လူဝီဗီတွန် ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှု Bravery High Jewelry Collection မှ La Flêche နဲ့ La Constellation d’Hercule

လူဝီဗီတွန် ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှု Bravery High Jewelry Collection မှ La Flêche နဲ့ La Constellation d’Hercule

လူဝီဗီတွန် ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှု Bravery High Jewelry Collection မှ La Flêche နဲ့ La Constellation d’Hercule တို့ကို တင်ပြပေးထားပါတယ်။ 

ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်တိုက် တည်ထောင်သူ လူတီဗီတွန် Louis Vuitton မွေးဖွားခဲ့တာ  နှစ်ပေါင်း ၂၀၀ သက်တမ်းပြည့်ခဲ့ပြီမို့ နှစ်ပေါင်း (၂၀၀) အထိမ်းအမှတ်အဖြစ် ဖက်ရှည်စုစည်းမှုတွေ ထုတ်လုပ်ခဲ့တာမှာ ရတနာတွေ စီခြယ်ထားတဲ့ လက်ဝတ်ရတနာ ဖက်ရှင်စုစည်းမှုလည်း ထည့်သွင်းထားတယ်။

အဲဒီလက်ဝတ်ရတနာ စုစည်းမှုတွေက လူဝီဗီတွန်ရဲ့ မယုံနိုင်စရာ ဘဝတစ်သက်တာကို ထင်ဟပ်ပြသထားတဲ့ ဒီဇိုင်းတွေကို သုံးစွဲထားတယ်။ 

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ တုန်းက နောင်တစ်ချိန်မှာ ကမ္ဘာထိပ်တန်း ဖက်ရှင်တိုက်ဖြစ်ပြီး ပြင်သစ်နိုင်ငံဂုဏ်ဆောင် အထက်တန်းစား ဖက်ရှင်တိုက် ထူထောင်သူ လူဝီဗီတွန်ကို မွေးဖွားခဲ့တယ်။ အခုလို နှစ်ပေါင်း ၂၀၀ ပြည့် အထိမ်းအမှတ်မဖြစ် ဖက်ရှင်တိုက်က ထူထောင်သူရဲ့ ဘဝဇာတ်ကြောင်းကို ဖော်ကျူးတဲ့ လက်ဝတ်ရတနာဖက်ရှင် စုစည်းမှုကို လူဝီဗီတွန် ဖက်ရှင်တိုက်ရဲ့ လက်ဝတ်လက်စားနှင့် နာရီများအတွက် တာဝန်ယူလုပ်ကိုင်နေတဲ့ Artistic Director ဖြစ်သူ ဖရန်ချက်စကာ( Francesca Amfitheatro )က ဖန်တီးပေးထားပါတယ်။ 

 

Francesca_Amfitheatrof.jpg

 

 ဖရန်ချက်စကာဟာ ကမ္ဘာ့ထိပ်တန်း Tiffany & Co မှာ  Design Director ရာထူးကို ရရှိတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Tiffany & Co က သူမကို ရွေးချယ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လူဝီဗီတွန်မှာ လက်ဝတ်လက်စားနှင့် နာရီများအတွက် Artistic Director ရာထူးတာဝန်ကို ၂၀၁၈ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပါတယ်။ 

ခုရေ ၉၀ ပါဝင်တဲ့ လက်ဝတ်ရတနာ စုစည်းမှုကို အသက် ၅၃ နှစ်ရှိပြီဖြစ်သူ ဖရန်ချက်စကာက ဗီတွန်ရဲ့ ဘဝဇာတ်ကြောင်း သမိုင်းကြောင်းကို ထင်ဟပ်ပြသတဲ့ လက်ဝတ်ရတနာတွေ ဖြစ်လာဖို့နဲ့ ကြံဆဖန်တီးတာမှာ တိကျမှန်ကန်စွာ ထင်ဟပ်ဖို့နဲ့ အနုလက်ရာမြောက်ဖို့ကို ဂရုတစိုက် လုပ်ကိုင်ခဲ့ပါတယ်။ 

 

လက်ဝတ်ရတနာ စုစည်းမှုကို ရဲရင့်ခြင်း Bravery (Bravery High Jewelry Collection)လို့ အမည်ပေးထားတယ်။ အပိုင်းအခြားအခန်း ၈ ခန်း ပါတယ်။

အခန်းတိုင်းက ဗီတွန်ရဲ့ ဘဝဇာတ်ကြောင်းကို ကာလဖြစ်စဉ် အစီအစဉ်အတိုင်း ဖော်ကျူးထားတယ်။ ဒီတော့ ရဲရင့်ခြင်း ရတနာစုစည်းမှုဟာ လူဝီဗီတွန်ရဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။

အဖိုးတန် ကျောက်မျက်တွေနဲ့ သတ္တုတွေဖြင့် စီကုံးထားတဲ့ အတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။ 

ရဲရင့်ခြင်း လက်ဝတ်ရတနာ စုစည်းမှုမျာ လည်ဆွဲတွေအပြင်၊ နားကပ်၊ ရင်ထိုး၊ လက်စွပ် စသဖြင့် ပါဝင်ပါတယ်။

လည်ဆွဲတွေက ဗီတွန်ရဲ့ ဘဝဇာတ်ကြောင်းမှာ ထူစိုက်ခဲ့တဲ့ မှတ်တိုင်တွေကို ဖော်ကျူးထားတဲ့ အခန်းတိုင်းအတွက် အချက်အချာလက်ရာ centerpiece ဖြစ်ပါတယ်။ 

ပထမအပိုင်းအခြားကို သူမွေးဖွားခဲ့တဲ့ ကြယ်နက္ခတ်စုဖြစ်တဲ့ ဟာကျူလီကြယ်နက္ခတ်စု La Constellation d’Hercule လို့ အမည်ပေးထားတယ်။

