ငွေထည်ပစ္စည်းများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့လာနိုင်သည့် အနေအထားရှိ

ငွေထည်ပစ္စည်းများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက  ပြန်လည်ဦးမော့လာနိုင်သည့် အနေအထားရှိ

မြန်မာလက်မှု ငွေထည်ပစ္စည်းများကို ကမ္ဘာနှင့်ယှဉ်ပြီး လုပ်နိုင်သည့် 3D ပုံစံမျိုး ရုပ်လုံးရုပ်ကြွများ၊ ဇာတ်တော်ကြီးများ ထုလုပ်ရောင်းချလျက် ရှိပြီး ကမ္ဘာနှင့်ယှဉ်ကြည့်ပါက မြန်မာလက်ရာမှာ ကျော်ကြားကြောင်း၊ ထိုကျော်ကြားသည့် လက်ရာများကို ထိထိရောက်ရောက် ရောင်းဝယ် ဖောက်ကားနိုင်ပါက ငွေပန်းထိမ်လောက ပြန်လည်ဦးမော့လာနိုင်သည့် အနေအထားရှိကြောင်း မြန်မာ့လက်မှု ငွေထည်၊ ကြေးထည်အသင်း (ရွာထောင်)မှ သိရသည်။

 

မြန်မာလက်မှု ငွေထည်ပစ္စည်းများအနေဖြင့် ပင်ကိုအရပင်လျှင် ကုန်ကြမ်းတန်ဖိုးကြီးခြင်း၊ အချိန်ကာလကြာမြင့်စွာမှ သင်ယူ တတ်မြောက်လာသည့် လက်မှုပညာရှင်တို့၏ လုပ်အားခကြီးမြင့်ခြင်း စသည့်တို့ကြောင့်

ထုတ်ကုန်ပစ္စည်းမှာလည်း စျေးနှုန်းမြင့်မားလာပြီး အဓိကအားဖြင့် ပြည်ပစျေးကွက်ကို ဦးတည်ထုတ်လုပ်ရကြောင်း၊ ယခုအခါတွင် ပြည်ပသို့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲများ ကြုံတွေ့ရသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်

သတ်မှတ်ချက်လေးတစ်ခုထားကာ ကင်းလွတ်ခွင့် ပေးပြီး လွတ်လပ်စွာတင်ပို့ရောင်းချခွင့် ပေးစေလိုကြောင်း မြန်မာ့လက်မှု ငွေထည်ကြေးထည်အသင်း (ရွာထောင်) ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောသည်။

စစ်ကိုင်းမြို့ ရပ်ထောင်ရပ်ကွက်တွင် ငွေထည်ကြေးထည် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ အများအပြားရှိပြီး လုပ်ငန်းရှင်အနေဖြင့် ဦးရေ ၃၀ ခန့်ရှိကြောင်း နှင့် စစ်ကိုင်း -ရွှေဘို -မုံရွာ ကားလမ်းမကြီးဘေးတွင်

ဖွင့်လှစ်ရောင်းချနေသည့် ငွေထည် ကြေးထည်ဆိုင်ပေါင်း ၁၅ ဆိုင် ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

 

ခိုင်ဇေယျ(စစ်ကိုင်း)

Read times
Rate this item
(0 votes)