သတို့သမီးလက်ကိုင်ပန်းကို ပရိတ်သတ်ဆီဘာလို့ပစ်ပေးကြတာလဲ

သတို့သမီးလက်ကိုင်ပန်းကို ပရိတ်သတ်ဆီဘာလို့ပစ်ပေးကြတာလဲ google

မင်္ဂလာဆောင်တွေသွားတဲ့အခါ သတို့သမီးလက်ကိုင်ပန်း ပစ်ပေးတာမျိုးကြုံဖူးလား။ ကြုံဖူးတယ်ဆိုရင် ဒီလိုပစ်ပေးရတဲ့အကြောင်းအရင်းကိုလည်းသိချင်မှာပါ။

လက်ကိုင်ပန်းစည်းဖမ်းမိတဲ့သူဟာ မကြာခင်မင်္ဂလာဆောင်ရတဲ့ သတို့သမီး တစ်ယောက်ဖြစ်လာမယ်ဆိုတဲ့ အယူလည်းရှိပါတယ်။ ဒီလို အယူတွေ၊ ဓလေ့တွေ၊ ဘာကြောင့်ပစ်ပေးလိုက်ရတယ်ဆိုတဲ့အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

 

မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့အရာတွေ တော်တော်များများဟာရိုးရာပုံပြင်တွေ၊ ရှေးအယူတွေ၊ ဓလေ့တွေ၊ အစဉ်အလာတွေနဲ့ထူးဆန်းတဲ့ယုံကြည်မှုတွေ နဲ့ ဆက်နွယ်နေတာပါ။ ရှေးခေတ်တုန်းက သတို့သမီးလေးတွေဟာ မင်္ဂလာဆောင်တာကို ပျော်ရွှင်ချမ်းမြေ့တဲ့သင်္ကေတတစ်ခု ပြယုဂ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။ မင်္ဂလာဆောင်ရတဲ့အတွက် ဘဝကို နှစ်ယောက်တူတူဖြတ်သန်းရပြီး အထီးကျန်ဆန်ပြီးမသေတော့တာကြောင့် ကံကောင်းတယ်လို့ ဆိုလိုချင်ကြတာပဲဖြစ်ပါတယ်။

 

အထီးကျန်ဆန်ပြီး တစ်ယောက်တည်းဖြစ်နေခြင်းကိုလည်း မကောင်းဘူးလို့ယူဆကြလို့ဖြစ်ပါတယ်။ အခုခေတ်မှာလည်း ဒီအယူက တစ်ချို့တွေရဲ့အတွေးထဲမှာ ရှိနေပါသေးတယ်။ ရှေးတုန်းကလည်း သတို့သမီးကိုထိရကိုင်ရရင်လည်း ကံကောင်းစေတာတွေ ကူးစက်စေတယ်လို့ယူဆကြပြန်ပါသေးတယ်။ ဒါ့အပြင် သတို့သမီးရဲ့ပစ္စည်းတစ်ခုခုကိုရရှိရင်လည်း သိပ်ကိုကံကောင်းတယ်လို့မှတ်ယူထားကြပါတယ်။ သတို့သမီး ဂါဝန်စဖြစ်ဖြစ်၊ မျက်နှာအုပ်တဲ့ ပုဝါဖြစ်ဖြစ်ပေါ့။

 

မင်္ဂလာဆောင်အပြီး ဟန်းနီးမွန်းထွက်ဖို့ကားပေါ်တက်တဲ့အခါ သတို့သမီးလေးကိုထိရင် ကံကောင်းအောင်ဆိုပြီး အလုအယက်ထိကြကိုင်ကြတာမျိုးရှိပါတယ်။ ဒါကြောင့်မို့ သတို့သမီးဝတ်စုံလေးမပျက်စီးစေဖို့ သတို့သမီးလေးတွေဟာ သူတို့ပန်းစည်းလေးတွေကို လေထဲပစ်လိုက်ပြီး မင်္ဂလာဆောင်လာတဲ့ ပရိသတ်ကို လှည့်စားလိုက်တာဖြစ်ပါတယ်။ ဒါမှသတို့သမီးလေးနောက်ကို အုံးအုံးကျက်ကျက် လူစုလူဝေးကြီးလိုက်မလာအောင် လုပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

ဒီလိုလုပ်တဲ့ဓလေ့ကနေပြီးတော့ သတို့သမီးလက်ကိုင်ပန်းလေးကို ပွဲလာဧည့်သည်တွေဖမ်းလေ့ရှိတဲ့ဓလေ့ဖြစ်လာပြီး၊ လက်ကိုင်ပန်းဖမ်းမိတဲ့သူဟာ ကဗျာဆန်တဲ့အချစ်ဇာတ်လမ်းလေးရရှိလာမယ်လို့ယုံကြည်ကြပါတယ်။ ဒီလိုနဲ့ သတို့သမီး ကို ထိရကိုင်ရတဲ့ဓလေ့ဟာ ပန်းစည်းပစ်ပေးခြင်းကြောင့်တစ်ဖြေးဖြေးပျောက်ကွယ်သွားပြီး မင်္ဂလာပွဲပြီးတဲ့အခါမှာ သတို့သမီးလေးလည်းဝတ်စုံမစုတ်မပြဲဘဲလှလှလေး နဲ့ ဟန်းနီးမွန်းသွားနိုင်ပါတော့တယ်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 25 February 2019 14:47
Rate this item
(2 votes)