အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM”

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM”

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM”

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရွှေဒင်္ဂါးပြား ဝယ်လို့ရတဲ့ ATM ကို အန္ဒိယနိုင်ငံ ဟိုင်ဒရာဘက်မြို့ကြီးမှာ စနေနေ့(ဒီဇင်ဘာ ၃)မှာ စတင်လိုက်ပါတယ်။


ဝယ်ယူလိုသူက debit card သို့မဟုတ် credit card ကို အသုံးပြုပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။
အပြင်ပန်းကုိ မြင်ရသည်မှာ ပုံမှန် ATM ငွေပေးစက်နှင့်တူပါတယ်။ အကယ်စင်စစ် အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး “gold ATM” ဖြစ်ပါတယ်။

ရွှေကို စိတ်ချရတဲ့ စုဆောင်းမှု၊ စိတ်အေးရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူမှု များပြားတဲ့ အိန္ဒိယနိုင်ငံမှာ ရွှေဒင်္ဂါပြားများ အလွယ်တကူ ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ 
ရွှေဒင်္ဂါးပြား အလေးချိန် ၀.၅ ဂရမ်မှ ၁၀၀ ဂရမ်အထိ အစားစား ဝယ်ယူနိုင်ပါတယ်။ 


အများဆုံးဖြစ်တဲ့ ၁၀၀ ဂရမ် ရွှေဒင်္ဂါးပြား ဈေးနှုန်းက ကန်ဒေါ်လာ ၇,၀၀၀ ဝန်းကျင် ဖြစ်ပါတယ်။ 
GoldSikka လုပ်ငန်းမှ စီစဉ်ဆောင်ရွက်တဲ့ ရွှေအေတီအမ် ဖြစ်ပါတယ်။ ရွှေအလေးချိန် စုစုပေါင်း ၅ ကီလိုဂရမ်အထိ စက်ထဲမှာ စနစ်တကျ သိမ်းဆည်းပေးထားနိုင်ပါတယ်။ 

အန္ဒိယနိုင်ငံဟာ ရွှေဝယ်ယူမှု ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတွင်း ရွှေဝယ်လိုအားရဲ့ သုံးပုံနှစ်ပုံက ကျေးလက်ဒေသမှ ဖြစ်ပါတယ်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Source Reuters 

 
Read times Last modified on Friday, 09 December 2022 09:06
Rate this item
(0 votes)