Monday, 01 July 2019 15:16

လက်တွဲဖော်အပေါ်ပြုမူပေးသင့်သည့်အချက်များ

လူတိုင်းမှာအခက်အခဲ ဆိုတာရှိစမြဲပါ ညည်းညူနေမယ့် အစားဘယ်လို ကျော်ဖြတ်ရမလဲဆိုတာကိုစဉ်းစားသင့်ပါတယ်။

 

Saturday, 29 June 2019 17:32

ယောကျာ်းလေးတွေတကယ်ချစ်ပြီဆိုရင်

ယောကျာ်းလေးတွေတကယ်ချစ်ပြီဆိုရင်ကိုယ့်ချစ်သူကိုဘဲမိန်းကလေးလို့ မြင်တော့တာပါ။


သူတို့ တကယ်ချစ်တဲ့မိန်းကလေးကိုပိုင်ဆိုင်ဖို့ လဲကြိုးစားကြပါတယ်။


သူကိုယ်တိုင်လဲအခြားမိန်းကလေးတွေနဲ့မပတ်သက်သလို သူ့ချစ်သူမိန်းကလေးကိုလဲ အခြားယောကျာ်းလေးတွေနဲ့ မပတ်သက်စေချင်ကြပါဘူး။


သူ့ စိတ်ထဲမှာလဲသူ့ ချစ်သူမိန်းကလေးပဲရှိသလို ချစ်သူကိုလဲ သူ့ ကိုယ်ဘဲစိတ်ထဲအမြဲရှိစေချင်တာပါ။


သူလဲသူ့ ချစ်သူ့ ကိုအချိန်တိုင်းသတိရနေသလို သူ့ကောင်မလေးကိုလဲ သူ့ လိုဘဲလွမ်းစေချင်တာ။


သူ့ ချစ်သူကိုယ်ဘဲကြည့်သလို ချစ်သူ ကောင်မလေးကိုလဲသူ့ ကိုယ်ဘဲမြင်စေချင်တာပါ။

 

0d06fb63 f723 439e 9aef c6c1c719ce8a couple relationship winter hug cute


အားလုံးဘဲပိုချစ်နိုင်ပါစေနော်။

 

 

Myanmar Wedding Guide 

Saturday, 29 June 2019 17:10

ကိုယ့်အိမ်ထောင်ဖက်ကိုအချိန်ပေးပါ

ကိုယ့်အိမ်ထောင်ဖက်အတွက် အချိန်ပေးပါ .....


အချိန်မပေးနိုင်ရင် အချစ်ပေးပါ .....

 

အချစ်မပေးနိုင်ရင် ငွေပေးပါ......

 

ငွေမပေးနိုင်ရင် နားလည်မှုပေးပါ....

.

နားလည်မှုပါ မပေးနိင်ရင်တော့ လွတ်လပ်မှုပေးလိုက်ပါ....

 

.

အချိန်ပေးတယ်ဆိုတာ...
ဘာအလုပ်မှမလုပ် မိန်းမဘေးနားကပ်နေတာ မဟုတ်သလို

 

ချစ်တယ်ဆိုတာက .....
ကုတင်ပေါ်က ကိစ္စကို ဆိုလိုတာ မဟုတ်ပါဘူး

 

ငွေပေးတယ်ဆိုတာ .....
သူတောင်းစားသာသာ ပစ်ပေါက်ပေးတာမျိုးမဟုတ်သလို

 

နားလည်မှုပေးတယ်ဆိုတာက....
မသိချင်ယောင်ဆောင်ခိုင်းတာမဟုတ်ပါဘူး ။

 

အိမ်ထောင်သည် ဘဝဆိုတာ ထင်ထားတာထက်
ဖြတ်သန်းရတာခက်ခဲပါတယ် နူးညံ့သိမ်မွေ့ပါတယ်
အဝင်နက်ပါတယ် ကိုင်တွယ်ရ ခက်ပါတယ်။

 

ချစ်လို့ပဲယူယူ ပေးစားလို့ပဲယူယူ
ကိုယ်နဲ့ယူတဲ့သူဟာ ကိုယ့်စိတ်ပဲဖြစ်နေမယ်လို့
မထင်ထားပါနဲ့ ❌

 

လုံးဝမတူတဲ့ လူ(၂)ဦးပါ ⭕️?

