တန်ချိန်ငါးသိန်းခန့်ရှိသည့် ကျောက်စိမ်းတုံးကြီး ထွက်ပေါ်နေသည် ဆိုသည်မှာ ကောလဟလသာဖြစ်ပြီး သာမန်ကျောက်တုံးတစ်တုံးသာဖြစ်

တန်ချိန်ငါးသိန်းခန့်ရှိသည့် ကျောက်စိမ်းတုံးကြီး ထွက်ပေါ်နေသည် ဆိုသည်မှာ ကောလဟလသာဖြစ်ပြီး သာမန်ကျောက်တုံးတစ်တုံးသာဖြစ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း တန်ငါးသိန်းခန့်ရှိသည့် ကျောက်စိမ်းတုံးကြီး ထွက်ပေါ်နေသည် ဆိုသည့်သတင်းမှာ ကောလဟလသာဖြစ်ပြီး အဆိုပါကျောက်တုံးမှာ ကျောက်စိမ်းမျိုးနွယ်ဝင်မဟုတ်ဘဲ ယခင်ကတည်းက ရှိခဲ့သည့် သာမန်ကျောက်တုံး တစ်တုံးသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၁၂ ရက်က Thein Kyaw အမည်ရှိ အကောင့်ပိုင်ရှင်မှ မိုးကောင်းမြို့နယ်အတွင်း တန်ချိန်ပေါင်းငါးသိန်းရှိသည့် ကျောက်စိမ်းတုံးကြီး ထွက်ပေါ်နေကြောင်း ဗွီဒီယိုဖိုင်ဖြင့်

အွန်လိုင်းပေါ်တွင် ထုတ်လွှင့်ထားခဲ့ရာမှ ကောလဟလသတင်းများ ထွက်ပေါ်နေခဲ့ခြင်းကြောင့် ဇန်နဝါရီ ၁၅ ရက်က မိုးကောင်းမြို့မှ ခရီးစဉ်ဒေသသစ် ဖော်ဆောင်ရေးအဖွဲ့ We Love Mogaung မှ အဆိုပါကျောက်တုံးကြီး တည်ရှိရာနေရာသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

အဆိုပါ ကျောက်တုံးကြီးတည်ရှိရာနေရာမှာ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ၏ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ မီးတောင်(ဒေသအခေါ်)ပေါ်တွင် တည်ရှိပြီး ဒေသခံများ၏ အဆိုအရ ကျောက်စိမ်းမျိုးနွယ်ဝင်မဟုတ်ဘဲ ယခင်ထဲကတည်ရှိခဲ့သည့် ကျောက်မဏ္ဍာပ်ဟု ခေါ်ဆိုသည့်ကျောက်တုံးကြီးသာဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးတောင်ဒေသ၏ ထူးခြားချက်မှာ တောင်၏နေရာအနှံ့အပြားတွင် ဓာတ်ငွေ့များ ယိုစိမ့်ထွက်နေပြီး မီးတောက်လောင်မှုရှိကြောင်းနှင့် တောင်ကိုအမှီပြု၍ အလုပ်လုပ်ကိုင်နေသူများမှာ တောင်ပေါ်တွင် ဆေးလိပ်သောက်ခြင်း၊ မီးခြစ်သုံးစွဲခြင်းများ မပြုလုပ်ကြပဲ ဓာတ်ငွေ့များယိုစိမ့်ထွက်နေသည့် နေရာများကို ပိတ်ဆို့ပြီး အလုပ်လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

 

 

ဝင်းနိုင်(ကချင်မြေ)

Read times Last modified on Sunday, 17 January 2021 14:21
Rate this item
(1 Vote)