Wednesday, 24 August 2022 11:03
မင်္ဂလာမောင်နှံတွေအတွက် ၅၀% ထိ လျှော့စျေးတွေနှင့် ရောင်းချပေးမယ့် စျေးရောင်းပွဲတော်ကြီး
ချစ်သူနဲ့ ရွှေလက်တွဲရမယ့်နေ့လေးမှာ မင်္ဂလာမောင်နှံစုံတွဲတွေအတွက် စျေးနှုန်းသက်သာစွာဖြင့် မင်္ဂလာပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်တဲ့ အခွင့်အရေးရရှိမယ့် စျေးရောင်းပွဲတော်ကြီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
"All For Love" လို့ ရိုမန့်တစ်ဆန်ဆန်အမည်ပေးထားတဲ့ ဒီစျေးရောင်းပွဲတော်ကြီးကို Novotel Yangon Max Hotel နှင့် MY DREAM One Stop Wedding Service & Event Planning တို့က ပူးပေါင်းစီစဉ်ထားတာဖြစ်ပြီး Novotel Yangon Max Hotel Grand Ballroom ခန်းမမှာ စက်တင်ဘာ (၃) ရက် နှင့် (၄) ရက် နှစ်ရက်တာ အခမဲ့ကြည့်ရှုနိုင်အောင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
All For Love Wedding Fair 2022 အခမ်းအနားကို ဖြစ်မြောက်အောင် အဓိက ပံ့ပိုးကူညီပေးထားတာကတော့ Lucky Diamond Myanmar မှ ဖြစ်ပြီး တခြားလုပ်ငန်းတွေကလည်း Diamond၊ Gold၊ Silver Sponsor တို့အနေဖြင့် ပွဲအစီအစဉ်အခမ်းအနားကို အသီးသီး ပံ့ပိုးကူညီထားကြပါတယ်။
ပြပွဲအခမ်းအနားတွင် မင်္ဂလာမောင်နှံတွေအကြိုက် စျေးဆိုင်ခန်းပေါင်း (၂၂) ခုကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး ၅၀% အထိ အမြင့်ဆုံး လျှော့ဈေးတွေနဲ့အတူ ရင်ခုန်ဖွယ်ရာ အထူးလက်ဆောင်များပါ ပေးအပ်သွားဖို့ ရှိပါတယ်။ Novotel Yangon Max Hotel မှလည်း ပွဲနေ့တွင် မင်္ဂလာမောင်နှံတွေအတွက် အထူး Special Wedding Packages တွေကို ၁၂% ထိ လျှော့စျေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ပွဲအခမ်းအနား ပထမရက် စက်တင်ဘာ (၃) ရက် မနက် ၁၁ နာရီတွင် Lucky Diamond Myanmar ရဲ့ Jewellery Show ပွဲ နှင့် ဒုတိယရက် စက်တင်ဘာ (၄) ရက် ညနေ ၆ နာရီတွင် ဒီဇိုင်နာ ကိုကောင်းမြတ်ရဲ့ New Collection Bridal Show 2022/23 ပွဲကို Starz & Models မှ အလှလေးများဖြင့် တွဲဖက်ပြသသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Wedding Fair နှစ်ရက်တာအတွင်း လာရောက်ကြည့်ရှုမယ့် မင်္ဂလာမောင်နှံများထဲမှ ကံထူးရှင်စုံတွဲ ၅၀ (အယောက် ၁၀၀ ) တိတိကို ရွေးချယ်ပြီး စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီတွင် Hot Pot City Ahlone မှာ ဧည့်ခံကျွေးမွေးသွားမယ့်အပြင် ကံထူးရှင် စုံတွဲ ၅ တွဲ ထပ်ရွေးပြီး Novotel Yangon Max Hotel တွင် One Night Stay လက်ဆောင် ပေးသွားဖို့လည်း ရှိပါတယ်။
ပွဲအခမ်းအနားကို စက်တင်ဘာ (၃) ရက် စနေနေ့ မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ၊ စက်တင်ဘာ (၄) ရက် တနင်္ဂနွေနေ့ မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ Talk Show တွေ၊ Live Sale တွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Lucky Draw အစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ မင်္ဂလာမောင်နှံစုံတွဲတွေအတွက် နှစ်သက်ရာ အချိန်မှာ သွားရောက်လေ့လာနိုင်ပါတယ်။
စျေးရောင်းပြပွဲ အခမ်းအနားနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
အမည် - မသင်ဇာ
ရာထူး - Assistant Sales Manager of Novotel
ဖုန်းနံပါတ် - ၀၉၄၂၃၆၆၆၀၆၄
Email – This email address is being protected from spambots. You need JavaScript enabled to view it.
document.getElementById('cloake7d28dfce39eb130853830203c2dfb95').innerHTML = '';
var prefix = 'ma' + 'il' + 'to';
var path = 'hr' + 'ef' + '=';
var addye7d28dfce39eb130853830203c2dfb95 = 'H9045-SB3' + '@';
addye7d28dfce39eb130853830203c2dfb95 = addye7d28dfce39eb130853830203c2dfb95 + 'accor' + '.' + 'com';
var addy_texte7d28dfce39eb130853830203c2dfb95 = 'H9045-SB3' + '@' + 'accor' + '.' + 'com';document.getElementById('cloake7d28dfce39eb130853830203c2dfb95').innerHTML += ''+addy_texte7d28dfce39eb130853830203c2dfb95+'';
အမည် - မယင်းမာချို
ရာထူး - Manager of My Dream
ဖုန်းနံပါတ် - ၀၉၇၉၉၅၉၆၀၂၈
Email – This email address is being protected from spambots. You need JavaScript enabled to view it.
document.getElementById('cloak861c4dbbb09790a447db501012a0371c').innerHTML = '';
var prefix = 'ma' + 'il' + 'to';
var path = 'hr' + 'ef' + '=';
var addy861c4dbbb09790a447db501012a0371c = 'mydreamweddingstudio' + '@';
addy861c4dbbb09790a447db501012a0371c = addy861c4dbbb09790a447db501012a0371c + 'gmail' + '.' + 'com';
var addy_text861c4dbbb09790a447db501012a0371c = 'mydreamweddingstudio' + '@' + 'gmail' + '.' + 'com';document.getElementById('cloak861c4dbbb09790a447db501012a0371c').innerHTML += ''+addy_text861c4dbbb09790a447db501012a0371c+'';