 

တစ်ခါတစ်လေ ရန်ဖြစ်ကြသလို ။
တစ်ခါတစ်လေ အလျှော့ပေးရပါတယ်။

 

တစ်ခါတစ်လေ အတူတူပေါ နိုင်ရသလို။
တစ်ခါတစ်လေ အတူတူပြသနာတွေကိုဖြေရှင်းရပါတယ်။

 

တစ်ခါတစ်လေ အသည်းနင့်နေအောင်ချစ်ရပါတယ်
၊တစ်ခါတစ်လေ အသည်းနင့်နေအောင် နာကျည်းရပါတယ်

 

၊တစ်ခါတစ်လေ မမြင်ချင်လောက်အောင်ကို
အမြင်ကပ်တတ်ပါတယ် ။

 

တစ်ခါတစ်လေ သူ့အတွက်ဆိုပြီးဦးစားပေးရပါတယ်။

တစ်ခါတစ်လေ ငါဆိုတဲ့ မာနထားရတတ်ပါတယ်။

 

တစ်ခါတစ်လေ သူ့ဘက်ကနေစဉ်းစားပေးတတ်ရပါတယ်​။

??ဖူးစာဖက်တိုင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝကို
ဖြတ်သန်းနိုင်ပါစေ??

 

sg5 q1 Couple House

 

crd 

Saturday, 29 June 2019 16:33

မိန်းကလေးတွေမုန်းတဲ့ယောကျာ်းလေးဆိုတာ

ယောကျာ်းတွေသာသစ္စာရှိမယ်ဆိုရင် ကမ္ဘာပေါ်ကဘယ်မိန်းမ မှမျက်ရည်ကျမှာ မဟုတ်ပါဘူး။


ယောကျာ်းတစ်ယာက်ရဲ့မာနဆိုတာ မိန်းမတစ်ယောက်ရဲ့ လျှာဖျားလောက် အသုံးမ၀င်ပါဘူး။


မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုနားမလည်ဘဲ အဲ့ဒီမိန်းကလေးကို ချစ်မယ်ဆိုရင်ရူးသွားပါလိမ့်မယ်။

 

47445515 619b 40f3 b1fb 09119132ed44 stocksy txp720bb517ubv100 small 472284


ပိုက်ဆံရှိတဲ့ယောကျာ်းထက်သစ္စာရှိတဲ့ယောကျာ်းကို ပိုလိုချင်ကြပါတယ်။


ချစ်သူဘ၀မှာရသမျှအခွင့်အရေးအကုန်ယူတတ်ယောကျာ်းမျိုးကိုလည်းမလိုချင်ကြပါဘူး။


ချစ်သူအပေါ်မာနထားတဲ့ ယောကျာ်းမျိုးကိုလဲ မုန်းတတ်ကြပါတယ်။


စိတ်ချမ်းသာဖို့လမ်းခွဲပေးမယ်ဆိုတဲ့ယောက်ျားထက် ငါ့ကိုထားမသွားပါနဲ့လို့ ပြောတဲ့ယောကျာ်းမျိုးကိုသာ ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ချင်ကြပါတယ်။

 

 

62262 couple walking beach pexels ibrahim asad.1200w.tn

Saturday, 29 June 2019 16:00

တကယ်ချစ်မိသွားတဲ့အခါ

သင်ချစ်မိသွားတဲ့အခါကိုယ့်ချစ်သူရဲ့ မကောင်းတဲ့အကျင့်တွေထက်၊ကောင်းတဲ့အကျင့်တွေကို ပိုမြင်လာပါလိမ့်မယ်။


သူ့ အနားမှာဖြစ်နိုင်ရင်တစ်ရက် ၂၄ နာရီရှိနေချင်လိမ့်မယ်။

 

Romantic Relationship Happy Together Nick Wignall 2


ကိုယ့်အတွက်တောင်ကိုယ်မလုပ်ပေးချင်တဲ့အရာတွေ သူ့ အတွက်သင်လုပ်ပေးရရင်သင်ပျော်နေလိမ့်မယ်။


