အိမ်ထောင်ရေးအဆင်ပြေဖို့အတွက်ဆောင်ရန်ရှောင်ရန်များ

အိမ်ထောင်ရေးအဆင်ပြေဖို့အတွက်ဆောင်ရန်ရှောင်ရန်များ google.com

အိမ်ထောင်ရေးမှာသာယာအဆင်ပြေစေဖို့ဆိုတာ ဇနီးမောင်နှံနှစ်ယောက်ရဲ့စိတ်သဘောထားပေါ်မှာအများကြီးမူတည်နေပါတယ်။တစ်ယောက်နဲ့တစ်ယောက်

စိတ်တူကိုယ်တူဖြစ်ဖို့အတွက် ဆောင်ရန်ရှောင်ရန်အချက်လက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

-       တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီနှီးနဲ့ စကားပြောတာတွေ၊ တစ်ယောက်စကားပြောနေတဲ့အချိန်မှာ စိတ်ဝင်စားသည်ဖြစ်စေ စိတ်မ၀င်စားသည်ဖြစ်စေ နားထောင်ပေးတာတွေဟာ အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် ဆောင်ရန်အချက်တွေထဲမှာတစ်ချက်ပါဝင်ပါတယ်။ မိမိအိမ်ထောင်ဖက်ပေါ်မှာ ချစ်ခင်ကြင်နာစွာစကားပြောခြင်းနဲ့ တစ်ဦးနဲ့တစ်ဦးကြားက သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်ပါတယ်။

 

-       ဘယ်လောက်ပြဿနာတွေဖြစ်ဖြစ်၊ ရန်တွေဖြစ်ပြီးစိတ်ဆိုးစိတ်ကောက်နေတာဖြစ်ဖြစ်၊ လင်မယားနှစ်ဦးကိုပြန်လည်အဆင်ပြေစေဖို့အကောင်းဆုံးနည်းလမ်းကတော့ လိင်ဆက်ဆံခြင်းပါပဲ။ ကိုယ့် ဇနီးမယား၊ လင်ယောင်္ကျားရဲ့တောင့်တမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဆောင်ရန်အချက်တစ်ချက်ပါပဲ။ လိင်ဆက်ဆံခြင်းကို တစ်ယောက်ယောက်က ရှောင်ဖယ်နေမယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေကြုံလာရနိုင်ပြီး နောက်ဆုံးလမ်းခွဲပြတ်စဲခြင်းအထိဖြစ်နိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

 

-       လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့အတိုင်း အိမ်ထောင်ရေးမှာရန်ဖြစ် စကားများတတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ဒီလိုရန်ဖြစ် စကားများတဲ့အခါ နှစ်ဦးသားပြေလည်ဖို့အတွက် မိမိတို့နှစ်ဦးပဲဖြေရှင်းသင့်ပါတယ်။ လင်မယားကြားကို တခြားလူအ၀င်မခံပါနဲ့။ မိသားစု ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်၊ မိဘမောင်နှမပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ် လင်မယားကြားဝင်ရောက်လာပြီဆိုရင် အိမ်ထောင်ရေးထိခိုက်နိုင်တဲ့အတွက် ရှောင်ရန်အချက်တစ်ချက်အဖြစ် သတိထားသင့်ပါတယ်။

 

-       ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook တို့ Instagram တို့ကိုအလွန်အမင်းသုံးစွဲခြင်းကလည်း အိမ်ထောင်ရေးကိုထိခိုက်စေပါတယ်။ အိမ်မှုကိစ္စတွေကို လစ်ဟင်းပြီး ဆိုရှယ်မီဒီယာကို စွဲစွဲလန်းလန်းအသုံးပြုခြင်းကြောင့် အိမ်ထောင်ရေးပြိုကွဲမှုတွေရှိနေတာကြောင့် ရှောင်ရန်အချက်တစ်ချက်အဖြစ်ဖော်ပြလိုက်ပါတယ်။

 

Read More: အိမ်ထောင်သည်တွေအတွက်ဝင်ငွေနဲ့ထွက်ငွေကိုမျှတအောင်အသုံးပြုနည်း
            IN Amazing Marriage Adventure Couple Carly and Bpbby with Baby 002 600x400

Source – Kalay

Read times Last modified on Wednesday, 19 September 2018 10:51
Rate this item
(0 votes)