နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ

နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ

နိုဝင်ဘာတွင် တရုတ်နိုင်ငံ ရွှေ ၃၂ တန် ဝယ်ယူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံသည် နိုဝင်ဘာလတွင် ရွှေ ၃၂ တန်ကို ဝယ်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အရန်ရွှေ တိုးလာခဲ့ခြင်းဖြစ်သည်။

.

တရုတ်ဗဟိုဘဏ်က ရွှေများ ဝယ်ယူနေကြောင်း ဆန်းစစ်လေ့လာသူတို့က ပြောကြားခဲ့ကြသည်မှာ အချိန်ကြာချိန်တွင် ရွှေများဝယ်ယူထားကြောင်း တရုတ်ဗဟိုဘဏ်က အတည်ပြုပြောကြားခဲ့သည်။


တရုတ် ရွှေအဝယ် ဆက်လက်များနေဆဲ

t.ly/2Cn6


 

ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၇) အစောပိုင်းတွင် တရုတ်ဗဟိုဘဏ် People's Bank of China က ရွှေ ၃၂ တန်ကို နိုဝင်ဘာလတွင် ဝယ်ယူခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

 .

အဆိုပါ ကြေညာချက်အရ ဗဟိုဘဏ်သည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၀ ဝန်းကျင်ဖြင့် ရွှေများကို ဝယ်ယူခဲ့ပါသည်။

.

ကမ္ဘာ့ရွှေကောင်စီ World Gold Council - WGC မှ အကြီးတန်း ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှဈေးကွက် လေ့လာဆန်းစစ်သူ Kristan Gopaul က လူမှုကွန်ရက်ပလက်ဖောင်း တွစ်တာတွင် မှတ်ချက်ပြုခဲ့ရာ၌ တရုတ်ဗဟိုဘဏ်သည် ၎င်း၏ရွှေအရန်ငွေများ၏ ပမာဏ အပြောင်းအလဲ ကြေညာသည်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကြေညာခြင်းဖြစ်သည်။

ယခုအခါ တရုတ်ဗဟိုဘဏ် အရန်ရွှေ တန်ချိန် ၁,၉၈၀ ရှိပြီဟု Kristan Gopaul က တင်ပြထားပါသည်။

ဗဟိုဘဏ်များသည် တတိယသုံးလပတ်တွင် ရွှေတန်ချိန် ၄၀၀ ဝယ်ယူခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီက ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ ၃ လပတ် တစ်ခုအတွင်း ဗဟိုဘဏ်များ ရွှေဝယ်ယူမှု အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ရွှေကောင်စီက မှတ်ချက်ပြုပါသည်။ ထိုသို့ ဝယ်ယူခဲ့ရာတွင် ရွှေအများအပြားကို အမည်မဖော်ဘဲ ဝယ်ယူခဲ့ကြောင်း WGC မှ မှတ်ချက်ပြုခဲ့သည်။

World Gold Council မှ ကမ္ဘာလုံးဆိုင်ရာ သုတေသန အကြီးအကဲ Juan Carlos Artigas က တရုတ်ဗဟိုဘဏ်သည် ယခင်က ရွှေများ ဝယ်ယူနေကျ ဖြစ်သည့်အတိုင်း ယခုလည်း ဝယ်ယူခြင်းသာ ဖြစ်ကြောင်း ပြောကြားပါသည်။

"ဒါဟာ တရုတ်နိုင်ငံအတွက် လုပ်ရိုးလုပ်စဉ် တစ်ခုပါပဲ။ ဗဟိုဘဏ်က သူတို့ရဲ့ အရန်ငွေတွေကို ငွေကြေးအပြင် ရွှေဖြင့်လည်း ထားရှိတာကို ဆက်လက်အသုံးပြုနေပါတယ်။ "ဒါက တရုတ်အတွက် ထူးထူးခြားခြား လုပ်ဆောင်ချက်လို့ မထင်ပါဘူး"ဟု ၎င်းက ပြောကြားသည်။

Source Kitconews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 08 December 2022 16:13
Rate this item
(0 votes)