မင်္ဂလာလက်စွပ် ပြုလုပ်တဲ့အခါ စုံတွဲလေးတွေ အရွေးမမှားစေဖို့

မင်္ဂလာလက်စွပ် ပြုလုပ်တဲ့အခါ စုံတွဲလေးတွေ အရွေးမမှားစေဖို့ google.com

သတို့သားလောင်း သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာလက်စွပ်ဆိုတာ မင်္ဂလာဦးအမှတ်တရ ပစ္စည်းဆိုရင်လည်း မမှားပါဘူး။

မင်္ဂလာဦးအမှတ်တရ ဖြစ်တဲ့အတွက် လက်စွပ်ပြုလုပ်တဲ့အခါမှာ အရွေးမမှားဖို့ လိုပါတယ်။ မင်္ဂလာဦးလက်စွပ်ကို ပလက်တီနမ်၊ စိန်၊ ရွှေ ဆိုပြီး သုံးမျိုးရှိတဲ့အထဲက တစ်မျိုးကိုရွေးချယ်ပြီး ပြုလုပ်လေ့ ရှိကြပါတယ်။ အများအားဖြင့် ပြုလုပ်တာကတော့ ရွှေပါ။ ရွှေကိုမှ စိန်ထည့်ပေါင်းပြီး လုပ်တာလည်း ရှိပါသေးတယ်။

 

 

ရွှေကို ရွေးချယ်မယ်ဆိုရင်

 

တော်တော်များများကတော့ မင်္ဂလာရွှေလက်စွပ်ကို မောင်းကွင်းလေးတွေ ပြုလုပ်ကြတာ များပါတယ်။ မောင်းကွင်းကိုမှ လက်ဗွေရာ ဒါမှမဟုတ် မင်္ဂလာဆောင်တဲ့နေ့ အမှတ်တရထွင်းပြီး လုပ်တာလည်း ရှိပါသေးတယ်။ ရွှေဆိုတဲ့ သဘောသဘာဝကတော့ အချိန်ကြာလာလည်း တန်ဖိုးမလျော့ဘဲ တန်ဖိုး ပိုမြင့်လာလေပါပဲ။ ဒါ့အပြင် ရွှေက အတိတ်ကောင်း နမိတ်ကောင်း ဆောင်တဲ့အတွက် စုံတွဲလေးတွေ ပိုပြီးတော့ ရွေးချယ်ကြတာပါ။ မင်္ဂလာ လက်စွပ်ကို ရွှေနဲ့ပြုလုပ်မယ်ဆိုရင်တော့ (၁၆) ပဲရည် ဒါမှမဟုတ် (၁၅) ပဲရည် အခေါက်ရွှေနဲ့ ပြုလုပ်သင့်ပြီး ကျောက်မျက်ရတနာတစ်ခုခု ထည့်မယ်ဆိုရင်တော့ (၁၃) ပဲရည်နဲ့ ပြုလုပ်ရင် ပိုကောင်းပါတယ်။

 

 

စိန်ကို ရွေးချယ်မယ်ဆိုရင်

 

စိန်ဆိုတာ ရှားပါးကျောက်မျက်ရတနာ တစ်မျိုးဖြစ်ပြီး တန်ဖိုးလည်း ကြီးမြင့်ပါတယ်။ သဘာဝဘေးအန္တရာယ်ကို အန်တုနိုင်တဲ့ ကျောက်မျက်ရတနာ ဖြစ်တာကြောင့် စုံတွဲလေးတော်တော်များများ စိန်ကိုရွေးချယ်ကြပါတယ်။ စိန်ကိုမှ ရွှေနဲ့ လုပ်တာ၊ ရွှေဖြူနဲ့ ကွပ်တာဆိုပြီးလည်း ရွေးချယ်နိုင်ပါတယ်။စိန်ဆိုတာ ရှားပါးကျောက်မျက်ရတနာတစ်မျိုးဖြစ်ပြီး တန်ဖိုးလည်း ကြီးပါတယ်။

 

 

ပလက်တီနမ်

 

ပလက်တီနမ်ကိုတော့ စုံတွဲလေးတွေက စေ့စပ်လက်စွပ်အဖြစ် ရွေးချယ်ကြတာ ပိုများပါတယ်။ ပလက်တီနမ်ကတော့ သတို့သားလေးရော သတို့သမီးလေးပါ ခေတ်မီတဲ့ပုံစံလေး ရွေးချယ်လုပ်လို့ ရပါတယ်။ ပလက်တီနမ်ရော၊ ရွှေပါ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ပလက်တီနမ်နဲ့ ရွှေ ရောစပ်ပြီး လုပ်ပါ။

 

သတို့သား၊ သတို့သမီးလေးတို့ရေ ကိုယ်မှန်းထားတဲ့ ကုန်ကျစရိတ်ပေါ်မူတည်ပြီး လက်စွပ်ပြုလုပ်ရမှာ ဖြစ်တာကြောင့် ရွှေ၊ စိန်၊ ပလက်တီနမ် သုံးခုထဲက တစ်ခုကို အဆင်ပြေရာ ရွေးချယ်နိုင်ပါတယ်နော်။ မင်္ဂလာဦးအမှတ်တရလေးဖြစ်လို့ မိမိတို့စိတ်တိုင်းကြ သေချာရွေးချယ်ဝယ်ယူပါနော်။

 

 

 

Credit;Marry

Read times
Rate this item
(1 Vote)