ဟန်းနီးမွန်းခရီးစဉ်ဆိုတာ သာမန်ခရီးစဉ်တွေထက်ဇိမ်ကျမှုနဲ့စွန့်စားမှုတွေပြည့်နှက်နေရမယ့်ခရီးဖြစ်တာကြောင့် ...
ဟန်းနီးမွန်းခရီးစဉ်ဆိုတာ သာမန်ခရီးစဉ်တွေထက်ဇိမ်ကျမှုနဲ့စွန့်စားမှုတွေပြည့်နှက်နေရမယ့်ခရီးဖြစ်တာကြောင့် ... google
အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် မြန်မာနိုင်ငံတွင်းမှာပဲ ဟန်းနီးမွန်းသွားရောက်ရင်းအပန်းဖြေလို့ရမယ့်ခရီးလေးကို ဖော်ပြပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေထက်မလျော့တဲ့ အလှအပတွေ၊ရှေးဟောင်းယဉ်ကျေးမှုတွေများစွာရှိနေတာကြောင့်
ပရိသတ်တွေအနေနဲ့ မြန်မာပြည်တွင်းမှာပဲဟန်းနီးမွန်းခရီးလေးကိုဖန်တီးမယ်ဆိုလည်း ထူးခြားပြီးအမှတ်တရဖြစ်နေမှာသေချာပါတယ်။
ဟန်းနီးမွန်းခရီးစဉ်ဆိုတာ သာမန်ခရီးစဉ်တွေထက်ဇိမ်ကျမှုနဲ့စွန့်စားမှုတွေပြည့်နှက်နေရမယ့်ခရီးဖြစ်တာကြောင့် အခုဖော်ပြပေးမယ့်နေရာကသေချာပေါက် ဟန်းနီးမွန်းအတွက်သင့်တော်မှာပါနော်။
1a
အရင်ဆုံး ချစ်သူနဲ့အတူမန္တလေးကနေပုဂံကို ညဖက်အပျော်စီးသင်္ဘောလေးစီးကြည့်ဖို့အကြံပေးချင်ပါတယ်။
ရာဇဝင်များရဲ့သတို့သမီးလို့တင်စားခေါ်ဝေါ်ကြရတဲ့ဧရာဝတီမြစ်ကြီးထဲမှာ ချစ်သူနဲ့အတူရှိနေခွင့်ကလည်း လူတိုင်းရနိုင်တဲ့အခွင့်အရေးမဟုတ်လို့ စမ်းကြည့်သင့်ပါတယ်။
ပုဂံကိုရောက်ရင် အညာဒေသရဲ့အလှအပတွေ၊လက်မှုလုပ်ငန်းတွေ၊ပွဲတော်တွေဟာ ဘယ်တော့မှ ရိုးသွားမယ့်အရာတွေမဟုတ်လို့ သေချာလေ့လာခဲ့ဖို့လည်းမှာချင်ပါတယ်။
1c
ပုဂံဘုရားတွေကို E bike လေးတွေစီးပြီး ဖူးမြော်နိုင်သလို ဗိုက်ဆာရင် ဝင်စားနိုင်တဲ့ ဈေးနှုန်းသက်သာတဲ့ မြန်မာထမင်းဆိုင်စစ်စစ်
တွေ၊အကြော်ဆိုင်လေးတွေကလည်း အဆင်သင့်ပါပဲ။ပုဂံမှာသာရနိုင်မယ့် အညာဒေသရဲ့ဟင်းလျာလေးတွေကိုလည်းမြည်းစမ်းကြည့်ပါ။
အမှတ်တရဓာတ်ပုံတွေရိုက်ဖို့လည်းမမေ့ပါနဲ့နော်။
တစ်နေကုန်လျှောက်လည်ပြီးရင်တော့ ချစ်သူနဲ့အတူထန်းတောထဲမှာ ထန်းရေချိုလေးသောက်ပြီး နေဝင်ဆည်းဆာကိုအတူကြည့်ရှုခံစားကြည့်ပါ။ဟိုတယ်လ်ရောက်ရင်
တော့ Spa မှာ Massage လုပ်ဖို့လုံးဝလုံးဝမမေ့ပါနဲ့နော်။အားလုံးပဲကြည်နူးဖွယ်အမှတ်တရတွေနဲ့ပြည့်နှက်တဲ့ ဟန်းနီးမွန်းခရီးစဉ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Airtickietng/Airline ကုမ္ပဏီ (866)ခုကို သိရှိလိုပါက နှိပ်ပါ။
1b
Zawgyi ဖြင့်ဖတ်ရန်
Myanmar Wedding Guide
jjjj
Read times
Rate this item
(0 votes)
Tagged under