သင်ဘယ်လောက်အလုပ်များနေပါစေ သူနဲ့ ဘယ်လောက်ဝေးနေနေသူ့ အကြောင်းသင်ဘာလုပ်လုပ် တွေးဖြစ်နေလိမ့်မယ်။


သူဝမ်းနည်းတဲ့အခါသင်လည်းနာကျင်ခံစားရလိမ့်မယ်။


သူ့ အကြောင်းအမြဲပြောဖြစ်နေလိမ့်မယ်။


သင့်ထက်အခြားသူကိုဦးစားပေးတာမြင်ရင်အလိုလိုဝမ်းနည်းပြီးသ၀န်တိုလာလိမ့်မယ်။

 

istock 865675824


သူကိုယ့်အပေါ်ဘယ်လောက်ဘဲနာကျင်ခဲ့ပါစေသူ့ အပေါ်ခွင့်လွှတ်ဖို့ လွယ်ကူလိမ့်မယ်။


နေ့ ရက်တိုင်း သူ့ ကိုတွေ့ တိုင်း သူ့ အပေါ်အချစ်သစ်တဖန် အဖန်ဖန် တလဲလဲမွေးဖွားလာလိမ့်မယ်။

 

Friday, 28 June 2019 16:21

ချူပ်ချယ်ခြင်းမပါဘဲချစ်ကြည့်ပါ

ချူပ်ချယ်တယ်ဆိုတာကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူးနော်။


ကိုယ့်မိဘက ချူပ်ချယ်ရင်လဲမကြိုက်ကျဘူးလေနော်။


ကိုယ့်ကို ချူပ်ချယ်တာကို မကြိုက်ရင် အခြားသူကိုလဲ မချူပ်ချယ်သင့်ပါဘူး။

 

relationship divorce break up fate Small


ကိုယ့်ချစ်သူကိုလည်းချူပ်ချယ်မယ့်အစား နားလည်မှုလေးပေးထားပြီးသူဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုရင်


ကိုယ့်ချစ်သူက သူ့ အပေါ်နားလည်ပေးရှာတယ်ဆိုပြီးပိုလို့ တောင်အချစ်တွေတိုးမှာအသေအချာပါဘဲနော်။

 

istock 627196788

 


ချူပ်ချယ်တာကြောင့် ကိုယ်လဲစိတ်ပင်ပန်းရတဲ့အပြင်ကိုယ့်ချစ်သူလဲစိတ်ညစ်နေရမှာလေ နော်


ချူပ်ချယ်ခြင်းကြောင့်ကိုယ့်ချစ်သူကကိုယ့်အပေါ် လိမ်ညာတာမျိုး တွေဖြစ်လာနိုင်ပါတယ်နော်

 

why people stay in miserable relationships

 


မချူပ်ချယ်ဘဲ ခွင့်လွှတ်ခြင်း၊နားလည်ပေးခြင်းတွေနဲ့ ဘဲချစ်ကြပါလို့ အကြံလေးပေးချင်ပါတယ်။

Friday, 28 June 2019 14:38

အသဲကွဲရင်ဘာလုပ်သင့်လဲ

လူတိုင်းကတော့ ချစ်ဖူးကြတဲ့ သူတွေကြီးပါဘဲနော်။


ချစ်ဖူး ရင်အသဲကွဲ ဖူးကြ မှာဘဲလေနော်။


ယောကျာ်းလေးတွေ အသဲကွဲရင်အများစုက အရက် ဘီယာ သောက်ပြီး


အသဲကွဲတာကိုကုစားကြတာ များပါတယ်။


မိန်းကလေးတွေကတော့ အသဲကွဲရင် ငိုတာလောက်ပဲတတ်နိုင်ကြပါတယ်။


တကယ်တော့ အသဲကွဲ ရင်အလုပ်သင့်ဆုံး ကတော့

 

့ ပထမတရက် ၀အောင်ငို လိုက်ပါ ။

 

woman crying

 

