အိန္ဒိယ ‌မှောင်ခိုရွှေ ၈၃၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံးပါဝင်

အိန္ဒိယ ‌မှောင်ခိုရွှေ ၈၃၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံးပါဝင်

အိန္ဒိယ ‌မှောင်ခိုရွှေ ၈၃၃ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံးပါဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အိန္ဒိယနိုင်ငံသည် ၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ရူပီး ၄၀၅ ကုဋေ တန်ကြေးရှိ မှောင်င်ခိုရွှေ ၈၃၃ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာမှ လာသည့်ရွှေ အများဆုံး ပါဝင်နေပါသည်။

.

၂၀၁၉-၂၀ တွင်  မှောင်င်ခိုရွှေ အများစုသည် အနောက်အာရှမှ ဖြစ်ခဲ့ရာမှ ၂၀၂၀-၂၁ တွင် မြန်မာမှ အများဆုံး ဖြစ်လာပါသည်။

.

၂ဝ၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် သိမ်းဆည်းရမိသည့် ရွှေစုစုပေါင်း၏ တန်ဖိုး ရူပီး ၁,၁၉၉ ဒသမ ၄ ကုဋေ ရှိခဲ့ပြီး  ၆၉ ရာခိုင်နှုန်းသည် တန်ဖိုးရှိ မြန်မာနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည်။

“Smuggling in India 2021-22" အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ဘဏ္ဍာရေးနှစ် ၂၀၂၂ တွင် ဖမ်းဆီးရမိသည့် ရွှေစုစုပေါင်း၏ ၃၇%သည် မြန်မာနိုင်ငံမှ ဖြစ်ပြီး ၂၀% သည် အနောက်အာရှမှ ဖြစ်သည်။ 

မဏိပူရနှင့် မြန်မာ နယ်စပ်သည်  မြန်မာနိုင်ငံမှ ရွှေများ ရောက်ရှိလာသည့် အဓိကနေရာဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓိကကျသည့် လမ်းကြောင်းနှစ်ခု ရှိသည်။ တစ်ခုမှာ မူဆယ်-မန္တလေး-ကလေးဝ-တီးတိန်- ဇိုခေါ်သာရ် ဖြစ်သည်။ ယင်းလမ်းကြောင်းသည် အန္ဒိယနိုင်ငံ မီဇိုရမ်နှင့် အချိတ်အဆက်ရှိသည်။

ကျန်တစ်ခုမှာ မူဆယ်-မန္တလေး-ကလေးဝ- တမူး- နမ်ဖာလုံ-မိုးရေး ဖြစ်သည်။ ယင်းလမ်းကြောင်းသည် အိန္ဒိယမှ မဏိပူရနှင့် အချိတ်အဆက်ရှိသည်။

သိမ်းဆည်းရမိသည့် ရွှေများတွင် ၂၁ ဒသမ ၃၇ ရာခိုင်နှုန်းသည် မော်တော်ယာဉ်ထဲ ဝှက်သယ်လာသည့် ရွှေများဖြစ်သည်။ 

 

ရွှေဝယ်လိုအား ကြီးမားခြင်းနှင့် သွင်းကုန်ခွန် မြင့်မားခြင်းတို့သည် အိန္ဒိယတွင် ရွှေမှောင်ခိုမှု၏ အဓိက အကြောင်းရင်းများ ဖြစ်သည်။

ရွှေ၏ တန်ဖိုးတည်ငြိမ်မှုနှင့် ငွေဖြစ်လွယ်မှုမြင့်မားမှုသည် အခြားအကြောင်းရင်းများဖြစ်သည်။

.

အိန္ဒိယသည် ကမ္ဘာ့ရွှေတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ရွှေလက်ဝတ်ရတနာအများဆုံး တင်ပို့သည့်နိုင်ငံလည်း ဖြစ်သည်။

.

ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) အရ အိန္ဒိယအိမ်ထောင်စုများတွင် စုဆောင်းထားသည်မှာ ရွှေတန်ချိန် ၂၅,၀၀၀ အထိ ရှိနိုင်သည်။

Source business standard 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Sunday, 25 December 2022 12:07
Rate this item
(0 votes)