ရွှေလီကျောက်စိမ်းဈေးကြီး အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့် ရောင်းချခြင်းဖြင့် အသက်ပြန်သွင်း

ရွှေလီကျောက်စိမ်းဈေးကြီး အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့် ရောင်းချခြင်းဖြင့် အသက်ပြန်သွင်း

ရွှေလီကျောက်စိမ်းဈေးကြီး အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့် ရောင်းချခြင်းဖြင့် အသက်ပြန်သွင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ ရွှေလီရှိ ကျောက်စိမ်းဈေးကြီးသည် ကျောက်စိမ်း ရောင်းဝယ်ရေး အဓိက အချက်အချာကျသော နေရာတစ်ခု ဖြစ်သည်။
၁၉ လကြာ ဒေသတွင်း လော့‌ေဒါင်းချခြင်းများ ပြီးဆုံးပြီးနောက် တိုက်ရိုက်ထုတ်လွှင့် livestream ရောင်းချသူများ ပြန်လည်ရောက်ရှိလာပြီးနောက် အခြေအနေ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ရွှေလီရှိ Jiegao နယ်စပ်ကုန်သွယ်ရေးဇုန်သည် ပြီးခဲ့သောလတွင် လော့‌ဒေါင်းချ ပိတ်ဆို့မှုကို အဆုံးသတ်ခဲ့ပြီး လူအများတို့ ပြန်လာနိုင်ခဲ့ကြသည်။
Jiegao ကျောက်စိမ်းဈေးကြီးသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်းလက်ကားဈေးကြီးတစ်ခု ဖြစ်သည်။

ကျောက်မျက်ရတနာ ကုန်သည်များ၏ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်‌ေသာ ကုန်သည်ဦးရေ  ၈၀,၀၀၀ ခန့်သည် ဖေဖော်ဝါရီလအစောပိုင်းတွင် ပြန်လည်ရောက်ရှိလာခဲ့ကြသည်ဟု ရွှေလီ စက်မှုလုပ်ငန်းနှင့် ဇီဝနည်းပညာဗျူရို၏လက်ထောက်ညွှန်ကြားရေးမှူး Zuo Yunpeng ကပြောသည်။ "ဒီလ(မတ်လ)ထဲမှာ နောက်ထပ်ပြန်လာမယ့်သူတွေ ရှိမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက ပြောကြားသည် 

ပြန်လည်ရောက်ရှိလာကြသူ ၃၀,၀၀၀ နီးပါးသည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ကျောက်စိမ်း အရောင်းအဝယ် စီးပွားရေး လုပ်နေကြသည်။
အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် ရောင်းချကြရသည်မှာ လူကိုယ်တိုင် လာဝယ်သူဦးရေသည် ကပ်ရောဂါမဖြစ်မီကထက် များစွာနည်းပါးနေသေးသောကြောင့်ဖြစ်သည်။ ယခုအခါ အွန်လိုင်းမှာ လာရောက်ကြည့်ရှု ဝယ်ယူကြသည့်သူများ ပုံမှန်အတိုင်း ပြန်များလာပြီ ဖြစ်သည်။

'ကျောက်စိမ်းမြို့' သည် တရုတ်နှင့် မြန်မာကြား အကြီးမားဆုံး ကုန်သွယ်ရေးလမ်းဆုံဖြစ်ပြီး နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး၏ ၂၅ ရာခိုင်နှုန်းအထိ ရှိသည်။ ကျောက်စိမ်းလုပ်ငန်းသည် ဒေသခံ စီးပွားရေး၏ အရေးကြီးသော မဏ္ဍိုင်တစ်ခုဖြစ်သည်။

အင်တာနက်အသုံးပြုခြင်းသည် ရွှေလီ ၏ ဝေးလံခေါင်သီသော တည်နေရာကို ဝယ်လက်များနှင့် နီးသွားအောင် ဖန်တီးပေးသည်ဟု ရွှေလီ ကျောက်မျက်နှင့် ကျောက်စိမ်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး Kuang Shan က Yicai Global မီဒီယာသို့ ပြောကြားသည်။

 ကုန်သည်များသည် ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်သည့် e-sales ကဏ္ဍကို တိုးတက်အောင် အကောင်အထည် ဖော်ဆောင်ရာတွင် အလွန်တက်ကြွကြသည်ဟု Kuang က မှတ်ချက်ပြုသည်။

၂၀၁၈ ခုနှစ်တွင် Taobao Live ကို အသုံးပြု၍ Jiegao Jade Market Live Base ကို ထူထောင်ခဲ့ကြသည်။ လစဉ် ရောင်းအား အများဆုံး ယွမ် သန်း ၅၀၀ (ကန်ဒေါ်လာ ၇၂ သန်း) အထိ ရှိသည်။

ဈေးကြီးမှ ဦးရေ ထောင်ဂဏန်းရှိသည့် အရောင်းသမားများ၏ ၈၀% နီးပါးသည် e-commerce လုပ်ကိုင်လျက်ရှိသည်။ သုံးပုံတစ်ပုံဝန်းကျင်သည် တိုက်ရိုက်ထုတ်လွှင့် ရောင်းချသည့် အစီအစဉ် ရှိထားကြသည်ဟု Jiegao Jade Market Live Base မှ မန်နေဂျာ Si Guangyang က ပြောကြားသည်။
တိုက်ရိုက်ထုတ်လွှင့် ရောင်းချခြင်း ပုံမှန်ကျင်းပသူများတွင် ၅၀ မှ ၆၀ ရာခိုင်နှုန်းအထိသည် ယခုအခါ အလုပ်ပြန်စနေကြပြီ ဖြစ်ကြောင်း Si က ပြောကြားသည်။

ယခုနှစ် ရည်မှန်းချက်မှာ ကပ်ရောဂါအကြိုအဆင့် ရောင်းအား၏ ၉၀ ရာခိုင်နှုန်းကျော်အထိ အွန်လိုင်းရောင်းချမှုကို ပြန်လည်ရရှိရန် ဖြစ်သည်ဟု ကျောက်စိမ်းဈေးကြီးမှ ကုန်သည် Li Yuechao က ပြောကြားသည်။

Source Yicai Global
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 14 March 2023 19:43
Rate this item
(0 votes)