News

Thursday, 29 July 2021 09:42

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု ရေတွင်းတူးနေစဉ် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စုကို အိမ်နောက်ဘက် ခြံဝင်းထဲ ရေတွင်းတူးရာမှ တွေ့ရှိခဲ့ပါတယ်။  ကျောက်ကုန်သည်တစ်ဦးက ပြောကြားခဲ့တာမှာ ကျောက်မျက်ရတနာတွေ ထွက်ရှိတဲ့ ဧရိယာမှာ အလုပ်သမားတွေ ရေတွင်းတူးကြရာမှ တွေ့ရှိခဲ့တယ်။ ကျွမ်းကျင်သူတွေက ပြောကြားခဲ့တာမျာ နီလာကျောက်စုရဲ့ အရောင်ဟာ အပြာဖျော့ဖျော့ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ ရောင်းချရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ရနိုင်တယ်။ အဆိုပါ နီးလာကျောက်စု ကျောက်တုံးကြီးကို တွေ့ရှိခဲ့တဲ့နေရာက သီရိလင်္ကာနိုင်ငံရဲ့ရတနာမြေဖြစ်တဲ့ ရက်နာပူရမှာ ဖြစ်ပါတယ်။ နီလာကျောက်စု ကျောက်တုံးကြီးရဲ့ အလေးချိန်က ၅၁၀ ကီလိုဂရမ် ရှိပြီး ကာရက် ၂.၅ သန်း ရှိပါတယ်။ နီလာကျောက်စုကျောက်တုံးကြီးကို စာရင်ဒီပတီ နီလာ "Serendipity Sapphire” လို့ အမည်ပေးထားကြတယ်။ နီလာကျောက်စု ပိုင်ရှင်က ရတနာကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး တတိယမြောက်မျိုးဆက် ဖြစ်ပါတယ်။ သူက အာဏာပိုင်တွေကို နီလာကျောက်စု ကျောက်တုံးကြီး တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ပါတယ်။ တွေ့ရှိပြီးတဲ့နောက်မှာ ကျောက်တုံးကြီးကို ဆေးကြောသန့်စင်မှု ပြုတာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ကျောက်သားတွေ ဖဲ့ထုတ်တဲ့အခါ နီလာကျောက်အချို့လည်း ပဲ့ပါလာခဲ့ပါတယ်။ အရည်အသွေးကောင်းတဲ့ ကြယ်နီလာတွေ ဖြစ်ကြောင်း သိခဲ့ရတယ်။     ရက်နာပူရဟာ ကျောက်မျက်မြို့တော်လို့Screenshot_2021-07-28_221100.jpgအဓိပ္ပာယ် ရပါတယ်။ အဖိုးတန် ကျောက်မျက်တွေ တူးဖော်တဲ့မြို့ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ နီလာနဲ့ အခြားအဖိုးတန်ကျောက်မျက်များ ပြည်ပသို့ တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့မှစ်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ကို ကျောက်မျက်များ၊ သွေးပြီးသား စိန်များနဲ့ လက်ဝတ်ရတနာများ ပြည်ပတင်ပို့ခြင်းဖြင့် ရရှိခဲ့ပါတယ်။     ကျောက်မျက်ပညာရှင် Dr Gamini Zoysa က အခုလောက် ကြီးမားတဲ့ ကျောက်မျက်အရွယ်အစားကို တစ်ခါမှ မြင်ဖူးကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀၀ ဝန်းကျင်က ကျောက်မျက်အဖြစ် ဖွဲ့တည်ခဲ့တာ ဖြစ်မယ်လို့ ဆိုပါတယ်။ ယခု နမူနာ ရရှိတဲ့ ကျောက်မျက်အပိုင်းအစတွေက အရည်အသွေးမြင့်မားတာ မှန်သော်လည်း အတွင်းပိုင်းမှာ ရှိနေတဲ့ ကျောက်မျက်တွေလည်း အလားတူ အရည်အသွေး မြင့်မားမယ်လို့ အာမခံချက် မရှိဘူးလို့ ကျောက်မျက်ကျွမ်းကျင်သူအချို့က ဆိုပါတယ်။ စာရင်ဒီပတီ နီလာကို ခွဲပြီးမှ ရောင်းချမယ့်အစား အတုံးလိုက်ကြီး ရောင်းချဖို့ ကြိုးစားသွားမယ်။ ပြတိုက်တွေ၊ ကျောက်မျက် စုဆောင်းသူတွေ ဝယ်ယူသိမ်းဆည်းထားဖို့ စိတ်ဝင်စားကြလိမ့်မယ်လို့ National Gem and Jewellery Authority ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ Source: .bbc.com ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု      
Thursday, 29 July 2021 09:15

