ကိုယ့်အနားမှာ ရှိတုန်း ဂရုစိုက်ပါ

ကိုယ့်အနားမှာ ရှိတုန်း ဂရုစိုက်ပါ google.com

မိန်းကလေး တစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့ အနားမှာရှိတုန်း ဂရုစိုက်ပါ။

 

ယောက်ျားလေးတစ်ယောက်က ညာရင် မိန်းကလေးတစ်ယောက်က ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးတတ် ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်က ညာခဲ့ရင် ယောက်ျားတစ်ယောက်က အလွယ်တကူ စွန့်လွှတ်တတ်ကြပါတယ်။

 

မိန်းကလေးတွေလိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါဘူး။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် ၊ လုံခြုံမှု ပေးနိုင်သူရယ်ပါ။

 

မိန်းကလေးတွေက ချစ်တယ်လို့ ပြောပြီးရင် အဆုံးစွန်ထိ နားလည်ပေးဖို့ ပြင်ဆင်ထားကြ သူတွေပါ။

 

ရည်းစားများတယ်ဆိုတဲ့ ဂုဏ်ပုဒ် ဘယ်မိန်းကလေးကမှ မနှစ်သက်ပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်တစ်ယောက်ထဲကိုသာ သစ္စာရှိရှိနဲ့ ဂရုတစိုက် ချစ်ရင် အရာရာကိုပေးဆပ်ဖို့ ဝန်မလေးတတ်တာ မိန်းကလေးတွေပါ။

 

မိန်းကလေးဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူပါ။ အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာ သူတို့ရင်ဖွင့်ချင်တာ သူတို့ငိုကြွေးချင်တာ ချစ်သူရဲ့ရင်ခွင်မှာပါ။

 

ဒါပေမယ့် ယောက်ျားလေးအများစုက ချစ်တယ်လို့ပြောပြီးရင် ပြီးသွားပြီ၊ တော်ရုံ ဂရုမစိုက်တတ်ကြပါဘူး၊ စိတ်မရှည်တတ် ကြပါဘူး။ မအားဘူးဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ။

 

ဂရုစိုက်မှုမရှိရင် အချစ်ကအလားကားပဲလေ။ ချစ်တယ်ပြောပြီး ပြစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့်ဆိုရင် သွေးအေးအေးနဲ့ တိတ်ဆိတ်စွာလမ်းခွဲတတ်တာ မိန်းကလေးတွေ အကျင့်ဆိုတာမမေ့ပါနဲ့။

 

ထိရှပေါက်ကွဲလွယ်တဲ့ မိန်းကလေးတွေ အေးစက်ပြီး တည်ငြိမ်သွားရင် သတိထားပါ။ အဲ့လိုမိန်းကလေးတွေက လူမသတ်ဘူး။ သူတို့ စိတ်ကိုပဲ အသေသတ်ကြတာပါ။

 

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့စကားကို ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့။

 

ကိုယ့်ရဲ့ အနားမှာရှိတုန်း ဂရုစိုက်ပါ။

 

 

Credit;Loveshortnotes

Read times Last modified on Tuesday, 18 December 2018 11:35
Rate this item
(1 Vote)