SOOYOUNG နဲ့ ချစ်သူဖြစ်တာ ရက်ပေါင်း(၃ဝဝဝ)ပြည့်ခါနီးပြီလို့ ဖွင့်ဟခဲ့တဲ့ CHUNG KYUNG-HO

SOOYOUNG နဲ့ ချစ်သူဖြစ်တာ ရက်ပေါင်း(၃ဝဝဝ)ပြည့်ခါနီးပြီလို့ ဖွင့်ဟခဲ့တဲ့ CHUNG KYUNG-HO

မင်းသားချော Chung Kyung-ho က သူ့ရဲ့ချစ်သူ Girl’s Generation အဖွဲ့ဝင် Sooyoung နဲ့အတူ ချစ်သူဖြစ်လာတဲ့ ရက်ပေါင်းအရေအတွက်ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

 

November 19 ရက်နေ့က Chung Kyung-ho ဟာ Youtube မှာ ဗီဒီယိုအသစ်တစ်ခု တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

No description available. 

 

ဒီဗီဒီယိုထဲမှာတော့ မင်းသားချော Chung Kyung-ho က သူ့ရဲ့ အချိန်အကြာကြီး ခင်မင်လာခဲ့တဲ့ သူငယ်ချင်း Ko Kyu-pil အတွက် ဒိတ်လုပ်ဖို့ ဝတ်စုံကောင်းကောင်းကို ရွေးချယ်နေခဲ့ကြတာ ဖြစ်ပါတယ်။ အဲလိုရွေးရင်း Ko Kyu-pil က ခုလိုမျိုး မေးမြန်းခဲ့တာပါ “ဒါနဲ့ စကားမစပ် မင်းရဲ့လာမယ့် anniversary ကို ဘယ်လိုလုပ်မှာလဲ” ဆိုပြီး Chung Kyung-ho ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

Chung Kyung-ho က ပြုံးလျက် “ငါတို့ စဒိတ်လုပ်တဲ့အချိန်က တော်တော်လေး ကြာခဲ့ပြီပဲ ငါတို့ မကြာခင်မှာပဲ ရက်ပေါင်း 3000 anniversary တောင်ပြည့်တော့မယ်” ဆိုပြီး ပြောလာခဲ့တာ ဖြစ်ပါတယ်။

 

No description available.

 

သူက ဆက်လက်ပြီး “ငါတို့ anniversary တွေ တော်တော်များများကို အတူတူဖြတ်သန်းခဲ့ကြတယ် ရက်တစ်ရာပြည့်တုန်းကလည်း ရက်တစ်ရာပြည့် anniversary ဒီတော့ အခုက သိပ်တော့ ကြီးကြီးမားမား မလုပ်ဖြစ်ကြတော့ပါဘူး ငါတို့တွေက ပုံမှန်အားဖြင့်တော့ ခရီးအတူသွားဖြစ်ကြမယ် ဒါမှမဟုတ် အရမ်းတွေ အလုပ်များနေတယ်ဆိုရင်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ပေါ့ပေါ့ပါးပါး ဒိတ်ဖြစ်ကြမယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်နော်။

 

Chung Kyung-ho နဲ့ Sooyoung တို့ဟာ 2012 မှာ စပြီးဒိတ်လုပ်ခဲ့ကြတာ ဖြစ်ပြီးတော့ 2014 January မှာတော့ ပရိတ်သတ်ကို တရားဝင်အသိပေးခဲ့ကြပါတယ်။

 

 

Source: celenow

 

Read times Last modified on Wednesday, 02 December 2020 13:42
Rate this item
(0 votes)
Tagged under