၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

မိသားစုအတွင်းသို့ ဝမ်းသာစရာသတင်းကောင်းရောက်မည်။ လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းပျက်မည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ကြွေးကိစ္စ စကားပြောရမည်။ ရွှေလုပ်ငန်း၊ ရွေအရောင်းအဝယ်လုပ်ငန်းများ အောင်မြင်မည်။ ဝန်ထမ်းဖြစ်ပါ

က လုပ်ငန်းခွင်မှာ အတိုက်အခိုက်ပေါ်မည်။ အိမ်ဆောက်ရန်ပန္နရိုက်ရလိမ့်မည်။ သူတစ်ပါး၏ ကျန်းမာရေးကိစ္စ (သို့မဟုတ်) အမှုကိစ္စကို ကူညီရမည်။ နေအိမ်သို့ကပ်ကျေးတစ်လက်ရောက်လာပါက ‘၅’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ

အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် နားရောဂါအနည်းငယ်ဖြစ်မည်။ အချစ်ရေးမှာ အခြေအနေကောင်းပါသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။လကံကောင်းသောဂဏန်းများမှာ ၂၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ

ပုလဲဖြူရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ ခုကပ်လှူပါ။

 


တနင်္လာနေ့

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဆန်၊ စပါး ရောင်းဝယ်ရေးမှာ အဆင်မပြေပါ။ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ ရွှေပျောက်မည်။ သို့မဟုတ် ရွှေထွက်မည်။ တိုက်ခန်း၊ အိမ်ခန်းလျှောက်ထားပါက ရလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်

ပြောင်း (သို့မဟုတ်) အလုပ်နေရာပြောင်း ဖြစ်မည်။ အနုပညာလုပ်ငန်းမှာ ဝမ်းသာစရာသတင်းကြားရမည်။ အမိ,အဖ တစ်ဦးဦးကျန်းမာရေး ညံ့မည်။ နေအိမ်သို့ ထမင်းစား စားပွဲတစ်လုံးရောက်ပါက ‘၁’ အစ ‘၃’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေ

ကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာမည်။ အချစ်ရေးမှာ စန်းပွင့်နေပါသည်။ ချစ်သူမရှိပါက ချစ်သူသစ်တွေ့မည်။ အိမ်ထောာင်ရေးလည်း ကောင်းမွန်ပါသည်။

ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၄ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ငွေထီး ၂ လက်လှူပါ။

 

 

အင်္ဂါနေ့

အလုပ်သစ်၊ လုပ်ငန်းသစ်ပေါ်မည်။ ဆိုင်သစ်ဖွင့်ရလိမ့်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက အလုပ်နေရာပြောင်းပြီး တိုးတက်မည်။ အပြင်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်းရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ မြေအရောင်းအဝယ်မှာ အထစ်အငေါ့ဖြစ်

မည်။ တောင်ကုန်း၊ တောင်တန်းဘက်သွားရမည်။ စက်ပစ္စည်းဝင်မည်။ ဆွေမျိုးညီအစ်ကိုမောင်နှမတစ်ဦးဦးကြောင့် စိတ်ညစ်ရမည်။ အဝတ်အထည်သစ်ဝင်မည်။ နေအိမ်သို့ ဗီရိုတစ်လုံးရောက်ပါက ‘၇’ အစ ‘၈’ အဆုံးအစိုးရထီထိုးပါ။ ပညာရေးအတွက်

သတင်းကောင်းကြားရမည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ ချစ်သူ၏ သွေးအေးမှုကြောင့် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ သဝန်တိုမှုကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၇၊ ၈ ဂဏန်း

များ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဗေဒါပွင့်ရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့ အင်္ဂါထောင့်မှာ ရေသက်စေ့သပ္ပါယ်ပါ။

 

 

ဗုဒ္ဓဟူးနေ့

နိုင်ငံခြားသို့အလုပ်ကိစ္စဖြင့် ခရီးထွက်ရမည်။ ရွှေထွက်မည်။ သို့မဟုတ်ပါက ရွှေပျောက်မည်။ ကျောက်မျက်ရတနာရောင်းဝယ် အနည်းငယ်ပြန်ကောင်းလာမည်။ နွားရှိပါက နွားသေမည်။ ဆိုင်ကယ်အရောင်းအဝယ် ဖြစ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ ကြီးမားသော