ဗီတွန် မွေးဖွားခဲ့တဲ့ ၁၈၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်မှာ ကောင်းကင်မှာ ရှိနေတဲ့  ဟာကျူလီကြယ်နက္ခတ်စုကို ရည်ညွှန်းပါတယ်။ 

 

La_Constellation_dHercule_2.jpg

မာမာတုပ်တုပ်လည်ဆွဲကို တင်ဇင်နိုက် (tanzanite)၊ စဗောရစ် (tsavorite)နဲ့ ဩစတေးလျ မဟူရာဖလား ဩပဲ (opal) တို့ဖြင် စီခြယ်ပေးထားတယ်။ ညကောင်းကင်မှာ မြင်ရတဲ့ ဟာကျူလီ ကြည်နက္ခတ်စုရဲ့ ကြယ်တွေကို ကိုယ်စားပြုပေးထားတယ်။ ဟာကျူလီဟာ ခွန်အားဗလ အလွန်ကြီးမားတဲ့သူဖြစ်လို့ လည်ဆွဲဒီဇိုင်းကိုလည်း တုပ်တုပ်ခိုင်ခိုင် လုပ်ပေးထားတယ်။ 

 

 

Louis_Vuitton_Bravery2.jpg

La Flêche လည်ဆွဲရဲ့ ဒီဇိုင်းကတော့ သူ့ဘဝ ပထမပိုင်းကို ထင်ဟပ်ဖို့ သုံးဆင့်လည်ဆွဲဒီဇိုင်းကို သုံးစွဲထားတယ်။ 

 

 မိခင် ကွယ်လွန်ပြီး နှစ်အနည်းငယ်အကြာ လူဝီ အသက် ၁၃ နှစ်မှာ အိမ်ကနေ ပါရီမြို့ဆီသို့ ခရီးထွက်လာခဲ့တယ်။ မိုင် ၂၅၀ ကွာဝေးတဲ့ခရီးကို သူသွားခဲ့တာ သုံးနှစ်ကြာမြင့်ခဲ့တယ်။ ပြင်သစ် အရှေ့ပိုင်းမှာ တည်ရှိတဲ့ တောအရပ်ဒေသ Jura ကနေ ပါရီသွားတဲ့ လမ်းခရီးမှာ သူက လက်မှုပညာတွေ သင်ယူခဲ့တယ်။ အဲဒီခရီးစဉ်ကို သုံးနှစ်ကို ကိုယ်စားပြုတဲ့ သုံးဆင့်လည်ဆွဲဖြင့် ထင်ဟပ်ထားတာကို  La Flêche လည်ဆွဲမှာ မြင်တွေ့ရတယ်။ ပလက်တီနမ်၊ ရွှေဝါနဲ့ ရွှေဖြူ သတ္တုသုံးမျိုး သုံးစွဲထားတယ်။ စိန်နဲ့မြ တွဲဖက်ထားတယ်။ မြအစိမ်းရောင်က ဗီတွန် နှင်ခဲ့တဲ့ခရီးတစ်လျှောက်မှာ ရှိနေတဲ့ တောအုပ်စိမ်းစိမ်းတွေကို ဆိုလိုပါတယ်။ 

“သူက လောကကို စူးစမ်းချင်တဲ့ဆန္ဒရဲ့ တိုက်တွန်းမှုဖြင့် အဲဒီခေတ်အခါက တော်ရုံတန်ရုံ ၁၃ နှစ်အရွယ်ယောက်ျားလေးတစ်ယောက် သွားဖို့ဆိုတာ စိတ်ကူးထဲတောင် မထည့်တဲ့ခရီးကို သူက ရဲရဲဝံ့ဝံ့ သွားခဲ့တယ်။ ပြင်သစ်တစ်လွှား ခရီးဆန့်ခဲ့တယ်။ အဲဒါကြောင့် အခု စုစည်းမှုကို ရဲရင့်ခြင်းလို့ အမည်ပေးခဲ့တာ ဖြစ်တယ်” လို့ ဖရန်ချက်စကာက ပြောပြတယ်။ 

 

 La Flêche ဟာ မြားလို့ အဓိပ္ပာယ်ရတယ်။ မြားက လေကိုခွင်းပြီး ပစ်မှတ်ဆီကို မဆုတ်မနစ် သွားတဲ့ခရီးလိုမျိုး ဗီတွန်က တော်အရပ်မှ မြို့ကြီး ပါရီဆီသို့ ဒုက္ခသုက္ခအမျိုးမျိုးကို ခွင်းပြီး သုံးနှစ်ကြာခရီးကို သွားခဲ့တယ်။ သူ့ရဲ့ စိတ်ပိုင်းဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို နဲ့ သူ့ရဲ့ စိတ်ဆန္ဒတွန်းအားတို့က မြားတစ်စင်းလို ခရီးနှင်နိုင်စေခဲ့ပါတယ်။ ခြေလျင်ခရီးဖြင့် သီတင်းပတ် ၂ ပတ်ခရီးကို သူက သုံးနှစ်သွားခဲ့ရတယ်။ လမ်းခရီးမှာ ကြုံရာကျပန်း အလုပ်အမျိုးမျိုး လုပ်ကိုင်ခဲ့ရင်း လက်မှုပညာကိုလည်း သင်ယူခဲ့တယ်။ နောက်ဆုံးမှာ ခရီးဆုံးပန်းတိုင်ဖြစ်တဲ့ ပါရီမြို့ကို သူရောက်ရှိခဲ့ပါတယ်။ 

Read times Last modified on Wednesday, 28 July 2021 12:03
Rate this item
(0 votes)