီဒီယာစာမျက်မှာပေါ်မှာ တင်ခဲ့ပြီး ထိုစုံတွဲကို "for making this gnarly rappel shot happen. " ရိုက်ချက် လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

 

ဓာတ်ပုံဆရာ Gardner ၏ ပရိသတ်များက ရင်သပ်ရှုမောဖွယ်ရာ ကောင်းဓာတ်ပုံ တစ်ခုလို့ မှတ်ချက်များပေးခဲ့ပါတဲ့အတွက် ဓာတ်ပုံဆရာကလည်း အလွန်ပင် ဝမ်းသာပျော်ရွှင်ခဲ့ပါတယ်။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ ဓာတ်ပုံရိုက်ကွင်းမှာ ဓာတ်ပုံဆရာရဲ့ ပုံ တက်မလာခဲ့ပါဘူး။ (သူပုံမပါ​)။

Read times Last modified on Thursday, 10 September 2020 17:40
Rate this item
(1 Vote)