Wednesday, 08 July 2020 15:16

လက်ထပ်ပြီးလည်း အချစ်မလျော့အောင်

အိမ်ထောင်တစ်ခုတည်ထောင်ခါစ ဒါမှမဟုတ် relationship တစ်ခုအစပြုချိန်ကတော့ ပျားရည်စမ်းကာလလေးဖြစ်နေတတ်ပါတယ်။ ဘာလုပ်လုပ်အပြစ်မမြင်ဘဲ ချစ်ချင်နေတဲ့အချိန်လေးတွေပေါ့။ အများစုက အဲ့လိုအချိန်လေးတွေကုန်ဆုံးသွားတဲ့နောက်မှာ ဒီလိုစိတ်လှုပ်ရှားမှု နဲ့မျှော်လင့်ချက်လေးတွေက ချစ်ခါစကလိုပြန်မရနိုင်တော့ဘူးလို့ယုံကြည်နေတတ်ကြပါတယ်။ ပျိုမေလေးတို့ လက်ထပ်ပြီးချိန်မှာလည်း ဒီလိုပျော်ရွှင်မှုလေးတွေပြန်ရစေဖို့ လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။