ပတ္တရားကမ်းခြေမှာ Prewedding ရိုက်မယ်ဆို...
ပတ္တရားကမ်းခြေမှာ Prewedding ရိုက်မယ်ဆို... google
အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို Grand Century Travels & Tours ရဲ့ပတ္တရား-ဘန်ကောက် ( ၃ညအိပ်၄ရက် )ခရီးစဉ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဟန်းနီးမွန်းသွားရောက်ဖို့ပဲဖြစ်ဖြစ်၊Prewedding ရိုက်ကူးဖို့ပဲဖြစ်ဖြစ် သွားရောက်လို့အဆင်ပြေမယ့်နေရာလေးဖြစ်ပါတယ်။ပတ္တရားမြို့မှာ လည်ပတ်ရမယ့်နေရာလေးတွေက -
လဆာနည်းပညာသုံးကာ ကျောက်တောင်ပေါ်တွင် ထွင်းထုထားတဲ့ လေဆာဘုရားကြီး၊တွေ့မြင်ရခဲတဲ့ အပူပိုင်းအပင်တွေ၊ ဂေါ်ဇီလာ၊ ဒိုင်နိုဆောရုပ်ကြီးတွေနဲ့ အလှဆင်ထားပြီး
ကမ္ဘာ့အလှဆုံးပန်းခြံ ၁၀ခုမှာ တစ်ခုအပါအဝင်လည်းဖြစ်တဲ့ Nongnooch ဥယျာဉ်ထဲမှာ Tramလေးစီးရင်း လည်ပတ်ကာ ဓာတ်ပုံလှလှလေးတွေရိုက်ကြမယ်။
ထိုင်းရိုးရာ Show ပွဲတွေနဲ့၊ ဆင် Show ပွဲတွေ၊နိုင်ငံပေါင်းစုံမှ အံ့သြမင်သက်ဖွယ် အကအလှများနဲ့ ဖျော်ဖြေမည့် ပတ္တရားမြို့ရဲ့ နာမည်ကျော် Lady boy လေးတွေကတဲ့ Alcaza show၊ ၊
သဲဖြူဖြူလေးတွေပေါ်မှာ စိန်ပွင့်လေးတွေ ကြဲထားသလို အရမ်းလှတဲ့ သန္တာကျွန်း (Coral Island)ရှိရာကို Speed boat စီးပြီးသွားကြမယ်။ကျွန်းပေါ်မှာ ရေကူးရင်း၊ Water activities တွေဖြစ်တဲ့ Banana boat ၊
Jet Ski စတဲ့ ကစားနည်းတွေလည်း ဆော့နိုင်သလို၊ပင်လယ်ပြင်ကို အပေါ်စီးမှ အသဲတအေးအေးဖြင့် ကြည့်ရှုနိုင်မည့် လေထီးစီးခြင်း၊
ပင်လယ်ရေအောက်အလှတွေကို ကြည့်ရှုနိုင်မည့်Seawalkingစတဲ့ကစားနည်းတွေကိုလည်း အပန်းဖြေရင်းဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။
ပတ္တရားမြို့ကအပြန်မှာတော့ Shopping Paradise လို့တင်စားကြတဲ့ ဘန်ကောက်မြို့ရဲ့ Shopping Mall တွေ၊ Night Marketတွေမှာ ဈေးဝယ်ကြမယ်။
ထိုင်းနိုင်ငံ၏ ကျက်သရေဆောင် တန်ခိုးကြီးမြဘုရားကို ဝင်ရောင်ဖူးမြော်ပြီး ထိုင်းဘုရင်တွေ ထီးနန်းစိုးစံခဲ့ရာ နန်းတော်ဝင်းကို လေ့လာရင်းအမှတ်တရဓာတ်ပုံတွေ ရိုက်ကြမယ်။
ကလေး ၊ လူကြီးမရွေးကစားလို့ရသလို ဓာတ်ဖမ်းလို့လဲ အရမ်းလှတဲ့ Dream World ထဲမှာ ကစားနည်းမျိုးစုံကိုစိတ်ကြိုက် ဆော့ကစားရင်း ၊ Snow Town ထဲမှာ နှင်းလျှောစီးကြမယ်။
လင်းပိုင် ၊ မျောက် ၊ ဖျံ ၊ ငှက်စတဲ့ တိရစ္ဆာန်လေးတွေရဲ့ ချစ်စဖွယ် Show ပွဲလေးတွေကြည့်နိုင်သလို၊
တောတွင်းတိရစ္ဆာန်မျိုးစုံရဲ့ သဘာဝအလျောက် နေထိုင်ကျက်စားမှု ပုံစံတွေကို လေ့လာနိုင်မည့် Safari Worldစတဲ့နေရာတွေကို သွားရောက်လည်ပတ်မည့် ဘန်ကောက် ပတ္တရားခရီးစဉ်လေးဟာ
စိတ်ဝင်စားစရာ၊ လည်ပတ်စရာ၊ ဝယ်ချင်စရာ၊ ပျော်စရာတွေများလွန်းတာကြောင့် သွားရောက်လည်ပတ်သင့်ပါတယ်။
Phone: 09770777781, 09770777782, 09770777783, 09770777784
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
jjjj
Read times Last modified on Monday, 03 February 2020 16:39
Rate this item
(0 votes)
Tagged under