ပျော်ရွှင်စရာ Relationship တစ်ခုကို တည်ဆောက်ဖို့ လျှို့ဝှက်ချက်လေးများ

ပျော်ရွှင်စရာ Relationship တစ်ခုကို တည်ဆောက်ဖို့ လျှို့ဝှက်ချက်လေးများ Google

ချစ်သူရည်းစားတွေဆိုတာ ထုံးစံအတိုင်း ရန်ဖြစ်စကားများတတ်ကြပါတယ်။ ဒါက ကောင်းပါတယ်။ အမြဲတမ်းဆိုရင်တော့ မကောင်းဘူးလေ။ အဲ့တော့ ရန်မဖြစ်ပဲ ပျော်ဖို့ကောင်းအောင် လျှို့ဝှက်ချက်လေးတွေပြောပြမယ်။

 

              ပထမဆုံးအချက်အနေနဲ့ Weekends တွေမှာ ဘာတွေလုပ်မလဲ နှစ်ယောက်တိုင်ပင်ပါ။ ရုပ်ရှင်သွားကြည့်မလား၊ Hot Pot ပဲသွားစားမလား၊ ပန်းခြံသွားမလား၊ ဈေးဝယ်ပဲထွက်မလား၊ ကျန်းမာရေးနဲ့ ညီအောင် GYM ပဲ တူတူဆော့မလား စသဖြင့်ပေါ့။ ဒါဟာ နှစ်ယောက်ကြား တိုင်ပင်ဆွေးနွေးတတ်မှုကို တိုးတက်စေပါတယ်။ တိုင်ပင်ဆွေးနွေးတတ်မှုဟာ ယူပြီးတဲ့အထိ အရေးကြီးပါတယ်။

 

             နှစ်ယောက်သား တစ်နေ့တာကြုံတွေ့ခဲ့ရတာလေးတွေကို တစ်ယောက်နဲ့တစ်ယောက်ပြောပြပါ။ ဒါမှလဲ သူဘယ်လိုဖြစ်နေပါလား ဆိုပြီး ရှောင်သင့်တာရှောင်လို့ရတာပေါ့။ အလုပ်နဲ့ပတ်သတ်ပြီးလဲ တစ်ယောက်နဲ့တစ်ယောက် ပြောပြပါ။ ဒါမှလဲ တစ်ယောက်နဲ့တစ်ယောက် အထင်လွဲမှားမှုတွေကင်းဝေးပြီး အဆင်ပြေစေမှာပါ။ လုပ်ငန်းခွင်ထဲမှာက ယောကျာ်းလေးနဲ့ပဲဖြစ်ဖြစ် မိန်းကလေးနဲ့ပဲဖြစ်ဖြစ် တွဲလုပ်ရင်လုပ်ရမှာပဲလေ။ ကိုယ့်ချစ်သူကို ယုံကြည်ရင် အရာရာ အဆင်ပြေသွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ့ကိုမှမပြောပြတဲ့ ကိုယ့်ရဲ့တလွဲဖြစ်သွားပြီး ရယ်ရတဲ့ လျှို့ဝှက်ချက်လေးတွေကို ပြောပြပါ။ ဒါဟာ သင်တို့နှစ်ယောက်အကြား Relationship ကို တိုးတက်လာစေနိုင်ပါတယ်။

 

            တစ်ယောက်အိပ်မက်အကြောင်းကို တစ်ယောက်ကိုပြောပြပါ။ ငါကတော့ Game ဆိုင်လေးဖွင့်ချင်တယ်။ ငါကတော့ Fashion ဆိုင်လေးဖွင့်ချင်တယ် စသဖြင့်ပေါ့။ ဒါတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကို ပိုရင်းနှီးလာစေပါတယ်။ တစ်ယောက်သူငယ်ချင်းတွေနဲ့ တစ်ယောက်ကိုမိတ်ဆက်ပေးပါ။ ဒါဟာလဲ အရေးကြီးတဲ့အချက်ပါပဲ။ အရေးကြုံတဲ့အခါ အကူအညီလဲရ၊ ကိုယ့်ချစ်သူနဲ့ပတ်သတ်ပြီး မေးစရာရှိတာတွေမေးလို့ရတာပေါ့။

 

 

ဒီအချက်လေးတွေက သင်တို့ရဲ့ Relationship ကို ပျော်ရွှင်စရာကောင်းအောင်လုပ်ဆောင်ပေးမှာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့စုံတွဲတိုင်းကို အဆင်ပြေပြေပေါင်းဖက်ရစေချင်ပါတယ်နော်။

 

Source: ShweMon

Read times
Rate this item
(2 votes)