တူရကီ ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ

တူရကီ  ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ

တူရကီ  ဥဇဘက်ကစ္စတန် တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုများတွင် ဥဇဘက်ကစ္စတန် နှင့် တူရကီတို့၏ ဗဟိုဘဏ်များသည်  ဦးဆောင်နေဆဲ ဖြစ်သည်။ 

.

 

အကြီးတန်း ဥရောပနှင့် အရှေ့အလယ်ပိုင်း ဈေးကွက် လေ့လာဆန်းစစ်သူ Krishan Gopaul က  ဥဇဘက်ကစ္စတန်သည် အောက်တိုဘာလတွင် ရွှေ ၈.၇ တန်ကို ဝယ်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရကြောင်း၊ ထိုပမာဏဖြင့် လစဉ် ဝယ်ယူနေသည်မှာ ၅ လ ဆက်တိုက်ရှိပြီဖြစ်ကြောင်း ပြောကြားသည်။ 

"ယခုနှစ်မှာ ရွှေဝယ်ယူတဲ့ ပမာဏ ၃၇ တန် ရှိသွားပါပြီ။ စုစုပေါင်း အရန်ရွှေ ထားရှိတဲ့ပမာဏက ၃၉၉ တန် ရှိနေပါပြီ" ဟု သူက ပြောသည်။ 

.

တူရကီဗဟိုဘဏ်က ရွှေ ၉ တန်ကို အောက်တိုဘာလတွင် ဝယ်ယူခဲ့သည်။ "ယခုနှစ်မှာ ရွှေဝယ်ယူတဲ့ ပမာဏ ၁၉၃ တန် ရှိသွားပါပြီ။ တရားဝင် ထုတ်ပြန်ချက်အရ အရန်ရွှေ စုစုပေါင်း ၄၉၈ တန် ရှိပါတယ်" ဟု သူက ပြောသည်။ 

.

ဗဟိုဘဏ်များသည် ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ ရွှေတန်ချိန် ၄၀၀ နီးပါး စံချိန်တင် ဝယ်ယူခဲ့ကြကြောင်း ကမ္ဘာ့ရွှေကောင်စီ World Gold Council WGC က ထုတ်ပြန်ကြေညာသည်။ 

.

တရားဝင် အသိပေးခြင်း မရှိသော ဝယ်ယူမှုများလည်း ရှိနေသည်ဟု WGC  က ပြောကြားသည်။ လူသိမခံဘဲ ဝယ်ယူသူများတွင် တရုတ်နိုင်ငံ ပါဝင်သည်။ 

WGC  ဂျပန်ဒါရိုက်တာဟောင်း ဈေးကွက်ဆန်းစစ်သူ  Itsuo Toshima က "တရုတ် ဝယ်တဲ့ ရွှေတွေက ရုရှားထံမှ ဝယ်နေတာ ဖြစ်ဖို့ များတယ်" ဟု ပြောကြားသည်။ 

.

တရုတ်ဗဟိုဘဏ် ဖြစ်သည့် People's Bank of China သည် ၂၀၀၉ မှ ၂၀၁၅ အထိ ရွှေဝယ်ယူကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ချေ။ ထို့နောက် အရန်ရွှေ တန် ၆၀၀ ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု Toshima  က ပြောကြားသည်။ 

၂၀၁၉ မှ စ၍ ရွှေဝယ်ယူကြောင်း တရုတ် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသေးချေ။

Source kitco.com

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 26 November 2022 08:54
Rate this item
(0 votes)