News

Wednesday, 05 October 2022 12:28

အောက်တိုဘာ ၁၉ ရက်မှ တွင် ၂၅ ရက်အထိ ကျင်းပမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ

ခုနစ်ရက်ကြာ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိဒနကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပရေးဗဟိုကော်မတီမှ သိရသည်။
Saturday, 01 October 2022 18:24

ရွှေရောင်းဝယ်ရေးအတွက် Special Counter ရှိသည့် ဘဏ်များ စာရင်း

ရွှေရောင်းဝယ်ရေးအတွက် Special Counter ရှိသည့် ဘဏ်များ စာရင်း
Friday, 30 September 2022 23:31

ရွှေလေလံ လေလံ ဆွဲသူ မရှိ

ရွှေလေလံ လေလံ ဆွဲသူ မရှိ
Wednesday, 24 August 2022 11:03

မင်္ဂလာမောင်နှံတွေအတွက် ၅၀% ထိ လျှော့စျေးတွေနှင့် ရောင်းချပေးမယ့် စျေးရောင်းပွဲတော်ကြီး

ချစ်သူနဲ့ ရွှေလက်တွဲရမယ့်နေ့လေးမှာ မင်္ဂလာမောင်နှံစုံတွဲတွေအတွက် စျေးနှုန်းသက်သာစွာဖြင့် မင်္ဂလာပွဲအခမ်းအနား ကျင်းပပြုလုပ်နိုင်တဲ့ အခွင့်အရေးရရှိမယ့် စျေးရောင်းပွဲတော်ကြီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။   "All For Love" လို့ ရိုမန့်တစ်ဆန်ဆန်အမည်ပေးထားတဲ့ ဒီစျေးရောင်းပွဲတော်ကြီးကို Novotel Yangon Max Hotel နှင့် MY DREAM One Stop Wedding Service & Event Planning တို့က ပူးပေါင်းစီစဉ်ထားတာဖြစ်ပြီး Novotel Yangon Max Hotel Grand Ballroom ခန်းမမှာ စက်တင်ဘာ (၃) ရက် နှင့် (၄) ရက် နှစ်ရက်တာ အခမဲ့ကြည့်ရှုနိုင်အောင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။   All For Love Wedding Fair 2022 အခမ်းအနားကို ဖြစ်မြောက်အောင် အဓိက ပံ့ပိုးကူညီပေးထားတာကတော့ Lucky Diamond Myanmar မှ ဖြစ်ပြီး တခြားလုပ်ငန်းတွေကလည်း Diamond၊ Gold၊ Silver Sponsor တို့အနေဖြင့် ပွဲအစီအစဉ်အခမ်းအနားကို အသီးသီး ပံ့ပိုးကူညီထားကြပါတယ်။   ပြပွဲအခမ်းအနားတွင် မင်္ဂလာမောင်နှံတွေအကြိုက် စျေးဆိုင်ခန်းပေါင်း (၂၂) ခုကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး ၅၀% အထိ အမြင့်ဆုံး လျှော့ဈေးတွေနဲ့အတူ ရင်ခုန်ဖွယ်ရာ အထူးလက်ဆောင်များပါ ပေးအပ်သွားဖို့ ရှိပါတယ်။ Novotel Yangon Max Hotel မှလည်း ပွဲနေ့တွင် မင်္ဂလာမောင်နှံတွေအတွက် အထူး Special Wedding Packages တွေကို ၁၂% ထိ လျှော့စျေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။   ပွဲအခမ်းအနား ပထမရက် စက်တင်ဘာ (၃) ရက် မနက် ၁၁ နာရီတွင် Lucky Diamond Myanmar ရဲ့ Jewellery Show ပွဲ နှင့် ဒုတိယရက် စက်တင်ဘာ (၄) ရက် ညနေ ၆ နာရီတွင် ဒီဇိုင်နာ ကိုကောင်းမြတ်ရဲ့ New Collection Bridal Show 2022/23 ပွဲကို Starz & Models မှ အလှလေးများဖြင့် တွဲဖက်ပြသသွားမှာ ဖြစ်ပါတယ်။   ဒါ့အပြင် Wedding Fair နှစ်ရက်တာအတွင်း