စိန်ရိုင်း တင်သွင်းမှု အိန္ဒိယ ယာယီရပ်ဆိုင်းထား

စိန်ရိုင်း တင်သွင်းမှု အိန္ဒိယ ယာယီရပ်ဆိုင်းထား

စိန်ရိုင်း တင်သွင်းမှု အိန္ဒိယ ယာယီရပ်ဆိုင်းထား

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

အိန္ဒိယနိုင်ငံ စိန်လုပ်ငန်းကဏ္ဍမှ အသင်းများက အသင်းဝင်များကို စိန်ရိုင်းများ တင်သွင်းမှု ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားထားသည့်စာ ဖြန့်ဝေထားပါသည်။

ဖြန့်ဝေစာကို စက်တင်ဘာလ ၂၆ ရက်တွင် 

• Gem Jewellery Export Promotion Council (GJEPC)

•Bharat Diamond Bourse

• Surat Diamond Bourse

• Mumbai Diamond Merchants Association 

• Surat Diamond Association

တို့က ပူးတွဲ ထုတ်ပြန်ခဲ့ကြပါသည်။

ကမ္ဘာ့ဝယ်လိုအား နှေးကွေးနေခြင်းနှင့် ပြည်တွင်းမမှာ သိုလှောင်မှုလက်ကျန် မြင့်တက်လာခြင်းတို့ကြောင့်  အောက်တိုဘာ ၁၅ ရက်မှ စတင်၍ နှစ်လကြာ စိန်ရိုင်းတင်သွင်းမှုကို ရပ်တန့်ရန် ညွှန်ကြားထားပါသည်။ 

 

သွေးပြီးသား စိန်အချောနှင့် လက်ဝတ်ရတနာများ ဝယ်ယူမှု ကြီးမားသည့် အမေရိကန်နှင့် တရုတ်တို့တွင် ဝယ်ယူမှု အမြင့်မားဆုံး ဖြစ်ခဲ့သည့် ၂၀၂၁ နှင့် ၂၀၂၂ နောက်ပိုင်း ဝယ်လိုအား တောက်လျှောက်ကျဆင်းနေခဲ့သည်ဟု ဖြန့်ဝေစာတွင် ဖော်ပြထားသည်။

အိန္ဒိယမှ စိန်အချောနှင့် လက်ဝတ်ရတနာများ တင်ပို့မှုသည် ဇန်နဝါရီလ မှ ဩဂုတ်လအထိ ကာလအတွင်း ၂၅% ကျဆင်းခဲ့သည်။ သို့ဖြစ်ရာ စိန်ချောများ လက်ကျန်မြင့်မားနေသည်။ ဝယ်လိုအားထက် ရောင်းလိုအား လျော့နည်းနေသဖြင့် စိန်ဈေးနှုန်း အားပျော့လာသည်ဟု ဖြန့်ဝေစာတွင် ဖော်ပြထားသည်။

 

သတ္တုတွင်းကုမ္ပဏီများသည် တူးဖော်လျက်ရှိသော စိန်ရုိင်းများကို ပုံမှန်ရောင်းချလျက်ရှိသည်။ စိန်ရိုင်းနှင့် စိန်အချောထည်တို့အကြား အလယ်နေရာတွင် ရပ်တည်နေသော စိန်သွေးသူများ၊ စိန်ထည်များ ထုတ်လုပ်ရောင်းချသည့်သူများ၏ အခြေအနေကို ထည့်သွင်းချင့်ချိန်ခြင်း မပြုကြချေ။

"စိန်လုပ်ငန်းကဏ္ဍ အထူးသဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အသင်းဝင်တို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ စိန်ရိုင်း တင်သွင်းမှုများကို ရပ်ဆိုင်းရန် အကြံပြုအပ်ပါသည်"ဟု ဖြန့်ဝေစာတွင် ဖော်ပြထားသည်။

 

အခြေအနေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ်တွင် ပြန်လည်သုံးသပ်ပါမည်ဟု ဖြန့်ဝေစာတွင် ဖော်ပြထားသည်။

 

အမေရိကန်နှင့် တရုတ် ဈေးကွက်များအပြင် အာရပ်နိုင်ငံများ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း အစရှိသည့် အခြားဈေးကွက်များကို စူးစမ်းရှာဖွေနေသည်။

 

Source indiaexpress


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 30 September 2023 00:16
Rate this item
(0 votes)