လက်မထပ်ရတဲ့ အကြောင်းအရင်းတွေ ထုတ်ပြောပြလာခဲ့တဲ့ Coffee Prince စုံတွဲ

လက်မထပ်ရတဲ့ အကြောင်းအရင်းတွေ ထုတ်ပြောပြလာခဲ့တဲ့ Coffee Prince စုံတွဲ Google

Coffee Prince ဒါမှမဟုတ် ဒီမှာ ကော်ဖီချစ်သူဆိုပြီး အားလုံးသိထားကြတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။

Yoon Eun Hye နဲ့ မင်းသား Gong Yoo တို့နှစ်ယောက်ကတော့ Coffee Prince ရဲ့ မင်းသမီးနဲ့မင်းသားတွေပဲဖြစ်ပါတယ်။

 

Yoo Eun Hye ဟာ အခုဆိုရင် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး Gong Yoo ကတော့ အသက် ၄၁ နှစ်ရှိပါပြီ။ ထူးဆန်းတာကတော့ သူတို့ နှစ်ယောက်စလုံး အခုအချိန်ထိ အိမ်ထောင်ပြုဖို့ကို သတင်းအစအနလေးတောင် မကြားရသေးတာပါပဲ။

 

 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက နှစ်ယောက်သား Coffee Prince ရိုက်ခဲ့တဲ့ ကော်ဖီဆိုင်လေးမှာပဲ ပြန်လည်ဆုံတွေ့ရင်း စကားစမြည်ပြောတဲ့ ရိုက်ကူးရေးအစီအစဉ်တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ နောက်ကြောင်းဖြစ်စဉ်တွေ ပြန်ပြောပြီး ရုတ်တရက်ဆိုသလို Yoo Eun Hye ဟာ အိမ်ထောင်ရေးကိစ္စကို စကားစလာခဲ့ပါတယ်။ Gong Yoo ကို ဘာလို့အိမ်ထောင်မပြုသေးတာလဲဆိုပြီး ရုတ်တရက်မေးလာခဲ့ပါတယ်။

 

Gong Yoo ကလည်း သေချာစဉ်းစားပြီးမှ ‘အိမ်ထောင်မပြုဘူးဆိုပြီး ဆုံးဖြတ်ချက်ချထားတာတော့ မဟုတ်ပါဘူး။ ဒါမဲ့ မသိဘူး timing လွဲသွားတာနေမှာပေါ့” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ ဒီတော့ ကိုယ်တွေရဲ့ မင်းသားက အိမ်ထောင်ပြုဖို့ စိတ်ကူးရှိသေးတယ်ဆိုတဲ့ သဘောပဲပေါ့နော်။

 

 

အဲ့ဒီနောက် Yoon Eun Hye တစ်ယောက် အိမ်ထောင်မပြုဘူးဆိုတာကရောဆိုပြီး Gong Yoo ကပြန်မေးတဲ့အခါမှာတော့ သူမအနေနဲ့ ဒီအနုပညာလောကထဲမှာ တတ်နိုင်သလောက်၊ လုပ်နိုင်သလောက် ရပ်တည်ဖို့ ဆန္ဒရှိနေတာကြောင့် အိမ်ထောင်မပြုသေးတာဆိုပြီး ပြန်ပြောခဲ့ပါတယ်။

 

သူတို့ နှစ်ယောက်ရဲ့ စကားပြောထားတဲ့ ဗီဒီယိုလေးကို ထည့်ပေးထားပါတယ်နော်။

 

 

 

Source: allkpop

 

Read times
Rate this item
(0 votes)