အလှမယ် ဇနီးကို ကျောခိုင်းဖို့ ဆုံးဖြတ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လူကံုထံရပ်ကွက် မန်ဟက်တန်မှာ နေထိုင်တဲ့ ထင်ရှားသူ ကျောရိုးအထူးကု ခွဲစိတ်ဆရာဝန်က
Wednesday, 28 July 2021 10:20

လူဝီဗီတွန် ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှု Bravery High Jewelry Collection မှ La Flêche နဲ့ La Constellation d’Hercule

လူဝီဗီတွန် ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှု Bravery High Jewelry Collection မှ La Flêche နဲ့ La Constellation d’Hercule တို့ကို တင်ပြပေးထားပါတယ်။  ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်တိုက် တည်ထောင်သူ လူတီဗီတွန် Louis Vuitton မွေးဖွားခဲ့တာ  နှစ်ပေါင်း ၂၀၀ သက်တမ်းပြည့်ခဲ့ပြီမို့ နှစ်ပေါင်း (၂၀၀) အထိမ်းအမှတ်အဖြစ် ဖက်ရှည်စုစည်းမှုတွေ ထုတ်လုပ်ခဲ့တာမှာ ရတနာတွေ စီခြယ်ထားတဲ့ လက်ဝတ်ရတနာ ဖက်ရှင်စုစည်းမှုလည်း ထည့်သွင်းထားတယ်။ အဲဒီလက်ဝတ်ရတနာ စုစည်းမှုတွေက လူဝီဗီတွန်ရဲ့ မယုံနိုင်စရာ ဘဝတစ်သက်တာကို ထင်ဟပ်ပြသထားတဲ့ ဒီဇိုင်းတွေကို သုံးစွဲထားတယ်။    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ တုန်းက နောင်တစ်ချိန်မှာ ကမ္ဘာထိပ်တန်း ဖက်ရှင်တိုက်ဖြစ်ပြီး ပြင်သစ်နိုင်ငံဂုဏ်ဆောင် အထက်တန်းစား ဖက်ရှင်တိုက် ထူထောင်သူ လူဝီဗီတွန်ကို မွေးဖွားခဲ့တယ်။ အခုလို နှစ်ပေါင်း ၂၀၀ ပြည့် အထိမ်းအမှတ်မဖြစ် ဖက်ရှင်တိုက်က ထူထောင်သူရဲ့ ဘဝဇာတ်ကြောင်းကို ဖော်ကျူးတဲ့ လက်ဝတ်ရတနာဖက်ရှင် စုစည်းမှုကို လူဝီဗီတွန် ဖက်ရှင်တိုက်ရဲ့ လက်ဝတ်လက်စားနှင့် နာရီများအတွက် တာဝန်ယူလုပ်ကိုင်နေတဲ့ Artistic Director ဖြစ်သူ ဖရန်ချက်စကာ( Francesca Amfitheatro )က ဖန်တီးပေးထားပါတယ်။       ဖရန်ချက်စကာဟာ ကမ္ဘာ့ထိပ်တန်း Tiffany & Co မှာ  Design Director ရာထူးကို ရရှိတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Tiffany & Co က သူမကို ရွေးချယ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လူဝီဗီတွန်မှာ လက်ဝတ်လက်စားနှင့် နာရီများအတွက် Artistic Director ရာထူးတာဝန်ကို ၂၀၁၈ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပါတယ်။  ခုရေ ၉၀ ပါဝင်တဲ့ လက်ဝတ်ရတနာ စုစည်းမှုကို အသက် ၅၃ နှစ်ရှိပြီဖြစ်သူ ဖရန်ချက်စကာက ဗီတွန်ရဲ့ ဘဝဇာတ်ကြောင်း သမိုင်းကြောင်းကို ထင်ဟပ်ပြသတဲ့ လက်ဝတ်ရတနာတွေ ဖြစ်လာဖို့နဲ့ ကြံဆဖန်တီးတာမှာ တိကျမှန်ကန်စွာ ထင်ဟပ်ဖို့နဲ့ အနုလက်ရာမြောက်ဖို့ကို ဂရုတစိုက် လုပ်ကိုင်ခဲ့ပါတယ်။    လက်ဝတ်ရတနာ စုစည်းမှုကို ရဲရင့်ခြင်း Bravery (Bravery High Jewelry Collection)လို့ အမည်ပေးထားတယ်။ အပိုင်းအခြားအခန်း ၈ ခန်း ပါတယ်။ အခန်းတိုင်းက ဗီတွန်ရဲ့ ဘဝဇာတ်ကြောင်းကို ကာလဖြစ်စဉ် အစီအစဉ်အတိုင်း ဖော်ကျူးထားတယ်။ ဒီတော့ ရဲရင့်ခြင်း ရတနာစုစည်းမှုဟာ လူဝီဗီတွန်ရဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။ အဖိုးတန် ကျောက်မျက်တွေနဲ့ သတ္တုတွေဖြင့် စီကုံးထားတဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။  ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှုမျာ လည်ဆွဲတွေအပြင်၊ နားကပ်၊ ရင်ထိုး၊ လက်စွပ် စသဖြင့် ပါဝင်ပါတယ်။ လည်ဆွဲတွေက ဗီတွန်ရဲ့ ဘဝဇာတ်ကြောင်းမှာ ထူစိုက်ခဲ့တဲ့ မှတ်တိုင်တွေကို ဖော်ကျူးထားတဲ့ အခန်းတိုင်းအတွက် အချက်အချာလက်ရာ centerpiece ဖြစ်ပါတယ်။  ပထမအပိုင်းအခြားကို သူမွေးဖွားခဲ့တဲ့ ကြယ်နက္ခတ်စုဖြစ်တဲ့ ဟာကျူလီကြယ်နက္ခတ်စု La Constellation d’Hercule လို့ အမည်ပေးထားတယ်။ ဗီတွန် မွေးဖွားခဲ့တဲ့ ၁၈၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်မှာ ကောင်းကင်မှာ ရှိနေတဲ့  ဟာကျူလီကြယ်နက္ခတ်စုကို ရည်ညွှန်းပါတယ်။    မာမာတုပ်တုပ်လည်ဆွဲကို တင်ဇင်နိုက် (tanzanite)၊ စဗောရစ် (tsavorite)နဲ့ ဩစတေးလျ မဟူရာဖလား ဩပဲ (opal) တို့ဖြင် စီခြယ်ပေးထားတယ်။ ညကောင်းကင်မှာ မြင်ရတဲ့ ဟာကျူလီ ကြည်နက္ခတ်စုရဲ့ ကြယ်တွေကို ကိုယ်စားပြုပေးထားတယ်။ ဟာကျူလီဟာ ခွန်အားဗလ အလွန်ကြီးမားတဲ့သူဖြစ်လို့ လည်ဆွဲဒီဇိုင်းကိုလည်း