Bella Hadid ရဲ့ ရွှေအဆုပ်လည်ဆွဲ

Bella Hadid ရဲ့ ရွှေအဆုပ်လည်ဆွဲ

စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Bella Hadid က ပြင်သစ်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Cannes Film Festival 2021 မှာ အမြင်ဆန်းတဲ့ ရွှေလည်ဆွဲဖြင့် ကော်ဇောနီပေါ်မှာ ပွဲထွက်ခဲ့ပါတယ်။

“Tre Piani” (Three Floors' )ရုပ်ရှင်ကားကို ကြည့်ရှုဖို့ လာရောက်ခဲ့စဉ်မှာ အခုလို အမြင်ဆန်းတဲ့ ရွှေလည်ဆွဲ ဖက်ရှင်ကို ဆင်မြန်းထားပါတယ်။

ဝတ်ထားတဲ့ အဝတ်အစားက မည်းနက်တဲ့အဆင်း ရှိပြီး သိုးမွေးထည်ဖြစ်ပါတယ်။ Schiaparelli Haute Couture fall ’21 collection ထဲမှ ဖက်ရှင်ထည်တစ်ခု ဖြစ်ပါတယ်။

bellahadid5.jpg

Schiaparelli haute couture Fall/Winter 2021

 

 

လက်ရှည်ဖြစ်ပြီး လက်ဖျားက လက်ကောက်ဝတ်ကို ကျော်တဲ့အထိ ရှည်ပေးထားပါတယ်။ ရွှေလည်ဆွဲကို အသားအရေပေါ် တင်ပြီး ပြသနိုင်ဖို့ လည်ပင်းပေါက်ကို ဟိုက်ထားလိုက်တာ ရင်နှစ်မွှာရဲ့ အောက်အထိ ရောက်ပါတယ်။

ရင်နှစ်မွှာ အဖောင်းအကြွပေါ်မှာတော့ ရွှေအဆုပ်လည်ဆွဲ နေရာယူထားပါတယ်။

လေပြွန်မကြီးကနေ လေပြွန်ငယ်ကလေးတွေ လူ့အဆုပ်ထဲမှာ သစ်ခက်တွေလို ခက်ဖြာသွားတဲ့အတိုင်း ပုံဖော်ပေးထားတာ စိတ်ဝင်စားစရာ ပါပဲ။

 

bellahadid6.jpg

 

လေပြွန်ငယ်ကလေးတွေရဲ့ အဆုံးသတ်မှာ စိန်တုအပွင့်တွေ တပ်ဆင်ပြီး အဆုံးသတ်ပေးထားပါတယ်။ လည်ပင်းမှာ ဆွဲထားဖို့က အလေးချိန်ကို ခံနိုင်ရည် မရှိမှာ မပူရတဲ့ အရွယ်အစားကြီးကြီးဖြင့် ကွင်းဆက်ကြီးတွေနဲ့ လုပ်ပေးထားတယ်။

ရွှေအဆုပ်လည်ဆွဲက ဆွဲဆောင်အား ကောင်းလွန်းတာကြောင့် မြင်ရသူတို့ ရင်သပ်ရှုမော ဖြစ်ကြရတဲ့အပြင် နားမှာ တွဲလောင်းချထားတဲ့ နားကပ်တွေကိုတောင် သတိမမူမိအောင် ဖြစ်ကြရပါတယ်။

 

bellahadid2.jpg

 

bellahadid1.jpg

 

 

Read times
Rate this item
(0 votes)