ချစ်သူနဲ့ရေရှည်လက်တွဲမယ်­­­­­ဆိုရင် သိထားသင့်တဲ့အချက်များ

ချစ်သူနဲ့ရေရှည်လက်တွဲမယ်­­­­­ဆိုရင် သိထားသင့်တဲ့အချက်များ google.com

သမီးရည်းစားဖြစ်လာပြီဆိုရင်တော့ တစ်ခါတစ်လေ စိတ်အခန့်မသင့်ရင် နှစ်ဦးကြား

ရန်ဖြစ်တယ်ဆိုတာ ရှိတတ်ကြပါတယ်။

 

အဲဒီအခိုက်အတန့်ဖြစ်စဉ်ကို ချက်ချင်းကြီးဆုံးဖြတ်လိုက်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။

 

ဒီအချိန်မှာ ချစ်သူနှစ်ဦးဟာ ဒေါသစိတ်ခံစားချက်တွေကို မြိုသိပ်ပြီးတော့ နေသင့်ပါတယ်။

 

နှစ်ဦးစလုံး စဉ်းစားခြင်း

 

ရန်ဖြစ်တဲ့အခါတိုင်း ချစ်သူနှစ်ဦးစလုံး ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်သင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ရန်ဖြစ်တာက ဘယ်ကစဖြစ်တာလဲ၊ လမ်းခွဲဖို့လောက်အထိရော ဖြစ်သင့်လားဆိုတာ နှစ်ဦးစလုံး စဉ်းစားသင့်ပါတယ်။

 

တာဝန်ယူမှုရှိခြင်း

 

ချစ်သူနှစ်ဦးကြားတွင် ကတောက်ကဆဖြစ်သည့်အခါတိုင်း ကိုယ်အမှားကိုယ်တာဝန်ယူမှုရှိသင့်ပါတယ်။ မှားတဲ့သူဘက်ကလည်း အရင်ဦးဆုံးတောင်းပန်ရမှာဖြစ်ပြီး တောင်းပန်တာကိုလည်း လက်ခံပြီး ခွင့်လွှတ်သင့်ပါတယ်။

 

အလျော့ပေးခြင်း

 

ချစ်သူနှစ်ဦးစလုံး သူ့ဘက်ကပဲမှားမှား ကိုယ့်ဘက်ကပဲမှားမှား တကယ်နှစ်နှစ်ကာကာချစ်မိပြီဆိုရင်တော့ အလျော့ပေးရမှာဖြစ်ပါတယ်။

 

ရှေ့တန်းတင်လွန်းခြင်း

 

ချစ်သူနှစ်ဦး ဒေါသဖြစ်လို့ ရန်ဖြစ်သည့်အခါတိုင်းတွင်လည်း စိတ်ခံစားမှုကို ရှေ့တန်းမတင်ဘဲ တစ်ယောက်ယောက်ကို အော်မပြောခြင်း၊ မစော်ကားမိစေခြင်းတို့ကို အထူးဂရုပြုသင့်ပါတယ်။

 

လေးစားမှုရှိခြင်း

 

ချစ်သူနှစ်ဦးကြား အပြန်အလှန် လေးစားမှုရှိနေရင် အထင်အမြင်လွဲမှားမှုတွေ၊ အတ္တတွေ ရှိတော့မှာမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက်ချစ်ခင်မှုရှိပြီး စကားနည်းရန်စဲသွားပါလိမ့်မယ်။ နှစ်ဦးစလုံး အပြန်အလှန် လေးစားမှုရှိခြင်းဖြင့် အချစ်ခရီးလမ်းကို ဖြောင့်ဖြူးစေမှာ အမှန်ဖြစ်ပါတယ်။

 

နားလည်မှုရှိခြင်း

 

ချစ်သူနှစ်ဦးကြားမှာ အပြန်အလှန် ချစ်ခြင်းက အရေးအကြီးဆုံး နားလည်မှုဖြစ်ပါတယ်။ နားလည်မှုရှိစေခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရယူပြီး ရန်ပွဲတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။ နှစ်ဦးကြား နားလည်မှုတွေရှိနေရင်တော့ သာယာတဲ့ဘ၀ခရီးလမ်းကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:25
Rate this item
(2 votes)