အလှမယ် ဇနီးကို ကျောခိုင်းဖို့ ဆုံးဖြတ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်

အလှမယ် ဇနီးကို ကျောခိုင်းဖို့ ဆုံးဖြတ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ လူကံုထံရပ်ကွက် မန်ဟက်တန်မှာ နေထိုင်တဲ့ ထင်ရှားသူ ကျောရိုးအထူးကု ခွဲစိတ်ဆရာဝန်က

တစ်ချိန်တုန်းက အမေရိကန်နိုင်ငံ အလှမယ် ဖြစ်ခဲဖူးတဲ့ သူ့ဇနီးကို ကွာရှင်းပြတ်စဲလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

အခုလို ကွာရှင်းချင်တဲ့ အဓိကအကြောင်းရင်းက ဇနီးဖြစ်သူဟာ သူ့ကွယ်ရာမှာ ကြေးကြီး အထက်တန်းစား ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေတာကြောင့် ဖြစ်ပါတယ်။
သူ့ရဲ့ စွပ်စွဲချက်ကို ကြားသိရတဲ့ အထက်တန်းလွှာမှ သူ့မိတ်ဆွေတွေ အံ့ဩတုန်လှုပ်မိကြပါတယ်။ 

MISS_USA.jpg

ကျောရိုးအထူးကု ခွဲစိတ်ဆရာဝန် Dr. Han Jo Kim နဲ့ Miss USA ဖြစ်ခဲ့သူ Regina Turner တို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်မှာ လက်ထပ်ခဲ့ကြပါတယ်။ အိမ်ထောင်သက် ငါးနှစ်ကျော် ပြီးချိန်မှာ ယခုလို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ထောင်မကျခင်ကတည်းက  အထက်တန်းလွှာ ကြေးစားမယ်အဖြစ် လုပ်ကိုင်ခဲ့ပြီး အိမ်ထောင်ကျပြီးတဲ့ နောက်မှာလည်း ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်လို့ စွပ်စွဲချက်မှာ ဖော်ပြထားတယ်။
ငွေသားဖြင့် ပေးသွင်းပြီး အမေရိကန်ဒေါ်လာ ၇ သိန်းနီးပါးအထိ ဘဏ်မှာ စုဆောင်းနိုင်ခဲ့တယ်။
အခုလို ဇနီးဖြစ်သူရဲ့ နောက်ကွယ်မှ အလုပ်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ အမှန်အတိုင်း စတင်သိရှိခဲ့ပါတယ်။
Regina Turner က Connecticut ပြည်နယ် ကိုယ်စားပြု Miss Connecticut အဖြစ် အမေရိကန် အလှမယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး Miss USA သရဖူကို ရရှိခဲ့သူ ဖြစ်ပါတယ်။
Dr Kim က သူတို့နေထိုင်တဲ့ ဒေါ်လာ သန်းချီတန်တဲ့ အိမ်မှာ ထားရှိတဲ့ ကွန်ပျူတာကို သုံးစွဲရာမှ ဇနီးဖြစ်သူ စာတိုပေးပို့ထားတာတွေကို မတော်တဆ တွေ့သွားခဲ့ရာမှ မီးခိုးကြွက်လျှောက် လိုက်ဖတ်ကြည့်ရာမှ အကြောင်းစုံ သိရှိသွားခဲ့တယ်။ တခြားအမျိုးသားတွေနဲ့ လိက်ဆက်ဆံမှုဆိုင်ရာ ညစ်တီးညစ်ပတ်တွေ အပြန်အလှန် စာတိုပေးပို့ ပြောဆိုထားကြတာတွေ သူဖတ်ရှုရပြီး အံ့ဩ တုန်လှုပ်သွားတယ်။
ထင်ရှားတဲ့ သူဌေးတွေ၊ စီးပွားရေးသမားတွေ၊ အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦး၊ ကြေးမြင့်တဲ့ မီးအလှဆင်ဒီဇိုင်နာ စတဲ့သူတွေ ပါဝင်ပတ်သက်ခဲ့တာ သူ သိခဲ့ရတယ်လို့ တရားရုံးကို တင်သွင်းတဲ့ စွပ်စွဲချက်မှာ ဖော်ပြထားတယ်။
အမျိုးသမီး သူငယ်ချင်းနဲ့အတူ အပြင်သွားတယ်လို့ သူ့ကို ပြောခဲ့ပေမဲ့ တကယ်တော့ ကြားခံဆက်သွယ် စီစဉ်ပေးသူ စေလွှတ်တဲ့ဆီကို သွားခဲ့တာတွေ ဖြစ်နေတယ်။ ငွေကြေးရယူပြီး လိင်ဝန်ဆောင်မှု ပေးခဲ့တယ်။