လာရောက်ကြည့်ရှုမယ့် မင်္ဂလာမောင်နှံများထဲမှ ကံထူးရှင်စုံတွဲ ၅၀ (အယောက် ၁၀၀ ) တိတိကို ရွေးချယ်ပြီး စက်တင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီတွင် Hot Pot City Ahlone မှာ ဧည့်ခံကျွေးမွေးသွားမယ့်အပြင် ကံထူးရှင် စုံတွဲ ၅ တွဲ ထပ်ရွေးပြီး Novotel Yangon Max Hotel တွင် One Night Stay လက်ဆောင် ပေးသွားဖို့လည်း ရှိပါတယ်။   ပွဲအခမ်းအနားကို စက်တင်ဘာ (၃) ရက် စနေနေ့ မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ၊ စက်တင်ဘာ (၄) ရက် တနင်္ဂနွေနေ့ မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ Talk Show တွေ၊ Live Sale တွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Lucky Draw အစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ မင်္ဂလာမောင်နှံစုံတွဲတွေအတွက် နှစ်သက်ရာ အချိန်မှာ သွားရောက်လေ့လာနိုင်ပါတယ်။   စျေးရောင်းပြပွဲ အခမ်းအနားနှင့် ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အမည် - မသင်ဇာ ရာထူး - Assistant Sales Manager of Novotel ဖုန်းနံပါတ် - ၀၉၄၂၃၆၆၆၀၆၄ Email – This email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloak0705053f58ca375250a083bdeef4aafa').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addy0705053f58ca375250a083bdeef4aafa = 'H9045-SB3' + '@'; addy0705053f58ca375250a083bdeef4aafa = addy0705053f58ca375250a083bdeef4aafa + 'accor' + '.' + 'com'; var addy_text0705053f58ca375250a083bdeef4aafa = 'H9045-SB3' + '@' + 'accor' + '.' + 'com';document.getElementById('cloak0705053f58ca375250a083bdeef4aafa').innerHTML += ''+addy_text0705053f58ca375250a083bdeef4aafa+''; အမည် - မယင်းမာချို ရာထူး - Manager of My Dream ဖုန်းနံပါတ် - ၀၉၇၉၉၅၉၆၀၂၈ Email – This email address is being protected from spambots. You need JavaScript enabled to view it. document.getElementById('cloak910beb7017fcbe372f4d430c048ac9ef').innerHTML = ''; var prefix = 'ma' + 'il' + 'to'; var path = 'hr' + 'ef' + '='; var addy910beb7017fcbe372f4d430c048ac9ef = 'mydreamweddingstudio' + '@'; addy910beb7017fcbe372f4d430c048ac9ef = addy910beb7017fcbe372f4d430c048ac9ef + 'gmail' + '.' + 'com'; var addy_text910beb7017fcbe372f4d430c048ac9ef = 'mydreamweddingstudio' + '@' + 'gmail' + '.' + 'com';document.getElementById('cloak910beb7017fcbe372f4d430c048ac9ef').innerHTML += ''+addy_text910beb7017fcbe372f4d430c048ac9ef+'';
Thursday, 28 July 2022 14:53

အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ

အကြီးမားဆုံး ကာရက် ၁၇၀ ပန်းရောင်စိန် တွေ့ရှိ
Friday, 27 May 2022 21:46

ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း

ထိုင်းလက်ဝတ်ရတနာ ပြည်ပတင်ပို့မှု ယခုနှစ် ပြန်ကောင်းမည်ဟု ခန့်မှန်း
Saturday, 14 August 2021 09:51

အမေရိကန်ဒေါ်လာဈေး ကျပ် ၁၇၃၀ ကျော်အထိ စံချိန်တင်မြင့်တက်

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ကျဆင်းသွားပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာခဲ့ရာ
Monday, 02 August 2021 08:32

ကျန်းမာရေးထိခိုက်နိုင်သဖြင့် ရွှေတံဆိပ် မကိုက်ရန် သတိပေး

တိုကျိုမှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပွဲမှာ ရွှေတံဆိပ် ရရှိသူတွေ ရွှေတံဆိပ်ကို မကိုက်ကြဖို့ အိုလံပစ် ကော်မတီက တိုက်တွန်းပြောကြားခဲ့ပါတယ်။
Thursday, 29 July 2021 09:42

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု ရေတွင်းတူးနေစဉ် တွေ့ရှိ

ကမ္ဘာ့အကြီးဆုံး နီလာကျောက်စုကို အိမ်နောက်ဘက် ခြံဝင်းထဲ ရေတွင်းတူးရာမှ တွေ့ရှိခဲ့ပါတယ်။  ကျောက်ကုန်သည်တစ်ဦးက ပြောကြားခဲ့တာမှာ ကျောက်မျက်ရတနာတွေ ထွက်ရှိတဲ့ ဧရိယာမှာ အလုပ်သမားတွေ ရေတွင်းတူးကြရာမှ တွေ့ရှိခဲ့တယ်။ ကျွမ်းကျင်သူတွေက ပြောကြားခဲ့တာမျာ နီလာကျောက်စုရဲ့ အရောင်ဟာ အပြာဖျော့ဖျော့ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ ရောင်းချရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ ရနိုင်တယ်။ အဆိုပါ နီးလာကျောက်စု ကျောက်တုံးကြီးကို တွေ့ရှိခဲ့တဲ့နေရာက သီရိလင်္ကာနိုင်ငံရဲ့ရတနာမြေဖြစ်တဲ့ ရက်နာပူရမှာ ဖြစ်ပါတယ်။ နီလာကျောက်စု ကျောက်တုံးကြီးရဲ့ အလေးချိန်က ၅၁၀ ကီလိုဂရမ် ရှိပြီး ကာရက် ၂.၅ သန်း ရှိပါတယ်။ နီလာကျောက်စုကျောက်တုံးကြီးကို စာရင်ဒီပတီ နီလာ "Serendipity Sapphire” လို့ အမည်ပေးထားကြတယ်။ နီလာကျောက်စု ပိုင်ရှင်က ရတနာကုန်သည်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး တတိယမြောက်မျိုးဆက် ဖြစ်ပါတယ်။ သူက အာဏာပိုင်တွေကို နီလာကျောက်စု ကျောက်တုံးကြီး တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ပါတယ်။ တွေ့ရှိပြီးတဲ့နောက်မှာ ကျောက်တုံးကြီးကို ဆေးကြောသန့်စင်မှု ပြုတာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ ကျောက်သားတွေ ဖဲ့ထုတ်တဲ့အခါ နီလာကျောက်အချို့လည်း ပဲ့ပါလာခဲ့ပါတယ်။ အရည်အသွေးကောင်းတဲ့ ကြယ်နီလာတွေ ဖြစ်ကြောင်း သိခဲ့ရတယ်။     ရက်နာပူရဟာ ကျောက်မျက်မြို့တော်လို့Screenshot_2021-07-28_221100.jpgအဓိပ္ပာယ် ရပါတယ်။ အဖိုးတန် ကျောက်မျက်တွေ တူးဖော်တဲ့မြို့ ဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ နီလာနဲ့ အခြားအဖိုးတန်ကျောက်မျက်များ ပြည်ပသို့ တင်ပို့တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့မှစ်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ကို ကျောက်မျက်များ၊ သွေးပြီးသား စိန်များနဲ့ လက်ဝတ်ရတနာများ ပြည်ပတင်ပို့ခြင်းဖြင့် ရရှိခဲ့ပါတယ်။     ကျောက်မျက်ပညာရှင် Dr Gamini Zoysa က အခုလောက် ကြီးမားတဲ့ ကျောက်မျက်အရွယ်အစားကို တစ်ခါမှ မြင်ဖူးကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀၀ ဝန်းကျင်က ကျောက်မျက်အဖြစ် ဖွဲ့တည်ခဲ့တာ ဖြစ်မယ်လို့ ဆိုပါတယ်။ ယခု နမူနာ ရရှိတဲ့ ကျောက်မျက်အပိုင်းအစတွေက အရည်အသွေးမြင့်မားတာ မှန်သော်လည်း အတွင်းပိုင်းမှာ ရှိနေတဲ့ ကျောက်မျက်တွေလည်း အလားတူ အရည်အသွေး မြင့်မားမယ်လို့ အာမခံချက် မရှိဘူးလို့ ကျောက်မျက်ကျွမ်းကျင်သူအချို့က ဆိုပါတယ်။ စာရင်ဒီပတီ နီလာကို ခွဲပြီးမှ ရောင်းချမယ့်အစား အတုံးလိုက်ကြီး ရောင်းချဖို့ ကြိုးစားသွားမယ်။ ပြတိုက်တွေ၊ ကျောက်မျက် စုဆောင်းသူတွေ ဝယ်ယူသိမ်းဆည်းထားဖို့ စိတ်ဝင်စားကြလိမ့်မယ်လို့ National Gem and Jewellery Authority ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်။ Source: .bbc.com ကမ္ဘာ့အကြီးဆုံး နီလာကျောက်စု      
Thursday, 29 July 2021 09:15

အလှမယ် ဇနီးကို ကျောခိုင်းဖို့ ဆုံးဖြတ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လူကံုထံရပ်ကွက် မန်ဟက်တန်မှာ နေထိုင်တဲ့ ထင်ရှားသူ ကျောရိုးအထူးကု ခွဲစိတ်ဆရာဝန်က