အသည်းကွဲခြင်းကြောင့် အပြုအမူတွေမမှားယွင်းစေဖို့

အသည်းကွဲခြင်းကြောင့် အပြုအမူတွေမမှားယွင်းစေဖို့ google.com

ချစ်သူနဲ့ကွဲကွာတယ်ဆိုကတည်းက ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ကိုယ်ချစ်ရသူနဲ့ဝေးရပြီဆိုကတည်းက

အနည်းနဲ့အများတော့အသည်းကွဲတဲ့ရောဂါကိုခံစားရမှာပါ။ အထူးသဖြင့် မိန်းကလေးတွေအတွက် အသည်းကွဲပြီး အပြုအမူတွေမမှားယွင်းစေဖို့ သတိထားဖို့လိုပါတယ်။

 

အသည်းကွဲပြီး မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီး အိပ်ရေးတွေပျက်၊ စားမ၀င်အိပ်မပျော်ဖြစ်ပြီး အလုပ်အကိုင်တွေပျက်တာတွေဖြစ်တတ်ကြတာ သဘာဝပါပဲ။ အသည်းကွဲတာတော့ ကွဲတာပေါ့ ဒါပေမယ့် ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာ အလုပ်အကိုင်တွေနဲ့ ရှေ့ရေးကိုတော့ မပျက်စီးပါစေနဲ့။

 

သူကကိုယ့်ကိုစွန့်ခွာသွားပြီဆိုရင် ကိုယ့်ဘက်ကလည်း စိတ်ပိုင်းဖြတ်လိုက်ဖို့အရေးကြီးပါတယ်။ သူနဲ့ပတ်သက်တဲ့ဖုန်းနံပါတ်တွေဖျက်ပစ်လိုက်ပါ။ နှစ်ဦးကြားကအမှတ်ရစရာတွေကိုလည်း မေ့ထားလိုက်ပါ။

 

နောက်တစ်ချက်က အသည်းကွဲတယ်ဆိုပြီး ဖေ့စ်ဘုတ်ပေါ်မှာ ခဏခဏတင်တာတွေကို မလုပ်မိပါစေနဲ့။ ကြာလာရင် ကိုယ့်အပေါင်းအသင်းတွေကပါ ကိုယ့်အပေါ်ငြူစူသွားပါလိမ့်မယ်။ ဖေ့စ်ဘုတ်ပေါ်မှာ အသည်းကွဲတဲ့အကြောင်းအရာတွေတင်နေမယ့်အစား သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက်လျှောက်လည်ပစ်လိုက်ပါ။

 

အရေးအကြီးဆုံးက ကိုယ်နဲ့သူ့ရဲ့ကြားက လျှို့ဝှက်ချက်တွေကို ဘယ်သူမှမသိစေဖို့ပါဘဲ။ ကိုယ်နဲ့ပြတ်သွားတဲ့ရည်းစားနဲ့ ကိုယ့်ကြားကအကြောင်းအရာတွေကို သူများကိုထုတ်ပြောမိရင် ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းသလိုပါပဲ။ ကိုယ့်အရှက်ကိုယ်ခွဲသလိုဖြစ်နေပါလိမ့်မယ်။ အကောင်းဆုံးက ဒီလိုအချိန်မှာ သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မေ့ပျောက်ထားပြီး အနာဂတ်ကိုဆက်လက်လျှောက်လှမ်းဖို့ပါပဲ။

 

Source – Duwun

Read times Last modified on Wednesday, 19 September 2018 11:03
Rate this item
(1 Vote)