တုပ်တုပ်ခိုင်ခိုင် လုပ်ပေးထားတယ်။      La Flêche လည်ဆွဲရဲ့ ဒီဇိုင်းကတော့ သူ့ဘဝ ပထမပိုင်းကို ထင်ဟပ်ဖို့ သုံးဆင့်လည်ဆွဲဒီဇိုင်းကို သုံးစွဲထားတယ်။     မိခင် ကွယ်လွန်ပြီး နှစ်အနည်းငယ်အကြာ လူဝီ အသက် ၁၃ နှစ်မှာ အိမ်ကနေ ပါရီမြို့ဆီသို့ ခရီးထွက်လာခဲ့တယ်။ မိုင် ၂၅၀ ကွာဝေးတဲ့ခရီးကို သူသွားခဲ့တာ သုံးနှစ်ကြာမြင့်ခဲ့တယ်။ ပြင်သစ် အရှေ့ပိုင်းမှာ တည်ရှိတဲ့ တောအရပ်ဒေသ Jura ကနေ ပါရီသွားတဲ့ လမ်းခရီးမှာ သူက လက်မှုပညာတွေ သင်ယူခဲ့တယ်။ အဲဒီခရီးစဉ်ကို သုံးနှစ်ကို ကိုယ်စားပြုတဲ့ သုံးဆင့်လည်ဆွဲဖြင့် ထင်ဟပ်ထားတာကို  La Flêche လည်ဆွဲမှာ မြင်တွေ့ရတယ်။ ပလက်တီနမ်၊ ရွှေဝါနဲ့ ရွှေဖြူ သတ္တုသုံးမျိုး သုံးစွဲထားတယ်။ စိန်နဲ့မြ တွဲဖက်ထားတယ်။ မြအစိမ်းရောင်က ဗီတွန် နှင်ခဲ့တဲ့ခရီးတစ်လျှောက်မှာ ရှိနေတဲ့ တောအုပ်စိမ်းစိမ်းတွေကို ဆိုလိုပါတယ်။  “သူက လောကကို စူးစမ်းချင်တဲ့ဆန္ဒရဲ့ တိုက်တွန်းမှုဖြင့် အဲဒီခေတ်အခါက တော်ရုံတန်ရုံ ၁၃ နှစ်အရွယ်ယောက်ျားလေးတစ်ယောက် သွားဖို့ဆိုတာ စိတ်ကူးထဲတောင် မထည့်တဲ့ခရီးကို သူက ရဲရဲဝံ့ဝံ့ သွားခဲ့တယ်။ ပြင်သစ်တစ်လွှား ခရီးဆန့်ခဲ့တယ်။ အဲဒါကြောင့် အခု စုစည်းမှုကို ရဲရင့်ခြင်းလို့ အမည်ပေးခဲ့တာ ဖြစ်တယ်” လို့ ဖရန်ချက်စကာက ပြောပြတယ်။     La Flêche ဟာ မြားလို့ အဓိပ္ပာယ်ရတယ်။ မြားက လေကိုခွင်းပြီး ပစ်မှတ်ဆီကို မဆုတ်မနစ် သွားတဲ့ခရီးလိုမျိုး ဗီတွန်က တော်အရပ်မှ မြို့ကြီး ပါရီဆီသို့ ဒုက္ခသုက္ခအမျိုးမျိုးကို ခွင်းပြီး သုံးနှစ်ကြာခရီးကို သွားခဲ့တယ်။ သူ့ရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို နဲ့ သူ့ရဲ့ စိတ်ဆန္ဒတွန်းအားတို့က မြားတစ်စင်းလို ခရီးနှင်နိုင်စေခဲ့ပါတယ်။ ခြေလျင်ခရီးဖြင့် သီတင်းပတ် ၂ ပတ်ခရီးကို သူက သုံးနှစ်သွားခဲ့ရတယ်။ လမ်းခရီးမှာ ကြုံရာကျပန်း အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ရင်း လက်မှုပညာကိုလည်း သင်ယူခဲ့တယ်။ နောက်ဆုံးမှာ ခရီးဆုံးပန်းတိုင်ဖြစ်တဲ့ ပါရီမြို့ကို သူရောက်ရှိခဲ့ပါတယ်။ 
Friday, 16 July 2021 12:14