စိန်ခေါ်မှုကြီးနှင့် ကြုံတွေ့ရလိမ့်မည်။ အိမ်နေရာ အရွှေ့အပြောင်းပေါ်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှ အကျိုးအမြတ်ခွဲဝေရမည်။ နေအိမ်သို့ ငါးခြောက်များ ရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ရလာဒ်ကောင်းများ ရရှိမည်။

ကျန်းမာရေးအနေဖြင့် ဝမ်းကိုက်မည်။ အချစ်ရေးညံ့၏။ ချစ်သူလှည့်ဖြားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ကျန်းမာရေးကြောင့် စိတ်ညစ်ရမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသော

အရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ အုန်း ၁၄ ရွက် ကပ်လှူပါ။

 

 

ကြာသပတေးနေ့

ဈေးရောင်းကောင်းမည်။ ဝင်ငွေကောင်းမည်။ တယ်လီဖုန်းဝင်မည်။ မြေအရောင်းအဝယ် ဖြစ်မည်။ သို့မဟုတ် မြေအရောင်းအဝယ်အတွက် အကျိုးဆောင်ခရမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ဖိအားများမည်။ ပဲ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံ ရောင်းဝယ်

ရေးကောင်းမည်။ အမွေကိစ္စ စကားပြောရမည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းများမှာ ပြဿနာအနည်းငယ် ဖြေရှင်းရမည်။ နေအိမ်နားမှာ ပျားစွဲပါက (သို့မဟုတ်) ပျားရည်ပုလင်းအိမ်သို့ ရောက်ပါက ‘၁’ အစ ‘၃’ အဆုံး

အစိုးရထီထိုးပါ။ ပညာရေးမှာ စိန်ခေါ်မှုများ ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် အရိုးကျည်းပေါင်းရောဂါရမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၃၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ

ကျောက်စိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ဂန့်ဂေါ် ၉ ညွန့် ကပ်လှူပါ။

 


သောကြာနေ့

ဝင်ငွေကောင်းမည်။ အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ မြေအရောင်းအဝယ် ဖြစ်မည်။ စာချုပ်စာတမ်း ပြုလုပ်ရမည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးမှာ လူလိမ်ခံရမည်။ ဘုရားဆင်တုတော်၊ ဘုရားပုံတော်၊

မြင့်မြတ်သောပုံတော်များ ဝင်မည်။ တောင်ကုန်း၊ တောင်တန်း ဘက်သို့ ခရီးထွက်ရမည်။ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်းပေါ်မည်။ သူခိုးခိုးခံရတတ်သည်။ သိုးတစ်ကောင်ကို မြင်ပါက ‘၅’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး

အစီအစဉ်သစ် ပြုလုပ်ရမည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထပ်မင်္ဂလာ စာချုပ်ချုပ်ရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၅၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။

ကံကောင်းသောအရောင်မှာ ခိုပြာရောင် ဖြစ်ပါသည်။

 

ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ ထောပတ်ထမင်း ကပ်လှူပါ။

 

 

စနေနေ့

အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ငြီးငွေ့မှုများ ဖြစ်ပေါ်လိမ့်မည်။ အမှုရှိပါက အမှုနိုင်မည်။ စက်ပစ္စည်း အသစ်ဝင်မည်။ မော်တော်ဆိုင်ကယ် အသစ်ဝင်မည်။ မော်တော်ကားအရောင်းအဝယ်မှာ အနှောင့်အယှက်ပေါ်မည်။

နေအိမ်နားမှာ နာရေးပေါ်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းမှာ အကျိုးအမြတ်ရရှိမည်။ နေအိမ်ထဲမှာ လိပ်ပြာပျံဝဲနေပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ပြိုင်ဆိုင်မှုများကြောင့် စိတ်ညစ်ရမည်။ ကျန်းမာရေးအနေဖြင့် သွေးတိုးခြင်း၊

သွေးပေါင်ကျခြင်း ဖြစ်မည်။ အချစ်ရေးမှာ ကံညံ့ပါသည်။ ချစ်သူနှင့် ပြတ်ဆဲလိမ့်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၇ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့ စနေထောင့်မှာ ထီးနီ ၃ လက်ကပ်လှူပါ။

 

 

 

Source: 1875

Read times Last modified on Monday, 12 October 2020 17:08
Rate this item
(0 votes)