မင်္ဂလာလက်စွပ် စွပ်ပေးမယ့်လူကြီးတွေမှာ ရှိရမယ့်အရည်အချင်းများ

မင်္ဂလာလက်စွပ် စွပ်ပေးမယ့်လူကြီးတွေမှာ ရှိရမယ့်အရည်အချင်းများ google.com

မင်္ဂလာပွဲလေးတစ်ပွဲမှာဆိုရင်တော့ မင်္ဂလာမောင်နှံလေးတွေကို လာရောက်ဂုဏ်ပြုပေးဖို့အတွက် လူကြီးမင်းတွေကိုဖိတ်ခေါ်တတ်ပါတယ်။

 

လာရောက် ချီးမြှင့်ပေးနိုင်မယ့် လူကြီးတွေထဲမှာမှ မင်္ဂလာမောင်နှံလေးတွေကို မင်္ဂလာလက်စွပ် ချီးမြှင့်ပေးဖို့လူကြီးတွေကို ရွေးချယ်တဲ့အချိန် ဘယ်လိုအချက်တွေကို ကြည့်ပြီး ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မင်္ဂလာလက်စွပ်ကို တန်ဖိုးကိုဘယ်လောက်တန် ပြုလုပ်သင့်လဲဆိုတာကိုလည်း သိထားပေးပါနော်။

 

 

တစ်လင် တစ်မယားဖြစ်တဲ့ မောင်နှံ ဖြစ်ရပါမယ်

 

မင်္ဂလာမောင်နှံကို မင်္ဂလာလက်စွပ်ချီးမြှင့်ပေးမယ့် လူကြီးမောင်နှံအနေနဲ့က တစ်လင်တစ်မယား ဖြစ်ရမှာပါ။ ဒါကလည်း မြန်မာထုံးစံတွေကို လိုက်နာတဲ့သဘောပါသလို မင်္ဂလာရှိတဲ့အချိန်လေးကိုမင်္ဂလာရှိတဲ့လူကြီးမင်းတွေရဲ့ ကောင်းတဲ့အကျင့်လေးတွေကို လက်ဆင့်ကမ်းဆုမွန်ကောင်း တောင်းပေးလိုက်တဲ့သဘောပါ။

 

 

စီးပွါးရေးနဲ့ လူမှုရေး အဆင်ပြေရပါမယ်

 

ဒီအချက်ကလည်း အရေးပါတဲ့အချက်လို့ ဆိုရမှာပါ။ စီးပွါးရေးအဆင်ပြေရမယ်ဆိုလို့ ချမ်းသာ ကြွယ်ဝတဲ့သူတွေမှ လက်စွပ်စွပ်ပေးနိုင်တာလို့ မဆိုလိုပါဘူးနော်။ စီးပွါးရေးအရ အတော်အတန်၊ ကြွယ်ဝတဲ့သူ ဖြစ်ရမှာ ဖြစ်သလို လူမှုရေးအရ မျက်နှာလှတဲ့လူကြီး ဖြစ်ရမှာပါ။

 

 

နောက်ဆုံးတစ်ချက်ကတော့ သားသမီး ရတနာ ထွန်းကားတဲ့ ဇနီးမောင်နှံ ဖြစ်ရမှာပါ

 

အိမ်ထောင်ရေးရဲ့ ရတနာတွေထဲမှာ သားသမီးရတနာကတော့ အမြင့်မားဆုံးဆုလို့ဆိုနိုင်တဲ့အတွက် ကြင်စဦးမင်္ဂလာမောင်နှံလေးတွေအတွက် ကောင်းတဲ့အကျိုးတွေ ပြည့်စုံနေဖို့ စတင်လိုက်တဲ့အချိန်လေးမှာ တက်ရောက် အသိအမှတ်ပြု ချီးမြှင့်ပေးမယ့် လက်စွပ်စွပ်ပေးဖို့ ရွေးချယ်လိုက်တဲ့ လူကြီးမင်းမောင်နှံတို့ အနေနဲ့ကတော့ သားသမီးရတနာထွန်းကားတဲ့သူတွေပဲ ဖြစ်ရမှာပါ။

 

ကြင်စဦး မောင်နှံလောင်းတို့အနေနဲ့ မင်္ဂလာလက်စွပ်ကို ချီးမြှင့်ပေးမယ့်လူကြီးကို ရွေးချယ်တဲ့အချိန်မှာ ပြောပြပေးထားတဲ့ အချက် ၃ ချက်နဲ့ ပြည့်စုံတဲ့သူကို အကူအညီတောင်းနိုင်ပါတယ်။ တချို့ မင်္ဂလာမောင်နှံလေးတွေကတော့ မင်္ဂလာပွဲလေးကို မှတ်မှတ်ရရဖြစ်စေချင်တဲ့အတွက် ကိုယ့်မိဘတွေကို ပြန်လည်ချီးမြှင့်စေသလို အစ်မကြီး၊ အစ်ကိုကြီးတွေကို ပြန်လည်ချီးမြှင့်စေတာတွေလည်း ရှိပါတယ်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 17:41
Rate this item
(1 Vote)