Bella Hadid ရဲ့ ရွှေအဆုပ်လည်ဆွဲ

စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Bella Hadid က ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Cannes Film Festival 2021 မှာ အမြင်ဆန်းတဲ့ ရွှေလည်ဆွဲဖြင့် ကော်ဇောနီပေါ်မှာ ပွဲထွက်ခဲ့ပါတယ်။
Saturday, 30 January 2021 12:29

ကျောက်စိမ်းအရိုင်းတုံးများ ကထန်ကျေးရွာအနီးတွင် တွေ့ရှိသဖြင့် အလုအယက်တူး‌ဖော်သူများပြား

ကချင်ပြည်နယ်၊ ဖားကန့်- လုံးခင်းရတနာနယ်မြေ၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာအနီး၊ မတ်စ်ကုမ္ပဏီ၏ လုပ်ကွက်ဟောင်းအတွင်း စျေးကွက်ဝင် ကျောက်စိမ်းအရိုင်းတုံးများ တစ်နေရာတည်းတွင် တွေ့ရှိမှုကြောင့် ချက်ချင်းသတင်းပျံ့နှံ့ကာ ရေမဆေးရှာဖွေသူအများအပြား အလုအယက် လာရောက်တူးဖော်နေကြောင်း သတင်းရရှိသည်။
Monday, 25 January 2021 14:04

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးအတွက် ကျပ်သိန်း ၃၆၀ ကျော် လှူဒါန်းမည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ၁၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်က ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ Online Meeting ပုံစံဖြင့် ကျင်းပသည်။
Sunday, 17 January 2021 14:46

ငွေထည်ပစ္စည်းများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့လာနိုင်သည့် အနေအထားရှိ

မြန်မာလက်မှု ငွေထည်ပစ္စည်းများကို ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် 3D ပုံစံမျိုး ရုပ်လုံးရုပ်ကြွများ၊ ဇာတ်တော်ကြီးများ ထုလုပ်ရောင်းချလျက် ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာလက်ရာမှာ ကျော်ကြားကြောင်း၊ ထိုကျော်ကြားသည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့လာနိုင်သည့် အနေအထားရှိကြောင်း မြန်မာ့လက်မှု ငွေထည်၊ ကြေးထည်အသင်း (ရွာထောင်)မှ သိရသည်။
Saturday, 16 January 2021 14:13

တန်ချိန်ငါးသိန်းခန့်ရှိသည့် ကျောက်စိမ်းတုံးကြီး ထွက်ပေါ်နေသည် ဆိုသည်မှာ ကောလဟလသာဖြစ်ပြီး သာမန်ကျောက်တုံးတစ်တုံးသာဖြစ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း တန်ငါးသိန်းခန့်ရှိသည့် ကျောက်စိမ်းတုံးကြီး ထွက်ပေါ်နေသည် ဆိုသည့်သတင်းမှာ ကောလဟလသာဖြစ်ပြီး အဆိုပါကျောက်တုံးမှာ ကျောက်စိမ်းမျိုးနွယ်ဝင်မဟုတ်ဘဲ ယခင်ကတည်းက ရှိခဲ့သည့် သာမန်ကျောက်တုံး တစ်တုံးသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Friday, 15 January 2021 06:09

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ရွှေတွင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ တည်ဆောက်နေဆဲဖြစ်သော ရွှေတွင်းတစ်လျှောက် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြေအောက်တွင် ပိတ်မိနေသည့် လုပ်သား ၂၂ ဦးကို ရှာဖွေရာ၌ ကယ်ဆယ်ရေးသမား ၃၀၀ ကျော် ပူးပေါင်းပါဝင်လျက်ရှိကြောင်း ဒေသခံတာဝန်ရှိသူများက ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။
Wednesday, 13 January 2021 16:30

ရွှေလီမြစ်ကမ်းအနီး ရွှေသတ္ထု ရှာဖွေတူးဖော်နေမှုများအား သက်ဆိုင်ရာမှ ရှောင်တခင် ၀င်ရောက် စစ်ဆေးခြင်းကို ဒေသခံများကြိုဆို

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်းရှိ အင်းကြီးလှေဘိုကျေးရွာ ရွှေလီမြစ်ကမ်းအနီးမှာ