ညဘက်ပွဲတက်ဝတ်စုံ Evening Dress

ညဘက်ပွဲတက်ဝတ်စုံ Evening Dress

မနက်ပိုင်း မင်္ဂလာပွဲကြီးပြီးစီးသည်နှင့် ညပိုင်းတွင် dinner ပွဲကို ပြုလုပ်ကြလေ့ရှိပါတယ်။

ထို့ကြောင့် သတို့သမီးအတွက် ညဘက်ပွဲတက်ဝတ်စုံကလည်း အရေးပါကြောင်း သိရပါတယ်။

 

သတို့သမီးပွဲတက်ဝတ်စုံကတော့ ပွဲနေရာပေါ်မူတည်ပြီး ဖက်ရှင်ကျကျဝတ်ဆင်နိုင်သလို သက်တောင့်သက်သာဖြစ်စေမည့် ၀တ်စုံကို ရွေးချယ်၍လည်း ၀တ်ဆင်နိုင်ပါတယ်။

 

ယနေ့ခေတ်တွင် ပွဲအခြေအနေပေါ်မူတည်၍ ပွဲတက်ဝတ်စုံကို တကူးတက ရွေးချယ်ဝတ်ဆင်လာကြောင်း သိရပါတယ်။

 

ဖက်ရှင်ပွဲများကျင်းပသည့်အတွက်ကြောင့် လူအများက ပွဲတက်ဝတ်စုံကို စိတ်ဝင်စားလာအောင် ပြုလုပ်ကြခြင်း ဖြစ်ကြောင်းသိရပါတယ်။ ဒီဝတ်စုံကို သာမန်အချိန်တွေမှာထက် ပွဲနေ့မှာဝတ်ဆင်ဖို့အတွက်နှင့် သတို့သမီး ကိုယ်ခနာအလှကို ပေါ်လွင်အောင် ၀တ်ဆင်ခြင်းဖြစ်ပါတယ်။

 

ညဘက်ပွဲတက်ဝတ်စုံကိုဝတ်ဆင်ခြင်းဖြင့် သတို့သမီးအတွက် အရမ်းကို လှပစေမယ့် ၀တ်စုံမျိုးဖြစ်ပါတယ်။ သတို့သမီး တတ်နိုင်သောသူများက ပွဲတက်ဝတ်စုံကို ကိုယ်တိုင်းနဲ့မှာကြပြီး တချို့ကတော့ ဆိုင်မှာကိုယ်တိုင်းနှင့် ၀ယ်ကြပါတယ်။ ၀တ်စုံကတော့ ဒီဇိုင်းပေါ်မူတည်ပြီး ကျောက်အနည်းအများ၊ ကျောက်မပါဘဲနှင့်ဆိုရင် ဈေးနှုန်းအနည်းအများကွာခြားကြောင်း သိရပါတယ်။

 

ပွဲတက်ဝတ်စုံတွင် ဂါဝန်အတို၊ အရှည် အစရှိသဖြင့် ၀တ်စုံအမျိုးမျိုးရှိပါတယ်။ အထူးသဖြင့် ပွဲပေါ်မူတည်ပြီး ၀တ်ကြပါတယ်။ Dinner ပွဲ၊ ပါတီပွဲ အစရှိသဖြင့် ပွဲတက်ဝတ်စုံအနည်းငယ်ကွာခြားကြောင်း ဒီဇိုင်နာများ၏ ပြောကြားချက်အရ သိရပါတယ်။

 

ပွဲတက်ဝတ်စုံဈေးနှုန်းမှာ အနည်းဆုံး ကျပ် ငါးသောင်းမှ ငါးသိန်းကျော်အထိရှိကြောင်းသိရပါတယ်။ မိမိ တတ်နိုင်သည့် ငွေကြေးပေါ်မူတည်ပြီး စိတ်ကြိုက်ဝတ်စုံဒီဇိုင်းကို ရွေးချယ်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:43
Rate this item
(1 Vote)