Turner က Kim ကို ပြောပြဖူးတာမှာ Miss USA Pageant ဝင်မပြိုင်ခင်တုန်းက University of Connecticut မှာ ၃ နှစ် ပညာဆည်းပူးခဲ့တယ်။ ပြီးမှ အလှမယ် ပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီး Miss USA ဖြစ်လာခဲ့တယ်။ တကယ်တော့ Turner က အထက်တန်းကျောင်း ပညာရေး မပြီးဆုံးခဲ့ဘူး။

Turner က အက်ပ်တစ်ခု လုပ်ကိုင်နေတယ်။ အဝတ်အစား တစ်ထည်ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး အက်ပ်ကို ပြလိုက်ရင် အဲဒီအဝတ်အစားကို ဘယအွန်လိုင်း အရောင်းဆိုင််မှာ ရနိုင်တယ်ဆိုတာကို အက်ပ်က ပြောပြပေးတယ်။ အဲဒီအက်ပ်ကို တရုတ်ပြည်မှ ပညာရှင်တွေနဲ့ လုပ်ကိုင်နေတာမို့ တရုတ်ပြည်ကို ခရီးထွက်တယ်လို့ အကြောင်းပြပြီး သီတင်းပတ်အနည်းငယ် ကြာသည်အထိ ခရီးထွက်တယ်။ တကယ်တော့ အခကြေးဖြင့် လိင်ဝန်ဆောက်မှု ပေးတဲ့ခရီးတွေ ထွက်နေတာသာ ဖြစ်တယ်လို့ Kim က စွပ်စွဲထားတယ်။
Turner ရဲ့ ဘဏ်စုငွေ စာရင်းကိုလည်း တရားရုံး အမိန့်စာအရ စစ်ဆေးကြည့်ရှုခွင့်ရခဲ့တယ်။
သူနဲ့ လက်ထပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှ ယခုနှစ် ၂၀၂၁ ခုနှစ်အတွင်း ငွေသားဖြင့် ပေးသွင်းကာ စုဆောင်းထားတဲ့ ငွေပမာဏက အမေရိကန် ဒေါ်လာ ၆၇၅,၀၃၀ ရှိ‌ခဲ့ကြောင်း သိရတယ်။
ချက်လက်မှတ်ဖြင့် ပေးသွင်းထားတာတွေလည်း တွေ့ရပြီး အ်မ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၂,၀၀၀ တန် ချက်လက်မှတ်ဖြင့် ကြိမ်ရေအတော်များများ ပေးခဲ့တယ်။ အားလုံးပေါင်း ဒေါ်လာ ၁၈၅,၅၀၀ ရှိတယ်။
မီးအလှဆင်ဒီဇိုင်နာ ပေးတဲ့ငွေ စုစုပေါင်းက ဒေါ်လာ ၁၁၆,၀၀၀ ရှိတယ်။ ‌ေြခာက်နှစ်တာ ကာလအတွင်း အကြိမ်ကြိမ် ပေးခဲ့တာ ဖြစ်ပါတယ်။ အခြားသူတွေကတော့ ဒေါ်လာ ၁၀,၀၀၀ ပေးထားတာတွေ များတယ်။
ကျောရိုးအထူးကု ခွဲစိတ်ဆရာဝန် Dr. Han Jo Kim ဟာ ဝင်ငွေ အလွန်မြင့်မားသူ ဖြစ်ပါတယ်။ ဆေးရုံမှာ ခွဲစိတ်အထူးကုအဖြစ် လုပ်ကိုင်တာအတွက် ဝင်ငွေ သောက်သောက်လဲ ရရှိနေသူ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ တစ်နှစ်တာ ဝင်ငွကေ အမေရိကန်ဒေါ်လာ ၃.၂ သန်း ရှိခဲ့ပါတယ်။ သူတို့လင်မယား လက်ရှိနေထိုင်လျက်ရှိတဲ့ အိမ်က ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၆ သန်းခွဲ ရှိပါတယ်။ Long Island မှာ နောက်ထပ် အိမ်ကြီးအိမ်ကောင်းတစ်လုံးကိုလည်း ပိုင်ဆိုင်ပါတယ်။ အဲဒီအိမ်က ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ ရှိပါတယ်။

Turner က ဝင်ငွေခွန် ကြေညာခဲ့တာမှာ မှီခိုသူ ဖြစ်ပြီး ဝင်ငွေသုည ဖြစ်ကြောင်း အခွန်ရုံးကို တင်ပြပါတယ်။

Read times Last modified on Thursday, 29 July 2021 09:19
Rate this item
(0 votes)