သူနဲ့ ပတ်သက်သမျှစိတ်နာစရာတွေဘဲတွေးပါ။


သူနဲ့အတူသွားခဲ့တဲ့ နေရာတွေကိုမသွားဘဲနေပါ။


ကိုယ့်ကိုအားဖြစ်စေမဲ့စာတွေများများဖတ်ပါ။


သီချင်းအေးအေးလေးတွေအစား မြူးကြွတဲ့သီချင်းမျိုးနားထောင်ပါ။

 

iStock 000036450854 happy music


သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ။

 

 

Intercet Group Students Hanging Out 1140x642

 


တဖြည်းဖြည်းမေ့နိုင်အောင်ကြိုးစားကြည့်ပါ။

 


ဒီလိုနည်းနဲ့ အသဲကွဲတာကို ကုစားကြည့်ကြပါနော်။

Wednesday, 26 June 2019 17:03

အရမ်းချစ်တတ်တဲ့ ကောင်မလေးတွေ ရဲ့ လက္ခဏာများ

Relationship တစ်ခုမှာ ယောကျာ်းလေးတွေကစချစ်ရပြီး မိန်းကလေးတွေ ကတော့ ဆက်ချစ်ရ တယ်တဲ့။တချို့မိန်းကလေးတွေက အရမ်းအချစ်ကြီးကြတယ်။အရမ်း သ၀န်တိုတတ်ကြ ပါတယ်။
ဒီလို အချစ်ကြီးပြီး သ၀န်တိုတာတွေ ကို ချစ်သူယောကျာ်းလေးတွေက စစချစ်တုန်းမှာတော့ နားလည်ပေးနိုင်ပေမယ့် အချိန်ကြာလာတာနဲ့ စိတ်ရှုပ်စရာ လို့  မြင်လာကြပါတယ် ။
အရမ်း ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ လေးတွေကတော့


(၁) ချစ်သူက ကိုယ့ိ ထက်အခြားသူကိုဦးစားပေးရင် မကြိုက်ဘူး။
(၂) ကိုယ့်ချစ်သူ ကိုချစ်တဲ့အကြောင်း အမြဲ တဖွဖွပြောလေ့ရှိတယ်။
(၃) သ၀န်လဲအရမ်း တိုတယ်။
(၄)ကိုယ့်ချစ်သူရဲ့ မျက်နှာလေးကို တစိမ့်စိမ့် ကြည့်နေတတ်ကြတယ်။
(၅)ချစ်သူက မကြိုက်ဖူးပြောထားတဲ့ အရာတွေကို လုံးဝမလုပ်ဘူး။
(၆)မိမိ ချစ်သူကလွဲ ရင်အခြားယောကျာ်းတွေကို ယောကျာ်း လို့ မမြင်ကြတော့ဘူး။


ဒီတော့ ယောကျာ်း လေးတွေကလည်း ကိုယ့် ချစ်သူ ကောင်မလေး သ၀န်တိုတာကို အပြစ်မမြင်ဘဲ ကိုယ့်ကိုယ် အရမ်းချစ်လို့  ဖြစ်ပေါ်လာတဲ့ ခံစားချက် လေးတွေ ကိုနားလည်ခွင့်လွှတ်ပေးပြီး
ပျော်ရွှင်စရာကောင်းတဲ့ relationship လေးတွေဖန်တီးနိုင်ကြပါစေနော်။

Wednesday, 26 June 2019 16:12

ချစ်သူကို အမှတ်တရဖြစ်စေပြီး ပျော်ရွှင်စေမယ့် လက်ဆောင်

ကိုယ်ချစ်ရတဲ့ ချစ်သူလေးအတွက် အထိမ်းအမှတ်နေ့ တွေမှာ suprise ဖြစ်ပြီးအရမ်း ပျော်ရွှင်ကြည်နူးသွား စေမယ့် လက်ဆောင်မျိုး ပေးဖို့ ဆိုရင်

Friday, 24 May 2019 16:44

မိန်းကလေးတွေကိုယ့်ချစ်သူကောင်လေးကိုယ့်ကိုဘယ်လောက်ချစ်လဲစမ်းသပ်ကြည့်ပြီးပြီလား??

ကိုယ့်ချစ်သူကကိုယ့်ကိုဘယ်လောက်ချစ်လဲစမ်းသပ်ကြည့်ပြီးပြီးလား။

Page 39 of 49