ချစ်သူမိန်းကလေးကို ကောင်လေးတွေ ပြောလေ့ရှိတဲ့ ချစ်စရာအလိမ်အညာ စကားများ

ချစ်သူမိန်းကလေးကို ကောင်လေးတွေ ပြောလေ့ရှိတဲ့ ချစ်စရာအလိမ်အညာ စကားများ google.com

တစ်ခါတစ်ရံ ယောကျာ်းတွေက လိမ်တတ်တယ်။ ဒီလိုပြောလိုက်လို့လည်း ယောကျာ်းတိုင်းကို အကဲဖြတ်တဲ့ မျက်လုံးနဲ့ ကြည့်ဖို့မလိုပါဘူးနော်။ ဒါပေမယ့် အတွေ့အကြုံအရတော့ နည်းနည်းကွာခြားမှာပါ။

တစ်ခါတစ်လေမှာ လူလိမ်တွေ ၊ သူငယ်ချင်းက နောက်ကျောဓားနဲ့ထိုးတာတွေ ကြုံခဲ့ဖူးကြမှာပါ။

 

အချစ်မှာ မျက်စိမရှိပါဘူး။ ဒါကြောင့် ကိုယ့်ချစ်တဲ့ ယောကျာ်းတစ်ယောက်က ကိုယ်ကို လိမ်နေတာကို မသိရလောက်အောင် အချစ်က ဖုံးသွားတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ယောကျာ်းလေးတွေ

သူတို့ချစ်သူကောင်မလေးကို လိမ်ပြောတတ်ကြတဲ့ စကားတွေပဲဖြစ်တယ် ၊ ဒီအလိမ်အညာစကားတွေက ရယ်လည်းရယ်ရသလို အရမ်းဆိုးဆိုးဝါးဝါးကြီးလည်းမဟုတ်ပါဘူးနော်။

၁။ “ အဆင်ပြေတယ် ၊ သဲသူငယ်ချင်းတွေနဲ့ အပြင်သွားလည်း အဆင်ပြေတယ် ၊ သွားလေ ” ဒါဆိုရင်တော့ ဒါက အမှန်မဟုတ်ပါဘူးနော်။ တကယ်တော့ သူ သ၀န်တိုနေတယ်။

သင်အပြင်သွားရင်လည်း ဖုန်းတွေ တစ်ဂွမ်ဂွမ် ဆက်လာတယ် ၊ ဘယ်သူတွေပါလဲ မေးလာမယ် ၊ နာရီဝက်တစ်ခါလည်း ဖုန်းဆက်လာမယ် ။ ဒါက သူ မပါဘဲအပြင်သွားလို့ သ၀န်တိုနေတာပါ။

၂။ “ ကို အလုပ်လုပ်နေလို့ပါကွာ ၊ သဲဆီ စာပို့ဖို့ အချိန်တောင်မရလိုက်ဘူး” သင့်ဘက်ကကတော့ သူမှာ သင့်အတွက် အချိန်တောင်မပေးနိုင်ဘူးဆိုတာ စိတ်ဆိုးကောင်းစိတ်ဆိုးမယ်။

သူဘက်ကလည်း တကယ်ပဲ အလုပ်များနေတာလည်းဖြစ်ကောင်းဖြစ်မှာပါ။

၃။ “ မင်းရည်းစားဟောင်းတွေကို ဂရုကိုမစိုက်တာ ” ဆိုရင် သူညာနေပါပြီ။ တကယ်တော့ အခုလက်ရှိ သူဘေးမှာ သင်ရှိနေတာကိုပဲ ပျော်နေပေမယ့် သူ့စိတ်ထဲမှာ သင့်ရည်းစားဟောင်းတွေကို

သ၀န်တိုဖြစ်နေတတ်တယ်။

၎။ “ မဟုတ်ဘူး ၊ ကို အဲ့ကောင်မလေးကို ကြည့်နေတာမဟုတ်ရပါဘုးကွာ” ဆိုတာက သူကြည့်နေတယ်ဆိုတဲ့သဘောမျိုးပါ။ ကိုယ့်ကောင်မလေးစိတ်မဆိုးသွားဖို့ မဟုတ်ဘူး ငြင်းလိုက်ရတာ

သူတို့သဘာဝပါ။

၅။ “အင်တာနက်လိုင်းမကောင်းလို့ပါကွာ” ဆိုတာ သူဆီကနေ reply နောက်ကျရင် ကြားရမယ့် စကားပါ။ ဒီစကားက တကယ်လည်း အင်တာနက် လိုင်းမကောင်းတာဖြစ်ချင်ဖြစ်မယ် ၊ ဒါမှမဟုတ်

သင့်ကို ဆင်ခြင်တစ်ခုအနေနဲ့ ပြောတဲ့စကားလည်းဖြစ်ချင်ဖြစ်မယ်။

Credit;Aunty May

 

Readmore;ယောကျာင်္းတစ်ယောက်ပစ်သွားလို့အသဲကွဲစရာမလိုပါဘူး..

Read times Last modified on Wednesday, 19 September 2018 10:35
Rate this item
(1 Vote)