အဲလစ်ဇဘက်ဘုရင်မကြီး လက်ဆောင်ရထားတဲ့ လက်ဝတ်ရတနာများ

အဲလစ်ဇဘက်ဘုရင်မကြီး လက်ဆောင်ရထားတဲ့ လက်ဝတ်ရတနာများ

ပုဂ္ဂိုလ်ရေးအရ ခင်မင်တွယ်တာရသူတွေထံမှ လက်ဆောင်ရထားတဲ့ လက်ဝတ်ရတနာတွေ အင်္ဂလန်ရွှေနန်းတော်မှ

အဲလစ်ဇဘက်ဘုရင်မကြီးထံပါးမှာ ရှိနေပါတယ်။ အဲဒီ လက်ဝတ်ရတနာတွေ ဈေးမသေးဘူးဆိုတာတော့ ပြောဖို့လိုမယ် မထင်ဘူး။ တချို့ လက်ဝတ်ရတနာတွေက ဈေးကြီးလွန်းလို့ တော်ရုံတန်ရုံ ပွဲမျိုးမှာတောင် ဆင်မြန်းဖို့ မထိုက်တန်ဘူး။ တချို့လက်ဝတ်ရတနာတွေက လူထုရှေ့မှောက် ဝတ်လေ့ဝတ်ထ မရှိလို့ ရှိမှန်းတောင်မသိရဘူး။ တချို့လက်ဝတ်ရတနာတွေကတော့ တစ်ခါစ နှစ်ခါစ လောက်သာ ဝတ်ဆင်တာမို့ မြင်ရခဲတယ်။

01_a_crown.jpg

 

ပွဲလမ်းအခမ်းအနားတွင် အလှ ဆင်မြန်းသည့် ရတနာသရဖူ ဦးဆောက်ပန်း။
အဲဒီ ရတနာ သရဖူးက ဘုရင်မကြီးရဲ့ အဖွား ဆောင်းခဲ့တဲ့ သရဖူကို လက်ဆောင် ရထားတာ ဖြစ်ပါတယ်။


အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ အဖွားဖြစ်သူ ဘုရင်မ မယ်ရီ နန်းမတက်ရခင် တစ်နည်းပြောရရင် ဘုရင်မဖြစ်ခင်တုန်းက အိုင်ယာလန်မှ အမျိုးသမီးတစ်သိုက်က ၁၈၉၃ ခုနှစ်မှာ လက်ဆောင်အဖြစ် ဆက်သခဲ့တဲ့ သရဖူ ဖြစ်ပါတယ်။
မူရင်းမူလ ဦးဆောက်ပန်း သရဖူမှာ ကြီးမားတဲ့ ပုလဲတစ်လုံးပါတယ်။ ဘုရင်မ မာရီက မနှစ်သက်လို့ ပုလဲလုံးကြီးက သရဖူမှ ဖြုတ်ခိုင်းခဲ့တယ်။ ယခုအခါ မြင်တွေ့ရတဲ့ Cambridge Lovers’ Knot စတိုင်ဖြစ်အောင် ပြုပြင်မွမ်းမံစေခဲ့တယ်။
အဲဒီ သရဖူကို အဲလစ်ဇဘက်ရဲ့ မိခင်က အမွေရတယ်။ သမီးဖြစ်သူ အဲလစ်ဇဘက် အိမ်ထောင်ပြုတော့ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဆောင်ပေးအပ်ခဲ့တယ်။ အဲဒီ သရဖူက အဲလစ်ဇဘက် ဘုရင်မကြီး ကြိုက်နှစ်သက်လို့ စုဆောင်းထားတဲ့ လက်ဝတ်ရတနာ စာရင်းထဲမှာ ပါတယ်။

အဖွားသုံးခဲ့တဲ့ လက်ဝတ်ရတနာတွေ ရရှိခဲ့တာမှာ ရင်ထိုးတစ်ခုလည်း ပါတယ်။ Cullinan III and IV ရင်ထိုးလို့ အမည်တွင်တယ်။

 

02_cullinan_brooch.jpg

Joseph Asscher and Co ရဲ့ ပန်းတိမ်လက်ရာ ဖြစ်ပါတယ်။ ပုလဲပုံ စိန်ပွင့်ကြီး တစ်ပွင့်ဖြင့် ပြုလုပ်ထားတယ်။ ၉၄ ဒသမ ၄ မက်ထရစ်ကာရက် ရှိတယ်။ သူ့အပေါ်မှာ ကူရှင်ထိုင်ဖုံပုံ စိန်ပွင့်က ၆၃ ဒသမ ၆ ကာရက် ရှိတယ်။ ၁၉၁၁ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လက်ရာမွန် ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ်မှာ အဖွား နတ်ရွာစံတော့ အမွေအဖြစ် အဲလစ်ဇဘက် လက်ထဲ တိုက်ရိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူက ဖွားဖွား “Granny’s chips” လို့ အမြတ်တနိုးဖြင့် အမည်ပေးထားပါတယ်။

လည်တိုင်မှာ ဆွဲထားရင် အမြင်တင့်တယ်လွန်းတဲ့ သုံးကွင်းထပ် ပုလဲလည်ဆွဲကတော့ ဖခင်ဖြစ်သူထံမှ လက်ဆောင် ရရှိခဲ့တာ ဖြစ်ပါတယ်။

 

o4_pearl_necklace.jpg


အဲဒီ ကွင်းသုံးထပ်ကွမ်း ပုလဲလည်ဆွဲရတနာကို ဘုရင်မကြီး အဲလစ်ဇဘက်က ပုံမှန်အားဖြင့် ဆင်မြန်းပြီး လူထုရှေ့မှောက်ကို ထွက်လေ့ထွက်ထ ရှိပါတယ်။ ဘုရင်မကြီးနဲ့ အဲဒီပုလဲပုတီးက တွဲလုံးလိုတောင် ဖြစ်နေတယ်တဲ့အထိပါပဲ။။
ဖခင်ဖြစ်သူ ဆဌမမြောက် ဂျော့ဘုရင်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ မင်းသားကြီး ဖိလစ်နဲ့ သူမင်္ဂလာဆောင်တော့ မင်္ဂလာလက်ဖွဲ့အဖြစ် ဖခင်က လက်ဆောင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)