ဇနီးသည်၏မျက်နှာ အမြဲတမ်းပြုံးနေသည်ကိုသာ အလိုရှိသည့်အတွက်အလုပ်ကပြန်လာတိုင်း ကခုန်ပြီး အိမ်ပြန်လာတတ်သည့် အမျိုးသား

ဇနီးသည်၏မျက်နှာ အမြဲတမ်းပြုံးနေသည်ကိုသာ အလိုရှိသည့်အတွက်အလုပ်ကပြန်လာတိုင်း ကခုန်ပြီး အိမ်ပြန်လာတတ်သည့် အမျိုးသား

အိမ်ထောင်စုတစ်ခုတွင် ဇနီးသည်နှင့် ခင်ပွန်းဖြစ်သူတို့၏ အပြန်အလည်နားလည်မှုသည် အလွန်ပင်အရေးကြီးလှပေသည်။

ဇနီးနှင့် ခင်ပွန်းဖြစ်သူတို့သည် အချင်းချင်းရင်းနှီးတိုင်ပင်ကာ အတူတကွ လက်တွဲသွားမှသာလျှင် ပျော်ရွှင်ဖွယ်ကောင်းမည့် မိသားစုတစ်ခုဖြစ်ပေါ်သာပေမည်။

အာဆီယံဒေသတွင်းနိုင်ငံများတွင် မိသားစုတစ်ခု၌ ဇနီးသည်သည် အိမ်မှုကိစ္စများကိုပြုလုပ်ပြီး ခင်ပွန်းဖြစ်သူက အလုပ်ထွက်လုပ်ကာ စီးပွားရှာကြသူများပြားလှပေသည်။

လူတိုင်းသည် တစ်နေကုန်အလုပ်လုပ်ပြီးသည့်အချိန်၌ ညနေအိမ်ပြန်ချိန်များတွင် အားအင်များကုန်ခမ်းပြီး ပင်ပန်းနွယ်နယ်ကာ အနားယူချင်သောစိတ်ဖြင့် အိမ်သို့ပြန်လာတတ်ကြပါသည်။

ယခုတွင် မလေးရှားနိုင်ငံမှ ခင်ပွန်းသည်တစ်ဦးသည် တစ်နေကုန်အလုပ်လုပ်ကာ ပင်ပန်းလာသော်လည်း မျက်နှာငြိုးငယ်နေလျှင် အိမ်တွင်စောင့်မျှော်နေသည့် ဇနီးသည်လေးစိတ်မကောင်းဖြစ်မည်စိုးရိမ်သဖြင့် အိမ်သို့ ကခုန်ကာ အမြဲတမ်းပြန်လာတတ်ပါသည်။

Shoon (Cele Daily)

Read times
Rate this item
(0 votes)