မိန်းမ မှ ကြောင်မွေးမြူထားသောကြောင့် လင်ယောက်ျားဖြစ်သူမှ ကွာရှင်း

မိန်းမ မှ  ကြောင်မွေးမြူထားသောကြောင့် လင်ယောက်ျားဖြစ်သူမှ ကွာရှင်း

ကြောင်ချစ်သူတွေအတွက် ဒါက စိုးရိမ်စရာ သတင်းတစ်ခုပါပဲ ပြဿနာ အစကို ကြည့်မယ်ဆိုရင်တော့ သူ့ အမျိုးသမီး မွေးထားတဲ့ ကြောင် မှ လင်ယောက်ျားရဲ့ မျက်နှာကို သေးဖြင့် ပန်းသောကြောင့် လင်မယား အချင်းများ ရာကနေ ဒဏ်မခံနိုင်တော့ပဲ ကွာသည်အထိဖြစ်လာခဲ့တာပါ။

 

စင်္ကာပူတွင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုအမျိုးသားဟာ ပင်စင်လခ စားတစ်ဦးဖြစ်သည့်အပြင် အသက် ၇၀ ရှိပြီ ဖြစ်ကာ အမျိုးသမီးမှာ အသက် ၆၇ နှစ်အရွယ်ပါ။ ၎င်းတို့ အိမ်ထောင်သက်တမ်း ၄၅ နှစ်တိုင်တိုင်ပေါင်းသင်းလာခဲ့တာပါ။သူတို့လင်မယား ကွဲတာ အခြားထွေထွေထူးထူးကိစ္စ တွေကြောင့်တော့ မဟုတ်ပါဘူး ယောက်ျားဖြစ်သူ အနေနဲ့ သူ့မိန်းမ ရဲ့ ကြောင်တွေ ဓာဏ်ကို မခံနိုင်လို့ ကွဲခဲ့တာပါ။

 

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ကွာရှင်းပျက်စဲကြောင်းတရားဆိုင်စဉ် တရားသူကြီးဖြစ်သူ Sheik Mustafa ပြောကြားချက်အရ သူ့ ယောက်ျားသား က စိတ်ပျက်သည်မှာ ကြောင်တွေက တစ်အိမ်လုံး အနှံ နေရာအနှံ့ အပြားသွားလာနေတယ် သေးတွေလျောက်ပန်းတယ် ၊ အမြင့်တွေပေါ်တတ်တယ် ၊ ပန်းအိုး စတဲ့ ကွဲနိုင်တဲ့ ပစ္စည်းတွေကို ချခွဲတယ် စတဲ့ ကိစ္စ ရပ်တွေကြောင့်ပါတယ့်။

 

သူတို့လင်မယား ဟာ မေလ ၁၉၇၅ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အတော်လေး ပျော်ရွှင်စရာ အချိန်တွေ အများကြီးရှိခဲ့ကြပါတယ်။ထိုအမျိုးသာဟာ ခပ်အေးအေး ကျောင်းစရာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး အတော်လေး အနေအေး ပါတယ်။

 

အခု အချိန်မှာတော့ ယောက်ျားဖြစ်သူဟာ မိန်းမကို မကွာရှင်းချင်ခဲ့ပါဘူး ကြောင်တွေကို နေရာ ချထားပြီး တိရစ္ဆာန်ဂေဟာ လူဖို့ လုပ်ယုံမျှသာ ဘာကြောင့်ဆို ကြောင်တွေထဲ ညင်မကောင်းတဲ့ ကြောင်က များတော့ ကြမ်းပြင်တွေပေါ်က အစ သေးလိုက်ပန်းနေလေတော့ ကျန်းမာရေးနဲ့ မညီညွှတ်လို့ပါတဲ့။

 

သူတို့လင်မယား နှစ်ယောက်မှာ သမီးတစ်ဦးရှိပါတယ် ထို သမီးဖြစ်သူဟာ အသက်ကြီးမှ သူ့အမေနဲ့ သူ့အဖေ လင်မယားကွဲမှာစိုးရိမ်လို့ အိမ်အကူ ခေါ်ပေးပေမဲ့ အိမ်အကူတွေကလဲ ကြောင်ဒဏ်ကို မခံနိုင်ပါဘူး ဒါကြောင့် အလုပ်ထွက်သွားကြပါတယ်။အခုဆိုရင်တော့ ကြောင်ချစ်တတ်တဲ့ ဇနီးဟာသူ့ကြောင်တွေ ဂေဟာ မပို့ရေး သူ့ယောက်ျားနှင့်ကွဲလိုက်ပါပြီ။

 

<<< Zawgyi >>>

 


---------------------------------------------------------------------------------------

 


 


 


 


 


 


 

Ref : The Newspaper 

Read times
Rate this item
(0 votes)
Tagged under