အချစ်မှာ ထူးဆန်းတဲ့မှော်စွမ်းအင်ရှိတယ်လို့ လူတစ်ချို့ကပြောကြပါတယ်။ ချစ်တဲ့စိတ်နဲ့တစ်စုံတစ်ယောက်ကကိုယ့်ကိုလွမ်းတဲ့အခါ
သူတို့ကိုယ်တိုင်ကဖွင့်မပြောရင်တောင် သဘာဝတရားကြီးက သူတို့အစားပြောပေးတတ်ပါတယ်။ လူတစ်ယောက်က သင့်ကိုဖွင့်မပြောပဲ တိတ်တိတ်လေးအရမ်းလွမ်းနေတယ်ဆိုတာကိုသိနိုင်မယ့်အချက်တွေကို ပြောပြပေးလိုက်ပါတယ်နော်။
အိပ်မက်မက်တယ်
အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာဖြစ်နေတဲ့အရာတစ်ခုပါ။ တစ်စုံတစ်ယောက်ရဲ့အကြောင်းကိုမပြောမိ၊ မတွေးမိပေမယ့် အိပ်မက်ထဲမှာ သူ့ကိုတွေ့တယ်ဆိုရင်တော့ သင့်ကိုသူအရမ်းလွမ်းပြီးသတိရနေလို့ပါ။ သင့်အကြောင်းကို ထပ်ခါထပ်ခါတွေးလွန်းပြီး သူ့ရဲ့စိတ်က သင့်အနားမှာပဲတဝဲလည်လည်ဖြစ်နေလို့ပဲဖြစ်ပါတယ်။
မထင်မှတ်ပဲတွေ့တယ်
သင့်ကို တစ်စုံတစ်ယောက်ကအရမ်းလွမ်းတဲ့အခါ မမျှော်လင့်ပဲ သူနဲ့ဆုံတာမျိုး၊ မချိန်းထားပဲနဲ့ တစ်နေရာတည်းကို အတူတူရောက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ သင့်ဖက်ကတိုက်ဆိုင်မှုလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ သင့်က ဒါမှမဟုတ် တစ်ဖက်လူက သင့်ကိုအရမ်းသတိရနေလို့ပဲဖြစ်ပါတယ်။
စိတ်တွေစုစည်းမရဖြစ်နေလိမ့်မယ်
တစ်ခါတလေ ဘာကိုလွမ်းလို့လွမ်းမှန်းမသိပဲဆွေးနေတယ်၊ ငိုချင်သလိုလိုဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုတစ်ယောက်ယောက်က အရမ်းလွမ်းနေလို့ပါတဲ့။ သင့်ကိုလွမ်းလွန်းလို့ ခံစားနေရတဲ့ သူ့ရဲ့ခံစားချက်တွေက သင့်ဆီမှာ ရောင်ပြန်ဟပ်နေတဲ့သဘောပေါ့။
Credit; Em Em